ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ် “ငြိမ်းချမ်းရေးပွဲတော် ၂၀၂၀” အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၀” အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

(၂၁-၂-၂၀၂၀)ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဘက်စုံသုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ် “ငြိမ်းချမ်းရေးပွဲတော် ၂၀၂၀” အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအား ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လုပ်ငန်းကော်မတီများ၊ မြန်မာ-ဂျပန်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအဖွဲ့များ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၅)ရက်နှင့် (၆)ရက်နေ့များတွင် စစ်ကိုင်းမြို့၌ “ငြိမ်းချမ်းရေးပွဲတော်၂၀၂၀” အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ကဏ္ဍအလိုက် ဆောင်ရွက်မည့် အစီအမံများအား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ကဏ္ဍအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

21-2-2020 sgg 01721-2-2020 sgg 01821-2-2020 sgg 01921-2-2020 sgg 02021-2-2020 sgg 02121-12-2019 sgg 02221-2-2020 sgg 02321-2-2020 sgg 02421-2-2020 sgg 02521-2-2020 sgg 02621-2-2020 sgg 027