ကျန်းမာရေးကဏ္ဍ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးသည် COVID -19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှု့ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြပ်မတ် ဆောင်ရွက်နိုင်ရေးအတွက် မုံရွာခရိုင်အတွင်းရှိ ဘုတလင်၊ အရာတော်၊ ချောင်းဉီးမြို့နယ်များသို့ သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့်အတူ Community Based Facility Quarantine အဖြစ် ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု့ စစ်ဆေးပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များမှ လှူဒါန်းမှုများကို လက်ခံပေးခြင်း၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်လုပ်ငန်း ကော်မတီဝင်များနှင့်အတူ မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ COVID-19 Isolation Hospital အပြီးသတ်တည်ဆောက်နေမှု အခြေအနေနှင့် အဝေးပြေးကားဝင်းအတွင်း ပိုးသတ်ဆေး ဖျန်းခြင်းများကို ကြည့်ရှု့စစ်ဆေးပြီး အရာတော်မြို့ မြို့ဝင်/ထွက်များတွင် fever screening ဆောင်ရွက်နေမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ပြီးနောက် တာဝန်ရှိသူများထံ non touch thermometer ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ Community Based Facility Quarantine ထားရှိရာ လယ်တီ၊ မကျည်းဇောက်၊ ငါးရဟိုးနှင့် ဆိတ်ဖူးကြီး ကျေးရွာတို့ကို လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး အရာတော်မြို့မဈေးအား ဝင်ရောက် စစ်ဆေးခဲ့ပါသည်။

(၃၀.၃.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် ကူးစက်ရောဂါတွေ့ရှိသူ လူနာအမှတ်(၈) သွားလာခဲ့သည့် နေရာဖြစ်သော ယင်းမာပင်ခရိုင်အတွင်းရှိ ရွှေတောင်ဉီးစေတီတော်သို့ သွားရောက်၍ ဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းပြီး လိုအပ်သည်များဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

30-3-2020 sgg 00930-3-2020 sgg 01030-3-2020 sgg 01130-3-2020 sgg 01230-3-2020 sgg 01330-3-2020 sgg 01430-3-2020 sgg 01530-3-2020 sgg 01630-3-2020 sgg 01730-3-2020 sgg 01830-3-2020 sgg 01930-3-2020 sgg 02030-3-2020 sgg 02130-3-2020 sgg 02230-3-2020 sgg 02330-3-2020 sgg 02430-3-2020 sgg 025

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon