စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သဖန်းဆိပ်ဆည် အတွင်း ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ (၁၉.၆.၂၀၂၀) မွန်းတည့်(၁၂)နာရီ အချိန်တွင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ငါး/ပုစွန်မျိုးစိုက်ထည့်ပွဲသို့ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ငါးမြစ်ချင်း အကောင်ရေ(၁)သိန်း၊ ထိုင်းငါးခုံးမ အကောင်ရေ(၁)သိန်း၊ တောင်ပေါ်ငါးသလောက် အကောင်ရေ(၂)သောင်း ၊ ငါးပြေမ အကောင်ရေ(၂)သောင်း၊ ရေချိုပုစွန်ထုတ်(PL) အကောင်ရေ(၂)သောင်းနှင့် ရေချိုပုစွန်ထုတ်ကြီး အကောင်ရေ(၁၂၀၀)၊ စုစုပေါင်းအကောင်ရေ(၂၆၁၂၀၀)ကို စုပေါင်းစိုက်ထည့် ပေးခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ငါးမျိုးစိုက်ထည့်ပွဲ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ အတွင်း​ရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်း​ဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် (၇)နာရီက မုံရွာမြို့ ၊ ကန်သာယာ ရွှေလိမ္မော်ကျွန်း၌ ကျင်းပပြုလုပ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က အဆိုပါ ကန်သာယာကန်အတွင်းသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်ပြီး ငါးမျိုးများမပြုန်းအောင် နဲ့ ပြည်သူတွေ စားနပ်ရိက္ခာဖူလို့ဖို့အတွက် ရည်ရွယ်ပြီး ငါးမြစ်ချင်းအ​ကောင်​ရေ (၁)သိန်း၊ ထိုင်းငါးခုံးမအ​ကောင်​ရေ (၈​)သောင်း၊ တောင်ပေါ်ငါးသလောက် အ​ကောင်​ရေ (၂)​သောင်း စုစုပေါင်း ငါးသားပေါက် အ​ကောင်​ရေ(၂)သိန်းကို စုပေါင်းစိုက်ထည့် ပေးခဲ့ကြပါသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲ့သို့ တက်ရောက်လာကြသူများအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒသကြီးငါးလုပ်ငန်းဉီးစီးဌာနမှ ထုတ်ဝေသော COVID-19ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၁၈.၆.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ်ရေး အတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီ ပိတ်သိမ်းခြင်းတို့နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ(၁၇.၆.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊အလုပ်ရုံ၊ အလုပ်ဌာန(၇၀၄)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ် များ ထုတ်ပေးပြီးဖြစ်ကြောင်း ၊ (၁၈.၆.၂၀၂၀)နေ့တွင် သတ်မှတ်ချက် များနှင့်အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော မြန်မာနိုင်ငံစဉ်အသင်း၊ ကျောက်မြောင်းမြို့၊ ရွှေဘိုမြို့နယ်၏ E. Free စွမ်းအားမြင့် မီးဖို ထုတ်လုပ်ရေး စက်ရုံ ၊ အလုပ်ရုံ၊ အလုပ်ဌာန (၁)ခုကိုလည်း ဖွင့်လှစ် ခွင့်လက်မှတ်များထုတ်ပေးထားရှိကြောင်း ၊ ထို့ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာန စုစုပေါင်း(၇၀၅)ခု ဖွင့်လှစ် လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

 

စစ်ကိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို (၁၆.၆.၂၀၂၀)ရက်နေ့ နံနက်(၁၀၀၀)နာရီချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်လှနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး စစ်ကိုင်းမြို့နယ်အတွင်း ဆောင်ရွက်မည့်ကော်မတီသို့ တင်ပြလာသည့် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် Manufacturing of Various Kinds of Signal Cable on CMP Basis လုပ်ငန်းဆောင်ရွက်မည့် Dehong Technology (Sagaing) Co., Ltd. နှင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုလက်မှုသက်မွေးသင်တန်း‌ကျောင်းပါဝင်သော ကျောက်စိမ်း/ ကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာထုတ်လုပ်မှုလုပ်ငန်း၊ Biodiversity Garden၊ Minerals & Rock Garden များပါဝင်သော အပန်းဖြေဉယျာဉ်လုပ်ငန်းတို့ ဆောင်ရွက် မည့် Pyi Kyaw Aung Htay Gems Co., Ltd. တို့အား အတည်ပြုမိန့် ထုတ်ပေးနိုင်ရေး ဆွေးနွေး ခဲ့ကြပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ သန်း၊ မြန်မာကျပ်ငွေ ၂၅၆၅.၃၅ သန်း နှင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ပြည်တွင်း ၃၃၇၈ ဦးနှင့် ပြည်ပ ၃၆ ဦးတို့အား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

16.6.2020sgg02016.6.2020sgg01816.6.2020sgg01916.6.2020sgg02216.6.2020sgg02316.6.2020sgg02416.6.2020sgg025

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေးခြင်း

(၁၅-၆-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးစိုးဦးသည် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူး နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် အတူ စစ်ကိုင်းခရိုင်မြေအသုံးချရေးဓာတ်ခွဲခန်းသို့ သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ရာ ခရိုင်ဦးစီးမှူးမှ ဓာတ်ခွဲခန်းတွင် မြေဆီလွှာနှင့် ရေအရည်အသွေး စစ်ဆေးဆောင်ရွက်နိုင်မှုအခြေအနေနှင့် ဓာတ်မြေဩဇာ အရည်အသွေး စစ်ဆေးမှုများအား လက်တွေ့စမ်းသပ်ဆောင်ရွက်ပြသခဲ့ပါ သည်။ ဝန်ကြီးမှ စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာနှင့် တောင်ရင်း ကျေးရွာများ ပတ်ဝန်းကျင်ရှိ ရေမျက်ကြီးအင်းအနီး ဆားပေါက်မြေများအား လိုအပ် သည့် ဓာတ်ခွဲစမ်းသပ်မှုများပြုလုပ်၍ မြေဆီလွှာပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် လမ်းညွှန်မှာ ကြားခဲ့ပြီး အုန်းတောစိုက်ပျိုးရေး ရှေ့တန်းစခန်း တွင် တောင်သူများနှင့်တွေ့ဆုံခဲ့၍ အုန်းတော KC ပြုပြင် ထားရှိမှုနှင့် Home Garden စိုက်ပျိုးမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး ခဲ့ပါသည်။
ဆက်လက်၍ မြင်းမူမြို့နယ်၊ အလ္လကပ္ပနည်းပညာ ပြန့်ပွားရေး စင်တာသို့ ရောက်ရှိခဲ့ ပြီး တာဝန်ရှိသူများမှ KC ဧရိယာအတွင်း ဆောင်ရွက်လျှက်ရှိသော အခြေအနေများ၊ Home Garden တွင် Drip Irrigation နှင့် Sprinkler Irrigation ဖြင့် စိုက်ပျိုးပြသထားသည့် ဟင်းသီးဟင်းရွက် စိုက်ခင်းအား လေ့လာကြည့်ရှု စစ်ဆေးခဲ့ပြီး ချောင်းဦး မြို့နယ်၊ ခင်မွန်နည်းပညာပြန့်ပွားရေးစင်တာ အတွင်း ဆောင်ရွက်ထားရှိ မှုများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်မှ နည်းပညာပြန့်ပွားရေးစင်တာတွင် လိုအပ်လျှက်ရှိသည့် ရေရရှိရေး၊ လျှပ်စစ်မီးနှင့် ရုံးဝန်းလုံခြုံရေးကိစ္စများအား တင်ပြမှုအပေါ် ဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

16.6.2020sgg00816.6.2020sgg00916.6.2020sgg001016.6.2020sgg001116.6.2020sgg001216.6.2020sgg001316.6.2020sgg001416.6.2020sgg001516.6.2020sgg001616.6.2020sgg0017

 

စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်အစဉ်(၁/၂၀၂၀) ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်အစဉ်(၁/၂၀၂၀)ကို (၁၆.၆.၂၀၂၀)ရက် နံနက် (၁၀၀၀)နာရီ အချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌတို့ တက်ရောက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ယာအန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဥက္ကဌ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ ကမ္ဘာပေါ်တွင် (၁)နာရီတိုင်းတွင် ယာဉ်အန္တရာယ် ကြောင့် လူ(၁၂၅)ဦးခန့် သေဆုံးကာ (၅၇၀၀)ဦးခန့် ဒဏ်ရာ ရလျက် ရှိကြောင်း၊ မြန်မာနိုင်ငံမှာလည်း နှစ်စဉ် ယာဉ်အန္တရာယ်ကြောင့် လူ(၄၀၀၀)ဦးခန့် သေဆုံးကာ (၂၅၀၀၀)ကျော်ဦးခန့် ဒဏ်ရာရရှိကာ ဒုက္ခိတဘဝကို ရောက်ရှိ နေရပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ လ အထိ ယာဉ်တိုက်မှု (၄၇၄၉)မှု၊ သေဆုံးသူ(၁၆၈၄)ဦးနဲ့ ဒဏ်ရာရသူ (၆၉၁၄)ဦးဖြစ်လာတာ တွေ့ရှိ ရပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာလည်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီ လ အထိ ယာဉ်တိုက်မှု (၄၄၇)မှု၊ သေဆုံးသူ(၁၆၆)ဦးနဲ့ ဒဏ်ရာရသူ(၆၈၀)ဦး ဖြစ်လာတာ တွေ့ရှိရပါ ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် အသိပညာ ပေးခြင်းများ၊ စည်းကမ်းပျက်ယာဉ်များ စစ်ဆေး အရေးယူခြင်းများကို အရှိအဟုန်မြှင့် ဆောင်ရွက်နေတာကို တွေ့ရ ပါကြောင်း၊ ယာဉ်အန္တရာယ်လျော့နည်းကျဆင်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့ တစ်ခုထဲဆောင်ရွက်နေပါက မအောင်မြင်ဘူး ဆိုတာကို တွေ့ရမှာဖြစ်ပါကြောင်း၊ လမ်းမပေါ်တွေမှာ အများပြည်သူတွေ သွားလာ နေကြတာ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်ထဲက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိနားလည်နေရုံနဲ့ မပြီးဘဲ လမ်းအသုံးပြုသူအားလုံး သိရှိနားလည်နေဖို့ လိုအပ်ပါကြောင်း နှင့် တာဝန်ရှိသူတွေရယ် ပြည်သူတွေရယ် အားလုံးပူးပေါင်းဆောင်ရွက်ပါမှ အောင်မြင်မှာ ဖြစ်ပါကြောင်း၊ ထုတ်ပြန်ထားတဲ့ စည်းကမ်း၊ ဥပဒေ တွေသိရှိလိုက်နာဖို့ အသိပညာ ပေးခြင်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးနဲ့ စစ်ဆေးအရေးယူမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများက တာဝန်ကျေမဟုတ်ဘဲ အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြပါရန်နှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ မှလည်း လိုအပ်ချက်များကို အားလုံး ဝိုင်ဝန်း အကြံပြု ဆွေးနွေးပေးကြပါလို့ တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ ဥက္ကဌ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း၊ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီ ဥက္ကဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ဘဏ္ဍာရေးဆပ်ကော်မတီ ဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ပညာပေးရေးနှင့် စစ်ဆေး အရေးယူရေးဆပ်ကော်မတီ အတွင်းရေးမှူး၊စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ကိုယ်စား ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ အတွင်းရေးမှူး စစ်ကိုင်းတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစန်းယု နှင် တွဲဘက်အတွင်းရေးမှူး အမှတ်(၁၇) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးကိုကိုနိုင် စသည့်သက်ဆိုင်ရာ ဆပ်ကော်မတီများ၏ ကဏ္ဍများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို အသေးစိတ်ကျယ်ကျပ်ပြန့်ပြန့် ပရိုဂျက်တာများဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာကြသူများ၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးဆွေးနွေးခဲ့ကြမှုများအပေါ် ခြုံငုံသုံးသပ်ပြီး နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၁၇) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း)က ၂၀၂၀ ပြည့်နှစ် မေလ(၂၆)ရက်နေ့တွင် အသစ်ပြဌာန်းထားသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေစာအုပ်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ(၂၀၂၀) လက်ကမ်း စာစောင်များကို တက်ရောက်လာကြသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

16.6.2020sgg00116.6.2020sgg00216.6.2020sgg00316.6.2020sgg00416.6.2020sgg00516.6.2020sgg00616.6.2020sgg007

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၁၅.၆.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၁၄.၆.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၆၈၀)ခုအား ပြန်လည် ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၁၅.၆.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၂၄)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၇၀၄)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေး အဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

15.6.2020sgg00115.6.2020sgg002

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon