ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၄.၂.၂၀၂၀)ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် နှစ်(၇၀၀)ပြည့် ဖူဆယ်အားကစားရုံ၊ စစ်ကိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ခရိုင်များမှ အားကစားသမားများနှင့် အသင်းခေါင်းဆောင် နည်းပြများ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်းနှင့် အားကစားပြိုင်ပွဲများအား ပွဲစဉ်အလိုက် ဆက်လက်ကျင်းပခဲ့ရာ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှု့အားပေးခဲ့ပါကြောင်းနှင့် မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ပါကြောင်း သတင်းရရှိပါသည်။

24-2-2020 sgg 00124-2-2020 sgg 00224-2-2020 sgg 00324-2-2020 sgg 00424-2-2020 sgg 00524-2-2020 sgg 00624-2-2020 sgg 007