စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်တွင်းဖြစ်ပိတ်စ နှာခေါင်းစည်းချုပ်လုပ်မှုပြိုင်ပွဲတွင် ပြည်သူ့အကျိုးပြုဆု၌ ဒုတိယဆုရရှိသူ ဒေါ်မေဖြူစင်ငြိမ်း(May Phyu Sin Nyein)အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ Facebook Account မှ ၂၀၂၀ ပြည့်နှစ် မေလအတွင်းက ကျင်းပပြုလုပ်ခဲ့သော Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်တွင်းဖြစ်ပိတ်စ နှာခေါင်းစည်း ချုပ်လုပ်မှု ပြိုင်ပွဲတွင် ပြည်သူ့အကျိုးပြုဆု၌ ဒုတိယဆုရရှိသူ ဒေါ်မေဖြူစင်ငြိမ်း(May Phyu Sin Nyein)အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုဆုပြန်လည်ပေးအပ်သည့် အခမ်းအနားကို (၃၀.၆.၂၀၂၀) ရက်နေ့ နံနက်(၀၉၃၀)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က Covid-19 ကာကွယ် ထိန်းချုပ်ရေးအတွက်လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် လမ်းညွှန်အမှာစကားပြောကြားပြီး Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း ချုပ်လုပ်မှုပြိုင်ပွဲတွင် ပြည်သူ့အကျိုးပြုဆု၌ ဒုတိယဆုရရှိသူ ဒေါ်မေဖြူစင်ငြိမ်း (May Phyu Sin Nyein)အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကချီးမြှင့်သည့် ဂုဏ်ပြုဆုနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမှတ်တရဂုဏ်ပြုလက်ဆောင် ပစ္စည်းများပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် ဆုရရှိသူဒေါ်မေဖြူစင်ငြိမ်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကာ အခမ်းအနားကို နံနက်(၁၀၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။


Visit us at Facebook page  

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၂၆.၆.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေး အတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း (၂၇.၄.၂၀၂၀)နေ့မှ(၂၅.၆.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊အလုပ်ရုံ၊ အလုပ်ဌာန(၇၀၈)ခုအား ပြန်လည် ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၂၆.၆.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၆)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာန စုစုပေါင်း(၇၁၄)ခု ဖွင့်လှစ် လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆောင်ရွက်လျက် ရှိပါသည်။

26.6.2020sgg00

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၂၅.၆.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း (၂၇.၄.၂၀၂၀)နေ့မှ(၂၄.၆.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊အလုပ်ရုံ၊ အလုပ်ဌာန(၇၀၇)ခုအား ပြန်လည် ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၂၅.၆.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၁)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာန စုစုပေါင်း(၇၀၈)ခု ဖွင့်လှစ် လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

25.6.2020sgg02

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 Fund ချေးငွေ ရရှိမှုအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ COVID-19ကြောင့် ထိခိုက်မှုရှိသော နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ (Stimulus Package) အဆိုပြုလျှောက်လွှာများကို (၃၀-၃-၂၀၂၀)ရက်နေ့မှ (၉-၄-၂၀၂၀)ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးတွင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးတွဲစိစစ်လက်ခံခဲ့ရာ ချေးငွေလျှောက်ထားသည့် လုပ်ငန်းရှင်ပေါင်း (၂၉၇)ဦးရှိပြီး စုစုပေါင်းချေးငွေ ကျပ်(၂၁၁၄၆.၀၀၀)သန်းကို အဆိုပြုတင်ပြခဲ့ပါသည်။


အဆိုပါ ချေးငွေလျှောက်ထားသည့်လုပ်ငန်းရှင်များအနက်မှ COVID-19 Fund ခေျးငွေ(ပထမအကြိမ်)အဖြစ် (၄-၆-၂၀၂၀) ရက်နေ့တွင် လုပ်ငန်းရှင်(၅)ဦးအတွက် ကျပ်(၁၁၀.၀၀၀)သန်းကို လည်းကောင်း၊ COVID-19 Fund ချေးငွေ (ဒုတိယအကြိမ်) အဖြစ်(၅-၆-၂၀၂၀) ရက်နေ့တွင် လုပ်ငန်းရှင်(၁၄)ဦးအတွက်ကျပ် (၃၄၀.၀၀၀) သန်းကို လည်းကောင်း၊ COVID-19 Fund ချေးငွေ (တတိယအကြိမ်) အဖြစ် (၂၂-၆-၂၀၂၀)ရက်နေ့တွင် လုပ်ငန်းရှင် (၂၃၇)ဦးအတွက် ကျပ် (၅၁၅၇.၅၀၀) သန်းကို လည်းကောင်း ချေးငွေရရှိထုတ်ချေးပေးပြီဖြစ်ပါသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 Fund ချေးငွေ လျှောက်ထားသည့် လုပ်ငန်းရှင် စုစုပေါင်း (၂၉၇)ဦး၏ အဆိုပြု လျှောက်ထားငွေ ကျပ် (၂၁၁၄၆.၀၀၀) အနက်မှ (၂၂-၆-၂၀၂၀) ရက်နေ့အထိ လုပ်ငန်းရှင်(၂၅၆)ဦးအတွက် စုစုပေါင်း ချေးငွေ ကျပ်(၅၆၀၇.၅၀၀) သန်းအား ထုတ်‌ချေးပြီး ကျန်ရှိနေသည့်လုပ်ငန်းရှင်များကိုလည်း အမြန်ဆုံး ချေးငွေရရှိနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါသည်။


မှတ်ချက်။ ။ အတိုးနှုန်းမှာ ကျပ်သိန်း(၁၀၀)အတွက်တစ်နှစ်လျှင် ကျပ်(၁)သိန်းနှုန်းသာကောက်ခံပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၂၄.၆.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ(၂၃.၆.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊အလုပ်ရုံ၊ အလုပ်ဌာန(၇၀၅)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၂၄.၆.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၂)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာန စုစုပေါင်း(၇၀၇)ခု ဖွင့်လှစ် လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

24.6.20 sggnews

ခရီးသွားလုပ်ငန်းကော်မတီ၏(၂/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဆောင်၍ (၂/၂၀၂၀)ကြိမ်မြောက် ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို (၂၃-၆-၂၀၂၀)ရက်နေ့ နံနက်(၁၀၀၀)နာရီချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ခရိုင်ခရီးစဉ်ဒေသ ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီအား ပြင်ဆင်ဖွဲ့စည်းရန် ညွှန်ကြားထားရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၀၁၆)ခုနှစ်ထိ ဟိုတယ်၊တည်းခိုရိပ်သာ(၂၁)လုံးသာရှိပြီး၊ ယခု ၂၀၂၀ ခုနှစ် ၊ ဇွန်လအထိ ဟိုတယ်၊ တည်းခိုရိပ်သာ (၅၇)လုံးထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် COVID-19အလွန်ကာလတွင် ပြည်ထောင်စုဝန်ကြီးဌာန၏ လေ့ကျင့်ပညာပေးရေးရန်ပုံငွေဖြင့် ဖွင့်လှစ်မည့် ကျန်းမာရေး၊ အစားအသောက် များသန့်ရှင်းရေး၊ ခရီးသွားများ လုံခြုံမှုရှိစေရေးနှင့် ပတ်သက်သည့် သင်တန်းများကို မင်းကွန်း ဒေသတွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လနှင့် သြဂုတ်လများတွင် သင်တန်းများပို့ချပြီး မုံရွာမြို့နှင့် ကလေးမြို့များတွင် ဇူလိုင်လကုန်ပိုင်းတွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ ယခင် ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ ဧည့်စာရင်းများပေးပို့ရာတွင် ဌာန၊အဖွဲ့အစည်းပေါင်း(၁၂)ဖွဲ့သို့ နေ့စဉ် ပေးပို့နေရသည့်အတွက် ဖြေလျော့ပေးနိုင်ပါရန် တင်ပြလာမှုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဟိုတယ်၊ တည်းခိုရိပ်သာများမှ နေ့စဉ်ဧည့်စာရင်းပေးပို့ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့သာ ပေးပို့နိုင်ရေး ညွှန်ကြားဆောင်ရွက်နိုင်ခဲ့ကြောင်း ဆွေးနွေးခဲ့ပါသည်။ 

srg 23.6.20 news04srg 23.6.20 news05

COVID -19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အသက်ရှုစက်များပေးအပ်လှူဒါန်းပွဲကျင်းပ

 (၂၃..၂၀၂၀)ရက်နေ့နံနက်(၀၉၀၀)နာရီအချိန်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ COVID -19 ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက်အသက်ရှုစက်များပေးအပ်လှူဒါန်းပွဲကျင်းပခဲ့ရာဉီးမျိုးဝင်း+ သီဟသုဓမ္မသိင်္ဂီဒေါ်မြမြဝင်း(အောင်မြသန်းရေယာဉ်မိသားစု) မုံရွာမြို့နှင့်အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဒေါက်တာဒေါ်စန်းစန်းမိသားစု၊ ရန်ကုန်မြို့တို့မှ အသက်ရှုစက်()လုံးကိုစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လက်ခံခဲ့ကြောင်းသတင်းရရှိပါသည်။

 

srg 23.6.20 news02srg 23.6.20 news03

 

 

 

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon