ကျန်းမာရေးကဏ္ဍ

Coronavirus Disease 2019 (COVID -19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား စည်ပင်သာယာရေးဝန်ကြီးမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

(၇.၄.၂၀၂၀)ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ ဦးမြင့်ကြည် ဦးဆောင်သော အဖွဲ့သည် ယင်းမာပင်မြို့နယ်၊ စည်ပင် သာယာရေး ကော်မတီရုံးနှင့် Community Based Facility Quarantine အဖြစ် ထားရှိဆောင်ရွက်မည့် အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းသို့ ရောက်ရှိပြီး လိုအပ်သည့် ဆေးဝါးနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ (၁၃၀၀)နာရီတွင် ပုလဲမြို့သို့ ရောက်ရှိပြီး Community Based Facility Quarantine အဖြစ် ဆောင်ရွက်ထားရှိသော အ.ထ.က(ပုလဲ)၌ ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပြီး တနယ်ကျေးရွာနှင့် ပန်းကျေးရွာများသို့ သွားရောက်ကာ လိုအပ်သည့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ (၁၆၀၀)နာရီတွင် ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံး၌ (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့်အစီအမံများ ဖြည့်စွက် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

7-4-2020 sgg 0017-4-2020 sgg 0027-4-2020 sgg 0037-4-2020 sgg 0047-4-2020 sgg 0057-4-2020 sgg 006

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon