စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ​ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုအောင်နှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသောင်းဟိန်းတို့ နှင်အတူ ယနေ့ မွန်းတည့်(၉)နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ သံပရာခြံကျေးရွာနှင့် ထူးကြီးကျေးရွာတို့မှ ကျောင်းထိုင်ဆရာတော်များအားဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်သူလူထုနှင့် ရင်းရင်းနှီးတွေ့ဆုံနှုတ်ဆက်ပြီး သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရန် တစ်ရွာလုံးကျွတ် ခြင်ဆေးမှုတ်ဖျန်းပေးရေးအား အလေးထားဆောင်ရွက်စေရေးအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူထံသို့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာနှင့်ဆင်အင်းကျေးရွာတို့ရှိ အခြေခံပညာအထက်တန်ကျောင်းများသို့ ရောက်ရှိပြီး ကျောင်းအတွက် လိုအပ်သောစက်ဘီးများလှူဒါန်းပေးနိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ဆိပ်ခွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိပြီး ကျေးရွာ လျှပ်စစ်မီးပြည့်ဝစွာရရှိရေး ထရန်စဖော်မာတစ်လုံးဖြည့်ဆည်းပေးနိုင်ရေးနှင့် ဆင်အင်းကျေးရွာ တိုက်နယ်ခွဲဆေးရုံအတွက် အလားတူ ထရန်စဖော်မာ တစ်လုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆင်အင်း-ညောင်ပင်သာ (၅)မိုင်ခန့် ကျောက်ချောလမ်းအား အဆင့်မြှင့်တင် ကွန်ကရစ်လမ်းခင်းပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

9.8.2020sgg0029.8.2020sgg0039.8.2020sgg0049.8.2020sgg0069.8.2020sgg0089.8.2020sgg0099.8.2020sgg0119.8.2020sgg0109.8.2020sgg013

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ​ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုအောင်နှင့် အတူ ယနေ့ နံနက်(၈)နာရီခွဲက ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းရှိ လိပ်ချင်းကျေးရွာ အဆင့်မြှင့်လယ်ယာမြေဖောင်ဆောင်ခြင်းစီမံကိန်းအတွင်းပါဝင်သော တောင်သူ ဦးဝေဖြိုး၏ ကွင်းအမှတ်(၂၈၇၇)၊ ဦးပိုင်အမှတ်(၁၀၉) လယ်မြေဧက(၁၂)ဧကတွင် စပါးပျိုးသက်နု ကောက်ကွဲကျဲ စိုက်နည်းစနစ် (SRI) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါ စပါးပျိုးသက်နု ကောက်ကွဲကျဲ စိုက်နည်းစနစ် (SRI) စိုက်ပျိုးခြင်းနှင့် စပ်လျဥ်း၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွဲဘက်ပါမောက္ခ(ငြိမ်း)ဦးသိန်းဆုကဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများအား ရှင်းလင်တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ရွှေဘိုမြို့နယ် မြင်ချင်းကျေးရွာ အဆင့်မြှင့်လယ်ယာမြေဖောင်ဆောင်ခြင်း စီမံကိန်းအတွင်းပါဝင်သော တောင်သူ(၃)ဦး၏ လယ်မြေဧက(၂၅)ဧကတွင် စပါးပျိုးသက်နု ကောက်ကွဲကျဲ စိုက်နည်းစနစ် (SRI) စိုက်ပျိုးခြင်းနှင့် စပ်လျဥ်း၍ တောင်သူများနှင့်တွေ့ဆုံအားပေးစကားများပြောကြားပြီး စိုက်ပျိုးရေဖူလုံမှုရရှိအောင် ဆောင်ရွက်ပေးထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ယင်းမာကျေးရွာ ကျောင်းထိုင်ဆရာတော်အား ဖူးမြှော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါ ယင်းမာကျေးရွာ သောက်သုံးရေဖူလုံစွာရရှိရေး ပြည်တော်သာမြေသားကန်အဟောင်းအား ပြန်လည်တူးဖော်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး
သောက်သုံးရေကန် စိမ်းလန်းစိုပြည်လှပစေရေးနှင့် လိုအပ်လျက်ရှိသော လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ထောက်ပံ့ငွေကျပ်(၃၀)သိန်းကို
တာဝန်ရှိသူထံပေးအပ်ခဲ့ပါသည်။

8.8.2020sgg0018.8.2020sgg0028.8.2020sgg0038.8.2020sgg0048.8.2020sgg0058.8.2020sgg0078.8.2020sgg0088.8.2020sgg0098.8.2020sgg0108.8.2020sgg0138.8.2020sgg0158.8.2020sgg0168.8.2020sgg017

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြလုပ်သော မီးငြိမ်းသတ်ယာဥ်နှစ်စီး လွှဲပြောင်းပေးအပ်သို့ တက်ရောက်ပြီး နိုင်ံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ချောင်းဦးမြို့ ရောက်ရှိစဉ် လမ်းညွှန်မှုအရ ချောင်းဦးမြို့နယ်အတွင်းရှိ ချောင်းမနားကျေးရွာနှင့် နတ်ရေကန်ကျေးရွာတို့၏ မီးဘေးလုံခြုံရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၇၈.၄)သန်းဖြင့် ဝယ်ယူထားသော ‌ဂါလံ(၈၀၀)ဆံ့ ဒေါင်ဖန်း မီးငြိမ်းသတ်ယာဥ်နှစ်စီးအား တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြလုပ်သော မီးသတ်စွမ်းရည် သရုပ်ပြပွဲအား ကြည့်ရှု့အားပေးခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ အောင်မဟာလမ်း (၁၁၉၅၅×၂၂)ပေ အဆင့်မြှင့်ခြင်းနှင့် လမ်းသားချဲ့၍ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးအခြေအနေ ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အနော်ရထာလမ်း ကတ္တရာလမ်းချဲ့၍ လမ်းသားမြှင့်ခြင်း ဆောင်ရွက်မှုအခြေအနေ နှင့် ကမ်းနားလမ်း အေးသာယာလမ်းဆုံအား အဖြောင့်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

7.8.2020sgg0017.8.2020sgg0027.8.2020sgg0037.8.2020sgg0047.8.2020sgg0057.8.2020sgg0067.8.2020sgg0077.8.2020sgg0087.8.2020sgg0097.8.2020sgg010

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၄.၈.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၃.၈.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊အလုပ်ရုံ၊ အလုပ်ဌာန(၇၉၇)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း ၊ (၄.၈.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၂) ခုကိုလည်း ဖွင့်လှစ်ခွင့် လက်မှတ် များထုတ်ပေးထားရှိကြောင်း ၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၇၉၉)ခု ဖွင့်လှစ် လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိပါသည်။4.8.2020sgg015

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ မုံရွာမြို့နယ်အတွင်း ရေဝင်ကျေးရွာများသို့ သွားရောက် ကြည့်ရှု့စစ်ဆေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ နှင့်တာဝန်ရှိသူများ လိုက်ပါ၍ (၄.၈.၂၀၂၀)ရက်နေ့ နံနက် (၈)နာရီတွင် မုံရွာ မြို့နယ်အတွင်း ရေဝင်ကျေးရွာများသို့ သွာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်ကြီးတောကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်သည့် အိမ်ထောင်စု (၃၀)အတွက် ဆန်ဖိုးငွေကျပ် (၃၀၀၃၀ဝိ)၊ နှာခေါင်းစည်း (၁၄၃) ခု၊ဆပ်ပြာ (၃၀) တောင့် ကိုလည်းကောင်း၊ မြေနဲကျေးရွာ အိမ်ထောင်စု (၁၉၉)စုအတွက် ဆန်ဖိုးငွေကျပ် (၂၄၉၉၀ဝိ)၊ နှာခေါင်းစည်း (၁၁၉)ခု၊ ဆပ်ပြာ (၂၆) တောင့်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေလျှံဝင်ရောက်သည့် ကမ်းနီမချောင်းအား ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေလမ်းကြောင်းပြန်လည်တူးဖော်ရေးတို့အတွက် ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး အောင်သာကျေးရွာတွင် အိမ်ထောင်စု (၁၈၇)စုအတွက် ဆန်ဖိုးငွေကျပ် (၁၉၆၃၅၀ဝိ)၊ နှာခေါင်းစည်း (၉၃၅) ခု၊ ဆပ်ပြာ (၁၈၇) တောင့်နှင့် ဒဏ်ရာရသူ(၁)ဦးအတွက် ငွေကျပ် (၅၀၀၀ဝိ) ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဗောဓိတထောင်-ကျောက္ကာလမ်းဘေးရှိ ကမ်းနီမချောင်း ကျောက်စီ မြေထိန်းနံရံ (၂၀၀)ပေ တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

4.8.2020sgg005

4.8.2020sgg0064.8.2020sgg0074.8.2020sgg0084.8.2020sgg0094.8.2020sgg0104.8.2020sgg0124.8.2020sgg0134.8.2020sgg0024.8.2020sgg0034.8.2020sgg0044.8.2020sgg001

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်နှင့်ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ မိုးစပါးစိုက်ပျိုးရေ ဖူလုံစွာရရှိရေး သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်င

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ရွေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုအောင်နှင့်တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ် (၂)နာရီက ရွှေဘိုမြို့နယ်နှင့်ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ မိုးစပါးစိုက်ပျိုးရေ ဖူလုံစွာရရှိရေး သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာအနီးရှိ ရှေ့ပြေးအဆင့်မြှင့်လယ်ယာမြေဖော်ဆောင်ခြင်းစီမံကိန်းရှင်းလင်းဆောင်တွင်ဒေသခံတောင်သူများနှင့်တွေ့ဆုံရာတွင် ဆည်မြောင်းဦးစီးဌာနမှ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများအားလည်းကောင်း၊ စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် တောင်သူများ၏ မိုးစပါးစိုက်ပျိုးရေဖူလုံစွာရရှိရေး အခြေအနေတို့အားလည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆည်မြောင်းဦးစီးဌာန၏တာဝန်ရှိသူများနှင့်ပေါင်းစပ်ဖြည့်ဆည်းပေးပြီး ဆည်မြောင်းဦးစီးဌာနများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် မိုးစပါးစိုက်ပျိုးရေဖူလုံစွာ ရရှိရေးကို အထူးအလေးထား ကြိုးစား၍ အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ခင်ဦးမြို့နယ်အတွင်း ရွှေဘိုမြောင်းမတော် လက်တံ(၁)၊(၂)၊(၃)တို့ရှိ ရေသောက်ဧရိယာ (၁၇၇၈၃)ဧက မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ခင်ဦးမြို့ဝင် ကတ္တရာလမ်းအဆင့်မြှင့်တင်ချဲ့ထွင် ဖောက်လုပ်ပြီးစီးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

2.8.2020sgg0012.8.2020sgg002

2.8.2020sgg0032.8.2020sgg0042.8.2020sgg0052.8.2020sgg0062.8.2020sgg0072.8.2020sgg0082.8.2020sgg0092.8.2020sgg010

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ရွေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုအောင်နှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသောင်းဟိန်းတို့ နှင်အတူ ယနေ့ မွန်းတည့်(၁၂)နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းရှိ အုတ်ရှစ်ကန်အုပ်စုတွင် စပါးစိုက်ဧက ၂၁၉ ဧက အား မဟာနန္ဒကန်ရေသောက်စနစ်ဖြင့် အချိန်မီ စိုက်ပျိုးရေရရှိရေးဆောင်ရွက်သွားရန် သက်ဆိုင်ရာ ဆည်မြောင်းဉီးစီးဌာမှ တာဝန်ရှိသူအား မှာကြားခဲ့ပြီး ချီပါကျေးရွာတွင် မူးလက်တံ(၇)မြောင်း ရေသောက်စနစ်ဖြင့် မိုးစပါများ ပျိုးထောင်စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ပလိုင်းဘေးမဲ့ကန်တော် ရေစီးရေလာကောင်းမွန်စေရေး အသစ်ပြန်လည်တူးဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အားလည်းကောင်း၊ ပလိုင်းကျေးလက် ကျန်းမာရေး ဌာနခွဲတွင် ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်ပေးနေမှု အခြေအနေတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ဇူလိုင်(၃၁)ရက်နေ့ နံနက်ပိုင်းက ရွှေဘိုမြို့နယ်အတွင်း ဇီးဖြူကုန်းကျေးရွာအုပ်စုနှင့် ညောင်ကိုင်း ကျေးရွာအုပ်စုတို့ရှိ ဒေသခံပြည်သူများသွာလာမှုလွယ်ကူအောင် ကျေးလက်ဦးစီးဌာတည် တာဝန်ယူတည်ဆောက် ပေးထားသော မင်းပေးကျေးရွာမူးတိမ်ချောင်းကူးတံတား အောက်ရှိ ယက်မများ၊ ဘိုးတိုင်များနှင့်ကြမ်းခင်းအချို့ ပျက်စီးယိုယွင်းလာသည့်အတွက် ပြင်ဆင်ရန် ထောက်ပံ့ငွေကျပ် သိန်း(၂၀)ကိုလည်းကောင်း တာဝန်ရှိသူထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး မင်းပေးကျေးရွာဒေသခံတောင်သူများ အတွက် အချိန်မီစိုက်ပျိုးရေ ဖူလုံစွာရရှိစေရေးကို အလေးထား၍ လျှပ်စစ်မူးရေတင်လုပ်ငန်းများဆောင်ရွက်ရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဖြည့်ဆည်းပေးပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

1.8.2020 sgg005

 

1.8.2020 sgg0011.8.2020 sgg0021.8.2020 sgg0041.8.2020 sgg0061.8.2020 sgg0071.8.2020 sgg0091.8.2020 sgg011

1.8.2020 sgg0121.8.2020 sgg013

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon