အရာတော်မြို့၏ ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်းချုပ်

ဒေသသမိုင်းအကျဉ်း

အရာတော်မြို့နယ်တွင် ​‌ခြေတော်ရာ၊ သိမ်တော်၊ ကန်တော်၊ တဲတော်ဟူ၍ တော်(၄)တော်ရှိကြောင်း မှတ်သားရပါသည်။ အရာတော်မြို့နယ် တည်ရှိသည့်နေရာတွင် ရဟန်းတော်ခြေရာဟု ယူဆရသည့် ကျောက်ပြားကြီး တွေ့ရှိရပြီး လူအများက​ ခြေရာတော်အဖြစ် ကိုးကွယ်၍ ''အရတော်'' လေခြင်းဟု ပြောစမှတ်ပြုရာမှ ''အရာတော်'' ဟူ၍ ခေါ်တွင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

အရာတော်မြို့သည်၊ ၁၈၈၅ခုနှစ်မတိုင်မီက အလုံစီရင်စု အလုံမြို့၀န် လက်အောက်၌ ရှိခဲ့ရာ ၁၈၈၅ခုနှစ်၊ နောက်ပိုင်းတွင် အရာတော်မြို့နယ် မြောက်ဘက်ခြမ်းအား ဘုတလင်မြို့နယ် လက်အောက်မှ ကျန်အစိတ်အပိုင်းအား မုံရွာမြို့နယ် လက်အောက်တွင် ထားရှိကာ ၁၉၂၂ခုနှစ် ၊ ရောက်သောအခါမှ သီးခြားမြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ကြောင်း လေ့လာတွေ့ရှိ ရပါသည်။

 

ပထဝီဝင် အနေအထား

 

တည်နေရာအကျယ်အဝန်း

အရာတော်မြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၁၅ မိနစ် မှ ၂၂ဒီဂရီ ၃၀ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၇မိနစ်မှ ၉၅ဒီဂရီ ၄၂ မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၁၉.၄)မိုင်ရှိပြီး တောင်မှမြောက်သို့ (၂၄.၄) မိုင် ရှည်လျားပါသည်။ အရာတော်မြို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

စဉ်

မြို့နယ်အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု

စတုရန်း မိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

အရာတော်မြို့နယ်

၀.၇၂၆

၄၇၁.၇၇၄

၄၇၂.၅၀

 

မြို့ချုပ်

၀.၇၂၆

၄၇၁.၇၇၄

၄၇၂.၅၀

 

နယ်နိမိတ်

အရာတော်မြို့၏ အရှေ့ဘက်တွင် ဝက်လက်မြို့နယ်၊ တောင်ဘက်တွင် မြင်းမူမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မုံရွာမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဘုတလင်မြို့နယ် ဒီပဲယင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိပါသည်။

မြေမျက်နှာသွင်ပြင်

အရာတော်မြို့နယ်၏ မျက်နှာပြင် အနေအထားမှာ အရှေ့မြောက်ဘက်တွင် မြေပြင်သည် အနည်းငယ် ညီညာပြန့်ပြူးပြီး အနောက်တောင်ဘက်တွင် လျှိုမြောင်ချိုင့်ဝှမ်း ထူထပ်ပေါများပါသည်။ မူးမြစ်သည် အရာတော်မြို့နယ်၏ အရှေ့ဘက် ခြမ်းတွင် မြောက်မှတောင်သို့ စီးဆင်းလျက် ရှိပါသည်။

ရေဆင်း

အရာတော်မြို့နယ်အတွင်း မူးမြစ်သည်၊ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ ၎င်းမူးမြစ်မှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။ မူးမြစ်သည် စက်လှေများဖြင့် သွားလာနိုင်သော မြစ်ဖြစ်ပါသည်။

 

ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်

အရာတော်မြို့နယ်၏ ပင်လယ်ရေမျက်နှာပြင် ပျမ်းမျှအမြင့်ပေမှာ (၄၂၅)ပေတွင် တည်ရှိပါသည်။


ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>Click Here