စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် အရာတော်/ဝက်လက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများ၏ နည်းပညာပြန့်ပွားရေးစင်တာများ နှင့် ရွှေဘိုမြို့နယ် မျိုးစေ့သန့်စင်စက်တို့သို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်းဒေသကြီး စိုက်ပျိုးရေဦးစီးဌာနမှူး ဦးဝင်းလှိုင်ဦး ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်(၁၀)နာရီက အရာတော် နှင့် ဝက်လက် စသည့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများ၏ နည်းပညာပြန့်ပွားရေးစင်တာများ နှင့် ရွှေဘိုမြို့နယ် မျိုးစေ့သန့်စင်စက်သို့ သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူပညာပေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ဝါးတန်းနည်းပညာပြန့်ပွားရေးစင်တာအတွင်းတွင် အိမ်တွင်းဥယျာဉ်အဖြစ်စိုက်ပျိုးထားသော သီးပင်စား ပင်မျိုးစုံ တို့အား ကြည့်ရှုအားပေး၍ အပူပိုင်းဒေသအတွင်း ပေါက်ရောက်ရှင်သန်လျက်ရှိသော ထန်း၊ တမာစသည့် ကြီးမြန်လေကာပင်များလည်း စိုက်ပျိုးထားရှိသွားရန် မှာကြားခဲ့သည်။

အလားတူ ဝက်လက်မြို့နယ် လှတောကျေးရွာနှင့် စိုင်နိုင်ကြီးကျေးရွာ နည်းပညာပေးစင်တာများရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးမှူးများ၏ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ စိုင်နိုင်ကြီးကျေးရွာ မျိုးစေ့သိုလှောင်ရုံ တည်ဆောက်ပြီးစီးမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှတ်တရ သစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ဖွားဖတ်တော်(ညောင်ပင်)ကို စိုက်ပျိုးပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ရွှေဘိုမြို့နယ် တဂဏန်းကျေးရွာ မျိုးစေ့သန့်စင်စက်လက်တွေ့အသုံးပြုနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

13.6.2020sgg00813.6.2020sgg00913.6.2020sgg01013.6.2020sgg01113.6.2020sgg01213.6.2020sgg01313.6.2020sgg01413.6.2020sgg01513.6.2020sgg01613.6.2020sgg017

လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်တို့သည် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် မုံရွာမြို့ပေါ်ရှိ နန္ဒဝန်အိမ်ရာစခန်းအတွင်းနှင့် ဒေါနခြံရပ်က

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်း၊ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက မုံရွာမြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေး ဆောင်ရွက် လျက်ရှိသော နန္ဒဝန်အိမ်ရာစခန်းအတွင်းနှင့် ဒေါနခြံရပ်ကွက်အတွင်းတို့ရှိ Facility Based Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော တာဝန်ရှိသူများနှင့်တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

အဆိုပါ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က မုံရွာမြို့ပေါ်ရှိ နန္ဒဝန်အိမ်ရာစခန်း Facility Based Quarantine Center တွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းဂုဏ်ပြုလက်မှတ်များ၊ တံဆိပ်များ နှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအဖြစ် Mask နှင့် Hand Gel များအပြင် ကိုယ်ဝန်ဆောင်နှင့် (၅)နှစ်အောက် ကလေး(၇)ဦး အတွက် တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၁၀၀၀၀)ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဒေါနခြံရပ်ကွက် Facility Based Quarantine Center တွင်လည်းအလားတူ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

13.6.2020sgg00113.6.2020sgg00213.6.2020sgg00313.6.2020sgg00413.6.2020sgg00513.6.2020sgg00613.6.2020sgg007

ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ် နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စာစောင်များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ဝေသည့် ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ် နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ သို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးမျိုးမောင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်တို့ နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဇော်တို့ တက်ရောက် ကြသည်။

အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့် က ဖြောင့်မှတ်တည်ကြည်မှမြှင့်တင်ရေး ပညာပေး အစီအစဉ် အခြေခံပညာအထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၁)၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်း စာစောင်(၁)၊(၂) စုစုပေါင်း(၄)မျိုးဖြစ်ပြီး ကော်မရှင်၏ လူထုပညာပေးရေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တရားသူကြီးများမှ လေ့လာဖတ်ရှု၍ အသိပညာများဖြန့်ဝေပေးနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် အများပြည်သူတို့နှင့်အတူ လက်တွဲ၍ အဂတိလိုက်စားမှုများကို တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါရန် ရည်ရွယ်ပြီး လှူဒါန်လွှဲပြောင်းပေးအပ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ရည်ညွှန်းစာစောင် ၁၃၀ စုံကို လွှဲပြောင်းပေးအပ် ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြာခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

12.6.2020sgg00112.6.2020sgg00212.6.2020sgg00312.6.2020sgg00512.6.2020sgg00712.6.2020sgg00812.6.2020sgg00912.6.2020sgg01012.6.2020sgg011

စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၁-၆-၂၀၂၀)ရက်နေ့ (၁၄၀၀)နာရီချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်များမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုန်စည်များတွင် မြန်မာ ဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရန် ထုတ်ပြန် ထား သည့် ကုန်စည်များ အနက် တစ်နှစ်တာအတွင်း ဦးစားပေး ဆောင်ရွက် ရမည့် ကုန်စည်(၁၀)မျိုးစာရင်းအား ရွေးချယ် အတည်ပြုခြင်းနှင့် စားသုံးသူများ ၏ နစ်နာဆုံးရှုံးမှုများအား တိုင်ကြားထားရှိမှုနှင့်စပ်လျဉ်း၍ ဖြေရှင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

11.6.2020sgg01211.6.2020sgg01311.6.2020sgg01511.6.2020sgg01611.6.2020sgg01711.6.2020sgg018

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၁၀.၆.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၉.၆.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၆၇၃)ခုအား ပြန်လည် ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၁၀.၆.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၇)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၆၈၀)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေး အဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

10.6.2020sgg001

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၉.၆.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၈.၆.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၆၆၈)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၉.၆.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၅)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့်စစ်ကိုင်းတိုင်းဒေသကြီး အတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၆၇၃)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေး အဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

9.6.2020sggo19

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၈.၆.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၇.၆.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၆၅၀)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၈.၆.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၁၈)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့်စစ်ကိုင်းတိုင်းဒေသကြီး အတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၆၆၈)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေး အဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

IMG 20200608 0006

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon