စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

မင်းကွန်းဒေသလုံးဆိုင်ရာ သမိုင်းဝင်လေးဌာန ဘုရားပွဲတော်ကြီး အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး တက်ရောက်

စစ်ကိုင်းခရိုင်၊စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး တိပိဋကဓရ သံဃနာယက ဆရာတော်ကြီးများ ဉီးစီး၍ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကမ္ဘာကျော် ရှေးဟောင်းသမိုင်းဝင် လေးဌာနဟု ဆိုအပ်သော ပုထိုးတော်ကြီး၊ ပုံတော်ရာစေတီ၊ စက်တော်ရာစေတီ၊ မြသိန်းတန်စေတီ စေတီ(၄)ဆူတို့ အား(၁၃)ကြိမ်မြောက် သမိုင်းဝင်(၄)ဌာန ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ကျင်းပပူဇော်ရာဝယ် သံဃာတော် အရှင်သူမြတ်များအား ဆွမ်းအစရှိသော ဒါနဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားအား (၂၂.၂.၂၀၂၀) ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပင့်သံဃာဆရာတော်ကြီးများ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့်ဇနီး တိုင်းဒေသကြီး ဉပဒေချုပ်နှင့်ဇနီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကာ ဆရာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ် လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

22-2-2020 sgg 00422-2-2020 sgg 00222-2-2020 sgg 00322-2-2020 sgg 00422-2-2020 sgg 00522-2-2020 sgg 006

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon