စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေး ၀န်ကြီးသည် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ Community Based Facility Quarantineအဖြစ် ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု့ စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ၀န်ကြီး ဦးမြင့်ကြည်သည် (၂၄.၃.၂၀၂၀) ရက်နေ့တွင် ပုလဲမြို့နယ်သို့လည်းကောင်း၊ (၂၆.၃.၂၀၂၀)ရက်နေ့တွင် မုံရွာမြို့နယ်သို့လည်းကောင်း၊ (၂၇.၃.၂၀၂၀)ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်များသို့ လည်းကောင်း (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်အတူ Community Based Facility Quarantineအဖြစ် ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စျေးများ၊ ကားလေးကွင်း၊ မြို့ဝင်ဂိတ်များတွင် ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

27-3-2020 sgg 02627-3-2020 sgg 02727-3-2020 sgg 02827-3-2020 sgg 02927-3-2020 sgg 03027-3-2020 sgg 03127-3-2020 sgg 03227-3-2020 sgg 03327-3-2020 sgg 034

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှု့ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

(၂၇.၃.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌများ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတို့ ပါဝင်သည့် စုပေါင်းအဖွဲ့တို့နှင့်အတူ ရွှေဘိုခရိုင်အတွင်း မြို့ဝင်မြို့ထွက်များ၌ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများ၊ Community Based Facility Quarantine ထားရှိနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း၊ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးများ၊ လ္ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များသို့ သွားရောက်ပြီး COVID-19 ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အဆင့်ဆင့်တို့မှ ထုတ်ပြန်ပေးသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်စေရေးတို့အတွက် အသိပညာပေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုခရိုင် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ စစ်ဆေးကြည့်ရှုခဲ့ပြီး COVID-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြင်ဆင်ထားရှိသည့် သီးသန့် လူနာဆောင်အတွက် အောက်ဆီဂျင် အထိုင်စက်နှင့် ပိုက်လိုင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း  သတင်းရရှိပါသည်။

NewsNews News News News News News

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်း ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး၊ ဦးမိုးကျော်သူသည် (၂၄.၃.၂၀၂၀) ရက်နေ့တွင် ရွှေဘိုခရိုင်၊ ထွေ/အုပ်ရုံး အစည်းအဝေး ခန်းမ၌လည်းကောင်း၊ (၂၅.၃.၂၀၂၀)ရက်နေ့၊ နေ့လည်ပိုင်းတွင် ဝက်လက်မြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း၊ (၂၆.၃.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ရေဦးမြို့နယ်နှင့် ခင်ဦးမြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးခန်းမများနှင့် နေ့လည်ပိုင်းတွင် တန့်ဆည်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဒီပဲယင်းမြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးခန်းမတို့တွင် မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19 ) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးမှာကြားခြင်း၊ ပြည်ပမှပြန်လည် ရောက်ရှိလာသူများအတွက် Community Based Facility Quarantine စီစဉ်ထားရှိသည့် နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ကျောက်မြောင်း - စဉ့်ကူးသွားကားလမ်း ရတနာသိင်္ခတံတားရှိ စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့အား ငွေကျပ်(၁၀၀၀၀ဝိ/-) ထောက်ပံ့ခဲ့ကြောင်းနှင့် ကျောက်မြောင်းမြို့အတွက် (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အဖျားတိုင်း သာမိုမီတာစက် (၂)လုံးနှင့် ရွှေဘိုမြို့အတွက် (၂)လုံး စုစုပေါင်း(၄)လုံး ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

News News News News News News News

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် Coronavirus Disease 2019 (COVID -19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှု့ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်

(၂၇.၃.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြပ်မတ် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ကျ နယ်မြေဖြစ်သည့် မုံရွာ ခရိုင်အတွင်းရှိ မြို့နယ်များသို့ သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့်အတူ Community Based Facility Quarantine အဖြစ် ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး အလှူရှင်များမှ လှူဒါန်းသော ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို လက်ခံခြင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဉီးစီးဌာန၌ နေရပ်ပြန် အလုပ်သမားများအား ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပေးလျှက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း၊ ဘုတလင်မြို့နယ်အတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်းတို့ကို ဆောင်ရွက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော ကျန်းမာရေးစစ်ဆေးမှု အထောက်အကူပြု ပစ္စည်းများအား တာဝန်ရှိသူများသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

News News News News News

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဦးသန်းညွန့်ဝင်းမှ ကန့်ဘလူခရိုင်နှင့် ရွှေဘိုခရိုင်အတွင်း Coronavirus Disease 2019 (COVID-19 ) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ကွင်းဆင်းဆွေးနွေး ကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဦးသန်းညွန့်ဝင်းသည် (၂၅.၃.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် ရေဉီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမနှင့် ဇီးကုန်းမြို့၊ ဇီးကုန်း တိုက်နယ်ဆေးရုံတို့တွင် လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမနှင့် ကျွန်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရိပ်သာတွင်လည်းကောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးမှာကြားခြင်း၊ ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများအတွက် Community Based Facility Quarantine စီစဉ်ထားရှိသည့် နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ရေဦးမြို့၊ ကျွန်းလှမြို့နှင့် ဇီးကုန်းမြို့များသို့ အပူချိန်တိုင်းကိရိယာ သာမိုမီတာ (၁)ခုစီနှင့် N-95 Mask (၅၀)ခုစီတို့အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

News News News News

သတင်းထုတ်ပြန်ခြင်း

ရက်စွဲ ၊ ၂၀၂၀ပြည့်နှစ် ၊ မတ်လ ၂၅ ရက်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်ဝင်လာသော မြန်မာနိုင်ငံသားများကို ကရင်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် မြဝတီမှ နေရပ်ဒေသ အသီးသီးသို့ သီးသန့်မော်တော်ယာဉ် များဖြင့် တိုက်ရိုက်ပို့ဆောင် ပေးလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် မုံရွာမြို့သို့ ရောက်ရှိ လာသူများကို နေရပ်အသီးသီးသို့ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစီအစဉ်ဖြင့် ပို့ဆောင်၍ ပြန်လာသူများမှတဆင့် ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် နေအိမ် သို့မဟုတ် သတ်မှတ် နေရာများတွင် နေထိုင်စေပြီး(၁၄)ရက် သွားလာမှု ကန့်သတ်ခြင်း (home/facility quarantine) ဖြင့် စောင့်ကြပ်ကြည့်ရှုရန် ဆောင်ရွက်လျက်ရှိပါသည်။

ထိုကဲ့သို့ လာရောက်မခေါ်ယူမီအတွင်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ တန်ဖိုးနည်း အိမ်ယာ အဆောက်အအုံ(၂)လုံးတွင် ခေတ္တနားနေစောင့်ဆိုင်းရန် ကြိုတင်စီစဉ် ထားရှိပါကြောင်း၊ နိုင်ငံခြားမှ ပြန်လည်ဝင်ရောက် လာသူများကို နေအိမ်တွင် (၁၄)ရက် မထားဘဲ သတ်မှတ်ထားသည့် နေရာ/ဆေးရုံ (facility quarantine)တွင် အထူးကြပ်မတ် စောင့်ကြည့်၍ (၁၄)ရက်တာ သွားလာခြင်း ကန့်သတ်ဆောင်ရွက်မည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေ၊ ၂၀၁၃ ခုနှစ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့နှင့် ထိရောက်စွာအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ရပ်ရွာသို့ ပြန်လည်ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူအများ သိရှိနိုင်စေရန် သတင်းထုတ်ပြန် အပ်ပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

Coronavirus Disease 2019 ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ပြည်သူများမှ ပူးပေါင်းပါဝင်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများမှ ပူးပေါင်းပါဝင် လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၃.၃.၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ၊ အစိုးရအဖွဲ့ဝင်များ၊ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ တည်းခိုရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခြင်း၊ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကော်မတီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိုင်းကျန်းမာရေးမှူး ဒေါက်တာငြိမ်းငြိမ်းအေးမှ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှု့ရေး လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခြင်း၊ အလှူရှင် ဉီးမျိုးဝင်းလေးမှ ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပြီး (COVID-19)ရောဂါနှင့် ကာကွယ်ရေးနှင့် ပတ်သက်၍ အလှူရှင်ဉီးမျိုးဝင်းလေးမှ Non Touch Termometer၊ PPE ဝတ်စုံ၊ N95 Mask၊ Googglesတို့ကို ပေးအပ်လှူဒါန်းရာ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက လက်ခံရယူခဲ့ပြီး အစည်းအဝေးကို (၁၂၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

23-3-2020 00123-3-2020 00223-3-2020 00323-3-2020 00423-3-2020 00523-3-2020 00623-3-2020 00723-3-2020 00823-3-2020 00923-3-2020 01023-3-2020 01123-3-2020 01223-3-2020 01323-3-2020 014

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon