စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ပြည်သူသို့ အသိပေးပန်ကြားချက်

၁။ “(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရအာဇာနည်နေ့အခမ်းအနားများ ကျင်းပရာတွင် ၎င်းအခမ်းအနားများကို အကျဉ်းချုံး ဆောင်ရွက်ရမည်’’ ဖြစ်ပါသဖြင့် တိုင်းဒေသကြီး အဆင့်တွင် (၇၃) နှစ်မြောက် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချ အလံတင်အလေးပြု အခမ်းအနားကို (၁၉-၇-၂၀၂၀) နံနက် (၁၀၃၇)နာရီ အချိန်တွင် မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။


၂။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နံနက် (၀၆၀၀) နာရီအချိန်မှ စတင်၍ နံနက် (၁၀၀၀) နာရီအချိန်အတွင်း၌ လွမ်းသူပန်းခွေချအလေးပြုခြင်းဖြင့်လည်းကောင်း၊ နံနက် (၁၀၀၀)နာရီအချိန်မှ (၁၁၀၀)နာရီအချိန်ထိအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ နိုင်ငံရေးပါတီများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းဖြင့် လည်းကောင်း၊ ပြည်သူလူထုအနေဖြင့် ထပ်မံ၍အလေးပြုဆောင်ရွက်လိုပါက နံနက် (၁၁၀၀) နာရီအချိန်မှ နေ့လည် (၁၃၀၀)နာရီအချိန်အတွင်း၌လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းများကို ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အားလုံးမှအသိစိတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် ဖြစ်ပါသည်။


၃။ လွမ်းသူပန်းခွေများကို မုံရွာမြို့ မြို့တော်ခန်းမရှိ လုံခြုံရေးဆပ်ကော်မတီသို့ ကြိုတင်ယူ ဆောင်လာပြီး လုံခြုံရေးစစ်ဆေးမှုခံယူပြီးမှသာ ပြည်သူများအနေဖြင့် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းများဆောင်ရွက်ကြပါရန်၊ အားလုံးကိုယ်စီ Mask တပ်ဆင်ကြရန်၊ Social Distancing (၆) ပေ အကွာစီဖြင့် အလေးပြုနိုင်ရေး စီမံဆောင်ရွက်ပေးထားသည့် သတ်မှတ်နေရာများမှသာ လွမ်းသူ့ ပန်းခွေချအလေးပြုကြရန်၊ အဖွဲ့အစည်း(၁)ခုလျှင် (၅)ဦးထက်မပိုသော လူအင်အားဖြင့်သာ အလေးပြုဆောင်ရွက်ပေးပါရန်နှင့် မလိုလားအပ်သော လုံခြုံရေးကျိုးပေါက်မှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ပြည်သူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံ အသိပေး ပန်ကြားအပ်ပါသည်။


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၆.၇.၂၀၂၀)ရက် နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေး အတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၅.၇.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၇၂၈)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၆.၇.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၁)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၇၂၉)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

6.7.2020 sggnews 01

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၂.၇.၂၀၂၀)ရက် နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၁.၇.၂၀၂၀)နေ့ အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၇၂၆)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၂.၇.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၂)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေး ထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၇၂၈)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

2.7.20 sggnews01

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၁.၇.၂၀၂၀)ရက် နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေး အတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ(၃၀.၆.၂၀၂၀)နေ့ အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊အလုပ်ရုံ၊ အလုပ်ဌာန(၇၂၄)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၁.၇.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များ နှင့်အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၂)ခုကိုလည်း ဖွင့်လှစ် ခွင့်လက်မှတ်များ ထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၇၂၆)ခု ဖွင့်လှစ် လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေး အဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID -19) ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် Face Mask နှင့် PPE ဝတ်စုံများ လှူဒါန်းပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် ဦးဆောင် သောအဖွဲ့သည် (၁.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်သော Coronavirus Disease 2019 (COVID -19) ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် MYANMAR CNMC NICKEL Co,Ltd မှ Face Mask နှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID -19) ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် MYANMAR CNMC NICKEL Co,Ltd မှ ဒေါ်မြတ်စုလွင် ဦးဆောင်သောအဖွဲ့က ငွေကျပ် (၆၁)သိန်းတန်ဘိုးရှိသော Face Mask (၂၀၀၀၀)ခုနှင့် PPE ဝတ်စုံ(၁၀၀)စုံတို့အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးစိုးလွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်တို့မှ လက်ခံရယူခဲ့ကြောင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

1.7.20 sggnews 011.7.20 sggnews 02

၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့စရိတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

(၃၀.၆.၂၀၂၀) ရက်နေ့ နံနက်(၁၁၃၀)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုသော ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၂၀၂၀-၂၀၂၁ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/သမီးများအတွက် တက္ကသိုလ်/ကောလိပ်အဆင့်တွင် တစ်ဦးလျှင်(၁၂၀၀၀ဝိ/-)နှုန်းဖြင့် (၇)ဦးအတွက် ၈၄၀၀၀ဝိ/-၊ အထက်တန်းအဆင့်တွင် တစ်ဦးလျှင်(၉၀၀၀ဝိ/-)နှုန်းဖြင့် (၁၂)ဦးအတွက် ၁၀၈၀၀၀ဝိ/-၊ အလယ်တန်းအဆင့်တွင် တစ်ဦးလျှင်(၇၀၀၀ဝိ/-)နှုန်းဖြင့် (၂၂)ဦးအတွက် ၁၅၄၀၀၀ဝိ/-၊ မူလတန်းအဆင့်တွင် တစ်ဦးလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် (၃၄)ဦးအတွက် ၁၇၀၀၀၀ဝိ/-၊ ပညာသင်ထောက်ပံ့ စရိတ်စုစုပေါင်း (၅၁၆၀၀၀ဝိ/-) ကို ပေးအပ်ချီးမြှင့်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက လက်ခံရယူခဲ့ပါသည်။

30.6.20 sggnews01

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon