စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

Coronavirus Disease 2019 (COVID -19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှု့ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း Coronavirus Disease 2019 (COVID -19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု့ရေး၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၀.၃.၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကော်မတီ အတွင်းရေးမှူးများ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခြင်း၊ (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကော်မတီ အတွင်းရေးမှူး(၁) တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှု့ရေး လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခြင်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများက မိမိတို့၏ ခရိုင်အလိုက် လုပ်ဆောင်ချက်၊ လိုအပ်ချက်များ ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ခရိုင်စီမံခန့်ခွဲမှု ကော်မတီများသို့ လိုအပ်သည်များ မှာကြားခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက (COVID-19)ရောဂါနှင့် ပတ်သက်သည့် ညွှန်ကြားချက်များအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းပြောကြားခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်ခဲ့ကြပါသည်။ ဆက်လက်ပြီး မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီမိတက်မှ တာဝန်ရှိသူတစ်ဉီးက 3M 950 1Vmask (200)ခု ၊ Mask (5000)ခု၊ Personal Product Equiment (PPE)ဝတ်စုံ (200)စုံတို့ကို ပေးအပ်လှူဒါန်းရာ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက လက်ခံရယူခဲ့ပြီး အစည်းအဝေးကို (၁၃၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

20-3-2020 sgg 00120-3-2020 sgg 00220-3-2020 sgg 00320-3-2020 sgg 00420-3-2020 sgg 00520-3-2020 sgg 00620-3-2020 sgg 00720-3-2020 sgg 00820-3-2020 sgg 00920-3-2020 sgg 01020-3-2020 sgg 01120-3-2020 sgg 01220-3-2020 sgg 01320-3-2020 sgg 01420-3-2020 sgg 01520-3-2020 sgg 01620-3-2020 sgg 01720-3-2020 sgg 01820-3-2020 sgg 01920-3-2020 sgg 02020-3-2020 sgg 021

2019 Novel Coronavirus Disease 2019ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း Coronavirus Disease 2019 (COVID -19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှု့ရေး၊ တိုင်းဒေသကြီးအဆင့် ကော်မတီကို   Coronavirus Disease 2019 (COVID -19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ (၁၈.၃.၂၀၂၀) ရက်စွဲပါ ညွှန်ကြားချက်အရ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။

covid19 -1covid19 -2covid19 -3covid19 -4

 

Click Here>>Download

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးသည် 2019 Novel Coronavirus Disease 2019(COVID-19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး၊ ရောဂါစောင့်ကြပ် ကြည့်ရှု့ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း Coronavirus Disease 2019 (COVID -19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှု့ရေး၊ တိုင်းဒေသကြီးအဆင့် ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၈.၃.၂၀၂၀) ရက်နေ့ (၁၇၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဖွဲ့စည်းတာဝန် ပေးအပ်ထားသည့် ကော်မတီဝင်များ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက တိုင်းဒေသကြီးအဆင့် ကော်မတီ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း ရောဂါကြိုတင် ကာကွယ်ရေးနှင့် စပ်လျဉ်းပြီး ဆောင်ရွက်သင့်သည့် အစီအမံများကို ဝိုင်းဝန်းဆွေးနွေး တင်ပြခဲ့ပြီး ယင်းအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဆောင်ရွက်မည့် ဆပ်ကော်မတီများ ဖွဲ့စည်းခြင်း၊ ခရိုင်/မြို့နယ်နှင့် ဌာနဆိုင်ရာများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး (၁၈၄၅)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

18-3-2020 sgg 00118-3-2020 sgg 00218-3-2020 sgg 00318-3-2020 sgg 00418-3-2020 sgg 00518-3-2020 sgg 00618-3-2020 sgg 00718-3-2020 sgg 00818-3-2020 sgg 00918-3-2020 sgg 01018-3-2020 sgg 011

တက္ကသိုလ်ဝင် စာစစ်ဌာနများသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ သွားရောက်ကြည့်ရှု့စစ်ဆေး

(၁၃.၃.၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းနှင့် လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဉီးသန်းညွှန့်ဝင်းတို့သည် တိုင်းဒေသကြီး ပညာရေးမှူး၊ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဌ၊ ခရိုင်/မြို့နယ် ပညာရေးမှူးတို့နှင့်အတူ ဘုတလင် အ.ထ.က၊ ငပယင်း စာစစ်ဌာန၊ ဒီပဲယင်းမြို့နယ် စိုင်ပြင် အ.ထ.က၊ ဒီပဲယင်း အ.ထ.က၊ ရေဉီးမြို့နယ် ပန်းကုံး၊ အင်တော၊ ပုဏ္ဏကား (အရှေ့/အနောက်) စာစစ်ဌာနများ သွားရောက်၍ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (သင်္ချာဘာသာရပ်) ဖြေဆိုမှု အခြေအနေအား ကြည့်ရှု့ စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

13-3-2020 sgg 00113-3-2020 sgg 00213-3-2020 sgg 00313-3-2020 sgg 00413-3-2020 sgg 00513-3-2020 sgg 00613-3-2020 sgg 00713-3-2020 sgg 00813-3-2020 sgg 009

တက္ကသိုလ်ဝင် စာစစ်ဌာနများသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ သွားရောက် ကြည့်ရှု့စစ်ဆေး

(၁၂.၃.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် တိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ၊ ခရိုင်/မြို့နယ် ပညာရေးမှူးတို့နှင့်အတူ မုံရွာမြို့ပေါ်ရှိ မုံရွေး-ကြေးမုံ အထက၊ ညောင်ဖြူပင် အထက၊ ညောင်ပင်စောက် အထကနှင့် ချောင်းဉီးမြို့နယ် အမြင့်အထက စာစစ်ဌာနများသို့ သွားရောက်၍ ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (အင်္ဂလိပ်စာ) ဖြေဆိုမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။

12-3-2020 sgg 00112-3-2020 sgg 00212-3-2020 sgg 00312-3-2020 sgg 00412-3-2020 sgg 00512-3-2020 sgg 00612-3-2020 sgg 007

၂၀၁၉ ခုနှစ် ပါဠိပထမပြန် စာမေးပွဲအောင် သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြု ပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးပြီး မုံရွာခရိုင်စီမံခန့်ခွဲမှု ကော်မတီမှ ကျင်းပ ပြုလုပ်သည့် မုံရွာခရိုင်အတွင်းရှိ ပါဠိပထမပြန် စာမေးပွဲအောင် သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို (၁၀.၃.၂၀၂၀)ရက်နေ့၊ (၁၅၀၀)နာရီ အချိန်တွင် မုံရွာမြို့ ရွှေစည်းခုံသာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဓမ္မပါရဂူကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအရိယာလင်္ကာရ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ခြင်း၊ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ စာအောင်သံဃာများအား စာအောင်လက်မှတ်နှင့် အလှူဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ မုံရွာမြို့ အုတ်ကန်တောရ ကျောင်းတိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒောဘာသ ဆရာတော်ကြီးထံမှ သာဓုအနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခြင်း၊ အခမ်းအနားအပြီးတွင် ပင့်သံဃာ(၈၆)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ပါကြောင်း သတင်းရရှိပါသည်။

10-3-2020 sgg 01010-3-2020 sgg 01210-3-2020 sgg 01310-3-2020 sgg 01410-3-2020 sgg 01510-3-2020 sgg 01610-3-2020 sgg 01710-3-2020 sgg 01810-3-2020 sgg 01910-3-2020 sgg 02010-3-2020 sgg 02110-3-2020 sgg 022

သီတဂူရေအလှူတော် ရေစက်ရုံအမှတ်(၂) ဖွင့်ပွဲအခမ်းအနားနှင့် သီတဂူဆရာတော်ကြီး၏ ‘အဘိဓဇ’ ပူဇော်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်

စစ်ကိုင်းမြို့၊ ဝါးချက်ကျေးရွာတွင် အသစ်တည်ဆောက်ထားသော သီတဂူရေအလှူတော် ရေစက်ရုံ အမှတ်(၂) ဖွင့်ပွဲအခမ်းအနားကို (၁၀.၃.၂၀၂၀) ရက်နေ့၊ နံနက် (၀၇၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဉီးစွာ သီတဂူအဓိပတိ ဆရာတော်နှင့် အလှူရှင်များ ဖြစ်ကြသော ရန်ကုန်မြို့ ဝေနေယျသုခ ရေချမ်းစင်အသင်း အတွင်းရေးမှူး ဉီးစိုးမြင့်လွင်၊ မန္တလေးမြို့နေ ဒေါ်နှင်းညို၊ ဒေါ်ကြင်သန်း၊ ဉီးကာက+ဒေါ်စိန် မိသားစုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမွှေးနံ့သာများ ပက်ဖျန်းကာ သီတဂူအဓိပတိ ဆရာတော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က စက်ခလုတ်နှိပ်၍ ရေစက်များအား စတင် မောင်းနှင်ခဲ့ကြပါသည်။

ထို့အပြင် သီတဂူဆရာတော်ကြီးအား သီရိလင်္ကာ ဆရာတော်များ၏ ‘အဘိဓဇ’ ပူဇော်ပွဲ အခမ်းအနားကို နံနက် (၀၈၀၀)နာရီ အချိန်တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် အခြားဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ရာ ဆရာတော်ဘုရားကြီးမှ ဆုံးမဩဝါဒစကား ပြောကြားခြင်း၊ အလှူရှင်များမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဝမ်းမြောက် အနုမောဒနာစကား ပြောကြားခဲ့ခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

10-3-2020 sgg 00110-3-2020 sgg 00210-3-2020 sgg 00310-3-2020 sgg 00410-3-2020 sgg 00510-3-2020 sgg 00610-3-2020 sgg 00710-3-2020 sgg 00810-3-2020 sgg 009

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon