စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုစွမ်းရည်မြင့်အမှတ်စဉ်(၃)ဆင်းပွဲ၊ အမှတ်စဉ်(၄)နှင့်မြန်မာ့လူမှုရေး နှင့် စာပေယဉ်ကျေးမှုစွမ်းရည်မြှင့်သင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ဇေယျာပဒေသာဖောင်ဒေးရှင်းမှ ကြီးမှူးပြီး ပညာအလင်းခေတ်မီစာကြည့်တိုက် ကြီးကြပ်ရေးကော်မတီနှင့် ရှေးဟောင်းမြန်မာစာပေးရေးရာဌာနကြီးကြပ်ရေးကော်မတီတို့ပူးပေါင်းပြီး အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်အတွက် (၃)လကြာဖွင့်လှစ်သင်ကြား လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုစွမ်းရည်မြင့် အမှတ်စဉ်(၃)သင်တန်းဆင်းပွဲ၊ သင်တန်း အမှတ်စဉ်(၄)နှင့်မြန်မာ့လူမှုရေး နှင့်စာပေယဉ်ကျေးမှုစွမ်းရည်မြှင့်သင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲကို ဩဂုတ်လ (၃၁)ရက် နေ့နံနက် (၉)နာရီက မုံရွာမြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ ဇေယျာပဒေသာဖောင်ဒေးရှင်း ဒုတိယဥက္ကဌများ၊ မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)တို့မှ ပါမောက္ခချုပ်များ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ ကထိကများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူ များတက်ရောက်ကြသည်။

            အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးကအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ် များကိုလည်းကောင်း၊ ဇေယျာပဒေသာဖောင်ဒေးရှင်း ဒုတိယဥက္ကဌ (၁)ဒေါက်တာမောင်ထူးက သင်တန်းနည်း ပြဆရာ/မများကို ဂုဏ်ပြုဆုများကိုလည်းကောင်း၊ မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာစိန်စိန်အောင်၊ ဇေယျာပဒေသာဖောင်ဒေးရှင်း ဒုတိယဥက္ကဌ (၂) ဦးဘုန်းကြွယ်၊ ကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီး ဒေါက်တာမျိုးဟိန်းဇော်တို့က သင်တန်းထူးချွန်ဆု၊ စိတ်အဝင်စားဆုံးဆု၊ အတက်ကြွဆုံးဆုတို့အား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

            ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးကကျေးဇူးတင်စကား ပြောကြားကြာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်

ကလေးဒေသရှိ ရေဘေးသင့် ဘုန်းတော်ကြီးကျောင်းများအား ရေဘေးပြန်လည်ထူထောင်ရေးအတွက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ထပ်မံလှူဒါန်း

A 11A 12

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၏ ဇနီး တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ဝေဝေခိုင်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ(၁)ရက်နေ့ ညနေ(၄)နာရီအချိန်က  ရေဘေးသင့်ခဲ့ရသည့် ကလေးမြို့ မြို့ဦးစံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရောက်ရှိကြရာ ဆရာတော်ကြီးအား ဖူးမြော် ကြည်ညို၍ ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ဆွမ်းဆန်၊ လှူဖွယ် ပစ္စည်းများနှင့် ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၈၆)ဦးအတွက် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ၊ စားသောက်ဖွယ်ရာများကို လှူဒါန်းခဲ့ကြသည်။

                        ထိုမှတစ်ဆင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ဝေဝေခိုင်နှင့် အဖွဲ့ဝင်များသည် ကလေးမြို့မဟာသန္တာရုံ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်၊ လှူဖွယ် ပစ္စည်းများနှင့် ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 ယနေ့  ဘုန်းတော်ကျောင်း (၂)ကျောင်းသို့ ဝတ္တုငွေ ကျပ်(၃)သိန်း(၅)သောင်းကျပ်၊ ဆွမ်းဆန်တော် (၄၀)အိတ်၊ မုန့်မျိုးစုံ ဂျပ်ဖာ(၃)ဖာ၊ ငါးသေတ္တာဘူး (၆)ဖာနှင့် ကျောင်းဝတ်စုံ(၈၆)စုံ၊ ဗလာစာအုပ်(၁၀)ဒါဇင်တို့အား လှူဒါန်းနိုင်ခဲ့ကြကြောင်း သိရှိရသည်။

ချင်းတွင်းမြစ်ရေ

ချင်းတွင်းမြစ်ရေသည် (၁.၉.၂၀၁၅)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တိုင်းထွာချက်အရ ဟုမ္မလင်းမြို့၏ စိုးရေရေအမှတ်(၂၉၀ဝ)စင်တီမီတာကို

ကျော်လွန်ပြီး (၂၉၁၄)စင်တီမီတာသို့ ရောက်ရှိနေပြီး ခန္တီးမြို့တွင် နေ့လည်(၁၁)နာရီ တိုင်းထွာချက်အရ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်

(၁၃၆၀)စင်တီမီတာကို ကျော်လွန်ပြီး (၁၄၀၈)စင်တီမီတာကိုရောက်ရှိနေကြောင်း တင်ပြအပ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးအပ်

Edu 1

Edu 2

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲကို မုံရွာမြို့၊ မြို့တော်ခန်းမတွင်  သြဂုတ်လ(၂၈)ရက်နေ့ မွန်းလွဲ(၁)နာရီကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးသင်းလှိုင်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးသောင်းစိန်၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအ ကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဇေယျာပဒေသာ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ မြို့မိ မြို့ဖများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးသိန်းမြင့်က ၂၀၁၅ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့မှုအခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။

            ပညာရည်ချွန်ဆုပေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌနှင့်ဇနီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ၊ ဇေယျာပဒေသာ၊ ဖောင်ဒေးရှင်းဒုတိယဥက္ကဌ၊ မြို့မိ မြို့ဖ များက ၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူ များအားလည်းကောင်း၊ သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲတို့တွင် ထူးချွန်ဆု၊အောင်ချက်အကောင်းဆုံးကျောင်း/မြို့နယ် ဆုများကိုလည်းကောင်း၊ ဘာသာစုံဂုဏ်ထူးရရှိအောင်သင်ကြားပြသပေးသောဆရာ/မများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် အထက၊ အထကခွဲ ကျောင်းများအား Computer(၁၁)စုံနှင့် Photo Copier(၃၈) လုံးတို့ကို ထောက်ပံ့ပေးအပ်သည်။

            ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌတို့က အလှူရှင်များ လှူဒါန်းသောအလှူငွေများကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကြပြီး ထူးချွန်ဆုရကျောင်းသား/သူများကိုယ်စား ရွှေဘိုမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘာသာစုံ ဂုဏ်ထူးရှင် လူရည်ချွန် မရွှေရည်လင်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

 

ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် မုံရွာမြို့နယ် သာစည်ကျေးရွာတွင် တိုက်နယ်ဆေးရုံ ဖွင့်လှစ်

tha si 2tha si 1

ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် မုံရွာမြို့နယ် သာစည်ကျေးရွာတွင် တိုက်နယ်ဆေးရုံ ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာတွင် ကျေးရွာနေပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည့် တိုက်နယ်ဆေးရုံ (သာစည်ရွာ) ဖွင့်ပွဲကို သြဂုတ်လ(၂၈)ရက်နေ့ နံနက်(၈)နာရီက အဆိုပါကျေးရွာရှိ တိုက်နယ်ဆေးရုံတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေး ၊ တရား သူကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ကျေးရွာနေပြည်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

            အခမ်းအနားတွင် တိုက်နယ်ဆေးရုံအား သာစည်ကျေးရွာ အောင်ချမ်းသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိက၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း၊ အလှူရှင် ဦးမောင်မောင်လတ်တို့က ဖဲကြိုးဖြတ်၍လည်းကောင်း၊ သာစည်ကျေးရွာ အောင်ချမ်းသာကျောင်းတိုက်ဆရာတော်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြပြီး တိုက်နယ်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

            ထို့နောက် တိုက်နယ်ဆေးရုံလွှဲပြောင်းပေးအပ်ပွဲကျင်းပရာ သာစည်ကျေးရွာ အောင်ချမ်းသာ ကျောင်းတိုက်ဆရာတော်က သြဝါဒြွမက်ကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုက်နယ်ဆေးရုံဆောက်လုပ်ရေးကော်မတီက ဆရာဝန်ထံသို့ စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာနေပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးထွန်းပေါက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနား ကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများတွင်ပျက်စီးဆုံးရှုံးခဲ့သောလယ်မြေများအတွက် မျိုးစပါးများဖြန့်ဝေပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်လနှင့်သြဂုတ်လအတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့မှုကြောင့် လယ်မြေများနစ်မြုပ်ကာပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ရာ အဆိုပါ ပျက်စီးသွားသောလယ်မြေများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများသို့ မျိုးစပါးများကို ဖြန့်ဝေပေးလျက်ရှိကြောင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

            ထိုသို့ဖြန့်ဝေပေးရာတွင် သြဂုတ်လ(၂၇)ရက်နေ့အထိ ရွှေသွယ်ရင်စပါးမျိုး(၁၂၃၈၈)ဧက၊ ဆင်းဧကရီ-၃ စပါးမျိုး(၂၃၅၇၉)ဧက မနောသုခစပါးမျိုး (၈၆၈၆)ဧက၊ အခြားစပါးမျိုး (၇၈၇၁)ဧက စုစုပေါင်း (၅၂၅၂၄)ဧကအတွက် မျိုးစပါး တင်းပေါင်း(၄၄၇၉၃)တင်းအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

            ]] မျိုးစပါးတွေကိုတော့ ရေကြီးနစ်မြုပ်မှုအများဆုံးဖြစ်ပွားခဲ့တဲ့ ကလေး၊ ကောလင်းနဲ့ ကန့်ဘလူ မြို့နယ်တို့ကို မိုးစပါးအနေနဲ့က ရက်(၁၀ဝ)အတွင်းထွက်မဲ့စပါးမျိုးတွေကို အဓိကဖြန့်ဝေပေးတာပါ၊ အဲဒါမှ နွေစပါးကိုလည်းအချိန်မီစိုက်နိုင်ဖို့အတွက် သက်တမ်းတိုစပါးမျိုးတွေကိုဖြန့်ဝေပေးတာပါ}} ဟု တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

            အဆိုပါစပါးမျိုးများကို နိုင်ငံတော်သမ္မတ ရန်ပုံငွေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် သြဂုတ်လ (၂၇)ရက်နေ့အထိ မျိုးစပါးတင်းပေါင်း (၆၆၃၁၅)တင်းအား စုဆောင်းထားရှိပြီး ဆက်လက်ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရေကြီးနစ်ခဲ့သော စပါး(၃၀၃၃၈)ဧက၊ ပျိုးခင်း(၃၃၆၅)ပြန်လည် ပျိုးထောင်စိုက်ပျိုးပြီးဖြစ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်လနှင့် သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တိုင်းဒေသကြီးအတွင်း စပါးခင်းများနှင့် ပျိုးထောင်ခင်း(၁၁၃၅၇၁)ဧက ရေနစ်မြုပ်ခဲ့ရာ (၄၃၆၇၀)ဧက နှင့် ပျိုးခင်း(၁၀၅၆၃)ဧကနစ်မြုပ်ခဲ့ရာ စပါးပျိုးခင်း(၅၄၄၆)ဧကပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

            ထိုသို့ပျက်စီးဆုံးရှုံးခဲ့သော စပါးခင်းများကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှကြီးကြပ်ပြီး ပြန်လည် စိုက်ပျိုးလျက်ရှိရာ သြဂုတ်လ(၂၇)ရက်နေ့အထိကလေးမြို့နယ်တွင် (၁၀၂၁၅)ဧက (တစ်သောင်းနှစ်ရာ တစ်ဆယ်ငါးဧက)၊ ကောလင်းမြို့နယ်တွင် (၂၀၁၂၃)ဧက (နှစ်သောင်းတစ်ရာနှစ်ဆယ်သုံးဧက) စုစုပေါင်း (၃၀၃၃၈)ဧက အားပြန်လည်စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။

             ပျက်စီးသွားတဲ့စပါးခင်းတွေနေရာမှာ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီး အတွင်းရှိတဲ့စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတွေကကွင်းဆင်းပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကူညီဆောင် ရွက် ပေးနေပါတယ်၊ ဒီနှစ်ရာသီဥတုက ဖောက်ပြန်တဲ့အတွက် ပိုးမွှား အန္တရာယ်ဖြစ်ပွားနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အသိပညာပေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ပေးသွား မှာပါ  ဟုတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

            ထို့အပြင် ရေကြီးနစ်မြုပ်ခဲ့သော စပါးပျိုးခင်း (၁၀၅၆၃)ဧကတွင် (၅၄၄၆)ဧက ပျက်စီးဆုံးရှုံး ခဲ့သဖြင့် မိုးစပါးအချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စပါးပျိုးခင်း (၃၃၆၅)ဧက ပြန်လည် ပျိုးထောင်ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon