လဟယ်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

လဟယ်မြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ပါဝင်ပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး စိုက်ရာမြို့ဖြစ်ပါသည်။ လဟယ်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၄၃၁၃) ပေတွင် တည်ရှိပါသည်။ လက်ရှိလဟယ်မြို့နေရာတွင် စတင်မြို့တည်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ပညာရေးနှင့် ကျန်းမာရေး တာဝန်ခံ ဗိုလ်မှူးချုပ်သန်းဖေ၊ ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်မှူးချုပ်တီကလစ်တို့ လဟယ်မြို့သို့ ရောက်ရှိခဲ့ပြီး ၎င်းတို့၏ တာဝန်ပေးချက်အရ လဟယ်မြို့နယ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ(၁၃) ကြိမ်မြောက် နလက အစည်းအဝေးမှတ်တမ်း (၁၇)အရ လဟယ်မြို့မှ မြောက်ဘက်(၁၅)မိုင်ခန့်အကွာရှိ အံ့ပေါ်(တိုက်ရံ)လွင်ပြင်သို့ ပြောင်းရွေ့မြို့တည်ခဲ့ကြပြီး အံ့ပေါ်မြို့ဟု ခေါ်ခဲ့ကြသည်။ ၎င်းမြို့တည်ရှိသည့် တိုက်ရံလွင်ပြင်သည် ရာသီဥတုကြမ်းတမ်းသဖြင့် လူအသေအပျောက် များသောကြောင့် ၁၉၆၇-၁၉၆၈ခုနှစ်တွင် အံ့ပေါ်(တိုက်ရံ)လွင်ပြင်မှ မူလလက်ရှိလဟယ်မြို့သို့ ပြောင်းရွှေ့မြို့တည်ခဲ့ကြောင်း သိရှိရပါသည်။ ပီးဂူရွာ (လက်ရှိမြို့မရပ်ကွက်)အား ကျေးရွာစတင်ထူထောင်အုပ်ချုပ်ခဲ့သူ ရွာသူကြီးမှာ အီနွယ်လှဟိုင်ဖြစ်ပြီး ၁၉၅၃ ခုနှစ် ဖဆပလ/ပထစ အစိုးရလက်ထက်တွင် ယင်းသူကြီး အီနွယ်လှဟိုင်၏ ရွာအားအစွဲပြု၍ မြို့တည်ရာတွင် လှဟိုင်မြို့ဟု ခေါ်ဝေါ်ခဲ့ပြီး သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။ လဟယ်မြို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂၂-၇-၁၉၇၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၃၅)ဖြင့် မြို့အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။ လဟယ်မြို့အားပထမဦးဆုံး စတင်အုပ်ချုပ် ခဲ့သောအရာရှိမှာ မစ္စတာကွေးယားဖြစ်ပြီး လဟယ်မြို့နှင့် နန်းယွန်းမြို့နယ်(၂) မြို့နယ်အား ပူးတွဲအုပ်ချုပ်ခဲ့ကြောင်း သိရှိရပါသည်။ ၎င်းနောက် မြန်မာနိုင်ငံအတွင်း စော်ဘွားများအား အုပ်ချုပ်ရေးအာဏာများ အပ်နှင်းရာတွင် ခန္တီးစော်ဘွား ဦးစဝ်မြစိန်မှ တောင်တန်း ဝန်ထောက်အဖြစ် လဟယ်မြို့တွင် တာဝန်ယူခဲ့ပြီး မစ္စတာကွေးယားမှ နန်းယွန်းမြို့နယ်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။ ၎င်းနောက် နယ်ပိုင်ဦးစောရွှေသာမှ လဟယ်မြို့နှင့် နန်းယွန်းမြို့အား ပူးတွဲအုပ်ချုပ်ခဲ့ကြောင်း သိရှိရပါသည်။

 

ပထဝီဝင် အနေအထား         

 

တည်နေရာ၊ အကျယ်အဝန်း

လဟယ်မြို့နယ်သည် မြောက်လတ္တီတွဒ် (၂၅)ဒီဂရီ (၄၅)မိနစ်နှင့် (၂၆)ဒီဂရီ (၄၂)မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၄)မိနစ်နှင့် (၉၅)ဒီဂရီ (၅)မိနစ်အကြားတွင် တည်ရှိပါသည်။ လဟယ်မြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့နယ်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စုများ ဧရိယာ စတုရန်းမိုင်ပေါင်း

မြို့နယ်ဧရိယာ စတုရန်းမိုင်ပေါင်း

လဟယ်

၀.၂၇၁

၀.၆၇၂

၁၂၃၃.၃၂

 

ထန်ပါခွေ

၀.၀၉၆

၀.၂၃၇

၃၂၁.၉၅

မြို့နယ်ချုပ်

၀.၃၆၇

၀.၉၀၉

၁၅၅၅.၂၀

 

နယ်နိမိတ်

လဟယ်မြို့နယ်၏ အရှေ့ဘက်တွင် ခန္တီးမြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် လေရှီးမြို့နယ်၊ မြောက်ဘက်တွင် နန်းယွန်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိပါသည်။

 

မြေမျက်နှာသွင်ပြင်

လဟယ်မြို့နယ်သည် လဟယ်မြို့နယ် အနေအထားမှာ မြေပြန့်လွင်ပြင် အနည်းငယ်ရှိပြီး တောင်စွယ်များ၊ တောင်တန်းများ၊ လျှိုမြောင်များ ကမ်းပါးများပြီး ပင်လယ်ရေမျက်နှာပြင် အထက်ပေ (၄၃၁၃)ပေတွင် မြို့တည်ထားရှိပါသည်။

 

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>Click Here