ဒေသသမိုင်း
ဒေသသမိုင်းအကျဉ်း
သက္ကရာဇ်(၁၈၈)ခုနှစ် သီရိဓမ္မာသောကမင်းကြီး လက်ထက်က ၎င်းအရပ်သည် မြေပူအမြင့် အောင်မြင်ခြင်း အဓိပါယ်ဖြစ်၍ ‘မုဌော စေတီ’ကိုတည်ထားကိုးကွယ်ခဲ့ပြီး မြေပူရွာဟု သမုတ်လျှက် ရွာတည်ခဲ့ပါသည်။ သက္ကရာဇ်(၄၃၇) အလောင်းစည်သူမင်းကြီး လက်ထက်တွင် ဧရာ၀တီမြစ်အတိုင်း ဆန်တက်လာရာ မြေပူရွာအရောက် မုဌောစေတီအား ဖူးမြော်ခဲ့ရာ ဗောင်းတော်မြေသို့ ကျသည့် နေရာတွင် ဗောင်းတော်ကျဘုရား တည်ခဲ့ပါသည်။ မုဌောစေတီမှ တေဇောဓာတ် ကွန့်မြူးနေသည်ကို မြင်တွေ့ရသောကြောင့် မုဌောဘုရားအား‘‘တေဇောလူး’ဟူ၍လည်းကောင်း၊ မြေပူရွာကိုလည်း‘‘မြင်တော်မူ’’ ရွာဟူ၍ လည်းကောင်း သမုတ်ခဲ့ပါသည်။ မြင်းမူ အနောက်ဘက်ရှိ ‘‘ရာကောက်တောရကျောင်း’’ ကျောက်စာတွင် မြင်းတို့၏ အကြီးအမှူး အဿထိုရ်မြင်း ကျက်စားရာဖြစ်၍ မြင်းမူရွာဟု ခေါ်တွင်ခဲ့သည် မြန်မာ့စွယ်စုံကျမ်း အတွဲ၉၊ စာမျက်နှာ(၄၆၂)တွင် ထိုရွာသူတို့သည် မြင်သူတကာ မူးလောက်အောင် ချောမောလှပသဖြင့် ‘‘ မြင်မူးရွာ’’ထိုမှတစ်ဆင့် ‘‘မြင်းမူရွာ’’ဟုတွေ့ရပါသည်။
ပထဝီဝင် အနေအထား
တည်နေရာနှင့် အကျယ်အဝန်း
မြင်းမူမြို့နယ်သည် မြောက်လတ္တီတွဒ်၂၁ ဒီဂရီ ၅၂မိနစ်နှင့် ၂၂ ဒီဂရီ ၁၀မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၀မိနစ်နှင့် ၉၅ ဒီဂရီ ၄၂မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့(၁၈.၁၅) မိုင်၊ တောင်မှမြောက်သို့ (၁၆.၅)မိုင် ရှည်လျားပါသည်။ မြင်းမူမြိုနယ်နှင့် မြို့၏ဧရိယာ စတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
စဉ် | မြို့အမည် | မြို့ဧရိယာ စတုရန်းမိုင် | ကျေးရွာအုပ်စု ဧရိယာ စတုရန်းမိုင် | မြို့နယ် ဧရိယာ စတုရန်းမိုင် |
၁ | မြင်းမူမြို့နယ် | ၁.၀၁၄ | ၄.၅၇ | ၅.၅၈ |
နယ်နမိတ်
မြင်းမူမြို့နယ်၏အရှေ့ဘက်တွင် စစ်ကိုင်းမြို့နယ်၊ အနောက်ဘက်တွင် ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်၊ တောင်ဘက်တွင် ငါန်းဇွန်မြို့နယ်နှင့် မြောက်ဘက်တွင် အရာတော်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။
မြေမျက်နှာသွင်ပြင်
မြင်းမူမြို့နယ်သည် အများအားဖြင့် မြေပြန့်လွင်ပြင်များဖြစ်ပြီး အနောက်မြောက်ပိုင်းသည် ကုန်းမြင့်လွင်ပြင်များ အနည်းငယ်ရှိပါသည်။
ရေဆင်း
မြင်းမူမြို့နယ်တွင် ဧရာ၀တီမြစ်သည် မြင်းမူမြို့တောင်ဘက် ရေမိုင် အထက်(၃)မိုင်နှင့် အောက်ပိုင်းတွင်(၇)မိုင် စုစုပေါင်း(၁၀)မိုင် မြို့နယ်အတွင်း ဖြတ်စီးပါသည်။ မူးမြစ်သည် မြင်းမူမြို့နယ်အတွင်း (၁၃)မိုင်ခန့် ဖြတ်စီးကာ ဧရာ၀တီအတွင်းသို့ စီး၀င်ပါသည်။ ဧရာ၀တီမြစ်သည် အချိန်မရွေး ရေယာဉ်ကြီးများ သွားလာနိုင်ပြီး မူးမြစ်သည် ရေအနက် ၁ပေခွဲမှ ၂ပေအထိသာ ရှိသဖြင့် နွေရာသီတွင် စက်လှေများ သွားလာနိုင်ခြင်းမရှိပါ။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
မြင်းမူမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂၀၀)နှင့် (၂၅၀)ကြား တည်ရှိပြီး အနောက်မြောက်ပိုင်းသည် ပင်လယ်ပြင်မျက်နှာပြင် အထက်ပေ (၅၀၀)ကျော်တွင် တည်ရှိပါသည်။
ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>Click Here