စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံများအား (၁၁.၅.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့် ပြုကြောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမှု အခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၁၀.၅.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊အလုပ်ဌာန(၂၈၅)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၁၁.၅.၂၀၂၀)နေ့တွင် သတ်မှတ်ချက် များနှင့်အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၃)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိပြီးဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာန စုစုပေါင်း(၂၈၈)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

 

စဉ်

စက်ရုံ ၊ အလုပ်ရုံအမည်

ပိုင်ရှင်အမည်

တည်နေရာ

Tu Tu Microfinance WCI Myanmar (ခင်ဦးရုံးခွဲ)

Mr. Park Dong Hoon(ကိုရီးယား)

အိမ်အမှတ် ၃၅၃/၃၅၄၊ မြကန်သာရပ်၊ ခင်ဦးမြို့

Usually ရေသန့်စက်ရုံ

ဦးမောင်စိုး

အမှတ် ၃၄၂၊ (၃)လမ်း၊မြကန်သာရပ်၊

ခင်ဦးမြို့

မြတ်ကျွန်းသာ အသေးစား ငွေချေးလုပ်ငန်း

ဒေါ်စုစန္ဒာမြင့်

အမှတ်(၃)ရပ်ကွက်၊ဝက်လက်မြို့