ကျောင်းဆောင်သစ် ပေးအပ်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တက်ရောက်

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် “ဆင်နင်းဗိုလ်” ကျောင်းဆောင်သစ် ပေးအပ်ပွဲ အခမ်းအနားကို (၂၂.၂.၂၀၂၀) ရက်နေ့ နံနက် (၀၉၀၀) နာရီ အချိန်တွင် အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ကျောင်းဆောင်သစ် အမည်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ကာ အထိမ်းအမှတ် ကဗ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာ ပက်ဖျန်းပေးပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

အခမ်းအနား ဒုတိယပိုင်းအနေဖြင့် ပထမဉီးစွာ သုဗောဓါရုံကျောင်းတိုက် နာယက ဆရာတော်မှ ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ မှတ်သားဖွယ်စကားများ မြွတ်ကြားခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကား ပြောကြားခြင်း၊ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် မှတ်တမ်းများကို ပညာရေးဌာနသို့ ပေးအပ်ခြင်း၊ အထိမ်းအမှတ်အလံများ ပေးအပ်ခြင်း၊ ကျပန်းစကားပြော ပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ကာ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

22-2-2020 sgg 00722-2-2020 sgg 00822-2-2020 sgg 00922-2-2020 sgg 01022-2-2020 sgg 01122-2-2020 sgg 01222-2-2020 sgg 01322-2-2020 sgg 01422-2-2020 sgg 01522-2-2020 sgg 01622-2-2020 sgg 017