စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါ၍ (၂၈.၇.၂၀၂၀)ရက်နေ့ နံနက် (၁၁)နာရီက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့မှ ဇူလိုင်လ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးနေသော Agriculture Income Improvement Project(AIIP) စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများအတွက် စတုတ္ထ အကြိမ်မြောက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ တက်ရောက်၍ စီမံကိန်းဧရိယာတွင် ရာသီဥတု ပြောင်းလဲလာမှုကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် သင်တန်းတက်ရောက်လာသည့် စိုက်ပျိုးပညာပေး ဝန်ထမ်းများအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားပြီး အဆိုပါသင်တန်းတွင် တက်ရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းဧရိယာ(ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး)မြို့နယ်များမှ သင်တန်းသား/သူ စုစုပေါင်း (၇၅) ဦးအတွက် ထောက်ပံ့ငွေကျပ်(၃)သိန်းကို တာဝန်ရှိသူထံသို့ ပေးအပ်ခဲ့သည်။


ဆက်လက်ပြီး မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီးစိုက်ပျိုးရေးဓာတ်ခွဲခန်းရုံးသို့ ရောက်ရှိပြီး သီးနှံကာကွယ်ရေးဓာတ်ခွဲခန်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းနှင့် မြေအသုံးချရေးဓာတ်ခွဲခန်းတို့တွင် လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် မုံရွာမြို့နယ် ဇလုပ်စိုက်ပျိုး သုတေသနခြံသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများ၏ အထွေထွေတင်ပြချက်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။


ယင်းနောက် မုံရွာမြို့ ကန်သာယာကန် အနောက်ဘက်ခြမ်းလှပသာယာရေးအတွက် အသစ် ဆောင်ရွက်လျက်ရှိသည့် လေညှင်းခံလျှောက်လမ်း (၈၀၀၀)စတုရန်းပေအရှည် ‌ဆောင်ရွက်နေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများအချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

28.7.2020 srgnews0128.7.2020 srgnews0228.7.2020 srgnews0328.7.2020 srgnews0428.7.2020 srgnews0528.7.2020 srgnews0628.7.2020 srgnews0728.7.2020 srgnews08

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၂၇.၇.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်းအသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၂၆.၇.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၇၅၄)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပြီး ဖြစ်ကြောင်း၊ (၂၇.၇.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၁၁) ခုကိုလည်း ဖွင့်လှစ်ခွင့် လက်မှတ်များ ထုတ်ပေး ထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာန စုစုပေါင်း(၇၆၅)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသောစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန များကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိပါသည်။

27.7.2020 srgnews0127.7.2020 srgnews02

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၂၄.၇.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၂၃.၇.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၇၄၄)ခုအား ပြန်လည်ဖွင့်လှစ်ခွင့်အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၂၄.၇.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့် အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၁၀)ခု ကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း (၇၅၄)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိပါသည်။

24.7.2020 sggnews01

မုံရွာမြို့တွင် ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့်စာရင်းစစ်ချုပ်တို့၏ ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတို့သည် တိုင်း​ဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၁၉.၇.၂၀၂၀)ရက်နေ့၊ နံနက်(၅)နာရီမှစတင်ပြီး ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရည်စူး၍ သံဃာတော် အရှင်သူမြတ်‌(၁၈)ပါးအား အာရုံဆွမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းခြင့်နှင့် ရေစက်ချအမျှတန်းဝေခြင်းများကို မုံရွာမြို့ ရွှေစည်းခုံသာသနာ့ဗိမာန်တော်ကြီး၌ လည်းကောင်း၊ နံနက်(၁၀)နာရီ(၃၇)မိနစ်အချိန်တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်းများကို မုံရွာမြို့ လယ် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နေရာ၌ လည်းကောင်း ကျင်းပခဲ့ကြပါသည်။


ထို့အပြင် အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)နေပြည်တော်မှ ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော အမှတ်တရ စာအုပ်များကို တိုင်းဒေသကြီး ပြန်/ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြပါသည်။

19.7.20 sggnews0119.7.20 sggnews0219.7.20 sggnews0419.7.20 sggnews0819.7.20 sggnews1019.7.20 sggnews1219.7.20 sggnews1319.7.20 sggnews1519.7.20 sggnews1719.7.20 sggnews19

မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားသို့ တက်ရောက်ခြင်း

(၁၇.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်သည် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုလဲမြို့နယ်၊ လက်တောင်းကြီးအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွင့်လှစ်ရန်အတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးနောက် ပန်းရွာအခြေခံ ပညာအထက်တန်းကျောင်းအတွင်း ကျောင်းဆောင်ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ တနယ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

17.7.2020 sggnews 0117.7.2020 sggnews 02

17.7.2020 sggnews 0317.7.2020 sggnews 05

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၁၇.၇.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၁၆.၇.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသောစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၇၃၅)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၁၇.၇.၂၀၂၀)နေ့တွငသတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၁) ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာန စုစုပေါင်း(၇၃၆)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိပါသည်။

17.7.20 sggnews 01

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၁၅.၇.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၁၄.၇.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာန(၇၃၂)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၁၅.၇.၂၀၂၀)နေ့တွင် သတ်မှတ် ချက်များနှင့်အညီစိစစ်ပြီး ဖွင့်လှစ် ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၃) ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာန စုစုပေါင်း(၇၃၅)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

15.7.20 sgg06

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon