စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ချင်းတွင်းမြစ်ကမ်းတစ်လျှောက် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် အနောက်ဘက်ကန်သာယာကန် သန့်ရှင်းသာယာ လှပရေး အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ သြဂုတ် ၁၉
ချင်းတွင်းမြစ်ကမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် မြို့နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတို့အား ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ်၍ သြဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ကွေ့ကြီးရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်း တစ်လျှောက်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့် လူမူရေးအသင်းအဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက် ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၇ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၆၀၀ ဦး ကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အနောက်ဘက် ကန်သာယာ ကန်ပတ်လမ်းအရှည် - ၅၅၀၀ ပေ၊ အကျယ် - ၁၈ ပေ နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ကျောက်စီ မြေထိန်းနံရံ လုပ်ငန်းများဆောင်ရွက်နေမှု၊ စတီးလက်ရန်းများ တပ်ဆင်သွားမည့်လုပ်ငန်းများ နှင့် ကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင် ရွက်နေမှုလုပ်ငန်းအခြေအနေ များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်း မွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ မြို့နေပြည်သူများအားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများဖြေဖျောက်စေနိုင်ရန် ကန်ပတ်ဝန်းကျင် အားသန့်ရှင်းသာယာလှပရေး၊ ကန်အတွင်းရှိကျွန်းများပေါ်တွင် ကစားကွင်းနှင့်ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဆောင်ရွက်နိုင်မည့်နေရာများ ထည့်သွင်းတည်ဆောက်ရေး၊ ကန်ပတ်ဝန်းကျင် အား အမြဲစိမ်းလန်းစိုပြည်ရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်ပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အနောက်ဘက် ကန်သာယာကန်ပတ်လမ်းအား ကျောက်ရိုးစီခြင်းလုပ်ငန်းများဆောင်ရွက်နေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။