စစ်ကိုင်းမြို့၌ ကျင်းပပြုလုပ်သည့် PEACE EVENT 2020 Sagaing University ပွဲတော်အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်

စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာသောဘိတ ဉီးဆောင်၍ (၂၇.၂.၂၀၂၀)ရက်နေ့ နံနက် (၀၈၀၀)နာရီအချိန်တွင် စစ်ကိုင်း တက္ကသိုလ်အတွင်း ကျင်းပပြုလုပ်သည့် PEACE EVENT 2020 Sagaing University အခမ်းအနားသို့ စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာသောဘိတ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များဖြစ်သော လူမှုရေးဝန်ကြီး၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်/ ကောလိပ် အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ စစ်ကိုင်းတက္ကသိုလ် စီမံခန့်ခွဲရေး အဖွဲ့၊ ကျောင်းသား/သူများနှင့် ဆရာ/မများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာသောဘိတမှ PEACE EVENT 2020 ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းမြွက်ကြားခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ အမှာစကား ပြောကြားပြီးနောက် ငြိမ်းချမ်းရေး အထိမ်းအမှတ် ချိုးငှက်များနှင့် မိုးပျံပူပေါင်းများ လွှတ်တင်ခြင်းတို့ကို ပြုလုပ်ပြီး PEACE EVENT 2020 အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခြင်းနှင့် ငြိမ်းချမ်းရေး လမ်းလျှောက် ချီတက်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

 

ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်မှ အမှာစကား ပြောကြားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သော ခံယူချက်များအပေါ် စစ်ကိုင်းတက္ကသိုလ် ကျောင်းသား(၁)ဉီးနှင့် ကျောင်းသူ(၁)ဉီးတို့မှ တင်ပြဆွေးနွေးခဲ့ကြကာ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေ ခဲ့ကြကြောင်းသတင်း ရရှိပါသည်။

27-2-2020 sgg 00127-2-2020 sgg 00227-2-2020 sgg 00327-2-2020 sgg 00427-2-2020 sgg 00527-2-2020 sgg 00627-2-2020 sgg 00727-2-2020 sgg 00827-2-2020 sgg 00927-2-2020 sgg 01027-2-2020 sgg 011