ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၀ ပြည့်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂၈.၂.၂၀၂၀)ရက်နေ့ ညနေ (၁၆:၀၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ခရိုင်များမှ အားကစားသမားများနှင့် အသင်းခေါင်းဆောင် နည်းပြများ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တံခွန်စိုက်ဖလား ရရှိခဲ့ကြသည့် မုံရွာခရိုင်မှ အမျိုးသား/ အမျိုးသမီးအသင်းတို့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က လည်းကောင်း၊ ပြိုင်ပွဲအလိုက် ဆုရရှိသူများအား တာဝန်ရှိသူများမှ လည်းကောင်း၊ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

28-2-2020 sgg 00128-2-2020 sgg 00228-2-2020 sgg 00328-2-2020 sgg 00428-2-2020 sgg 00528-2-2020 sgg 00628-2-2020 sgg 00728-2-2020 sgg 008