ကျန်းမာရေးကဏ္ဍ

Coronavirus Disease 2019 (COVID -19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးမှ ကွင်းဆင်းကြည့်ရှု စစ်ဆေး

(၂၉-၃-၂၀၂၀)ရက်နေ့ (၁၁၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် ဦးဆောင်သောအဖွဲ့သည် (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ချင်းတွင်းတံတားဂိတ်သို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။ ထို့နောက် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ပြည့်သူ့ဆေးရုံသို့ ရောက်ရှိပြီး (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ဈေးများ၊ စားသောက်ဆိုင်များသို့ သွားရောက်ပြီး (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အဆင့်ဆင့်တို့မှ ထုတ်ပြန်ပေးသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိနှင့် လိုက်နာဆောင်ရွက်ကြစေရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် သရက်ပင်တိုက်နယ်ဆေးရုံသို့ သွားရောက်ခဲ့ပြီး (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများအား စစ်ဆေး၍ ဆွေးနွေးမှာကြား ဆောင်ရွက်ခဲ့ပါသည်။

29-3-2020 sgg 00129-3-2020 sgg 00229-3-2020 sgg 00329-3-2020 sgg 00429-3-2020 sgg 00529-3-2020 sgg 00629-3-2020 sgg 00729-3-2020 sgg 008

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon