စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲ အခမ်းအနားကို (၂၇.၂.၂၀၂၀)ရက်နေ့ နေ့လည် (၁၄၀၀)နာရီအချိန် မုံရွာမြို့ အ.ထ.က(၂)အနီး၊ ဆေးရုံကြီးလမ်း၊ ဒေါနခြံရပ်ကွက်ရှိ လူငယ်စင်တာ အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့ကာ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသော လူမှုရေးဝန်ကြီးနှင့် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် လူငယ်ရေးရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဒုတိယပိုင်း အစီအစဉ်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဉက္ကဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းတို့မှ အမှာစကား ပြောကြားခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူးမှ လူငယ်စင်တာရရှိရေး ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး (၁၅၃၀)နာရီ အချိန်တွင် အခမ်းအနား ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

27-2-2020 sgg 01227-2-2020 sgg 01327-2-2020 sgg 01427-2-2020 sgg 01527-2-2020 sgg 01627-2-2020 sgg 01727-2-2020 sgg 01827-2-2020 sgg 01927-2-2020 sgg 02027-2-2020 sgg 02127-2-2020 sgg 022

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon