စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အလုံ) ကျောင်းအုပ်ချုပ်မှုတာဝန်ခံ၊ ဆရာ/ဆရာမများ တွေ့ဆုံခြင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှုများအာ
မုံရွာ စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူ များလိုက်ပါလျက် စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း (အလုံ)သို့ရောက်ရှိရာ ကျောင်းအုပ်ကြီး ရုံးခန်းတွင် ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ၊ ဆရာ/ဆရာမများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိနှင့် ဆရာ/ဆရာမများက ကျောင်း၏ သင်ကြားရေး လုပ်ငန်းများနှင့် ကျောင်းဆောင်အဆောက်အဦများ၏ ကြံ့ခိုင်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ပညာရေးမှူးမှ လိုအပ်သည်များကို ဖြည့်စွက်င်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံပညာကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းအဆောက်အဦများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ သွားလာနေထိုင်မှုနှင့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်း သာယာစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိစေတို့အတွက် မိမိတို့အနေဖြင့် တာဝန်ရှိသူ များနှင့်ပေါင်းစပ်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆရာ၊ဆရာမများအနေဖြင့် လည်း မိမိကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းသပ်ရပ်စေရေးတို့အား အမြဲဆောင်ရွက်သွားကြရန် မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ တက်ရောက်နေကြသော ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြား နေမှုများအား လိုက်လံကြည့်ရှု အားပေးပြီး သင်ကြားရေးလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဝန်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် စိုက်ပျိုးထားသော စားဖိုဆောင်သီးနှံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုများနှင့် စိုက်ပျိုးရေး သုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှု အားလိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြးရေး အထက်တန်းကျောင်း အလျား -၁၁၄ ပေ၊ အနံ - ၃၂ ပေ၊ ၂ ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ သက်မှတ်စံချိန်စံညွှန်းများနှင်အညီ အမြန်တည်ဆောက်ပြီးစီးရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (အလုံ)တွင် Grade-12 ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာယာစွာဖြင့် ပညာသင်ကြားနေမှု များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။