စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှ မုံရွာမြို့ရှိ ရေယာဉ်လုပ်သားများအား အခြေခံစားသောက်ကုန်ထောက်ပံ့ခြင်း

(၂ဝ၂ဝ)ပြည့်နှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ (၁ဝဝဝ)နာရီအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ(ရ.စ.က)ရုံးခန်းမတွင် COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြေးဆွဲခွင့်ယာယီရပ်ဆိုင်းထားသော ရေယာဉ်များမှ ရေယာဉ်လုပ်သားများအတွက် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ(ရ.စ.က)ရန်ပုံငွေမှ ရေယာဉ်လုပ်သား တစ်ဦးလျှင် ကျပ်ငွေ(၂ဝဝဝဝိ/-)နှုန်းနှင့်ညီမျှသော ဆန်၊ ဆီ၊ ပဲ စသော အခြေခံ စားသောက်ကုန်များအား မုံရွာမြို့အခြေစိုက်ပြေးဆွဲလျက်ရှိသော ရေယာဉ်များမှ ရေယာဉ်လုပ်သား (၁၈၉၁)ဦးအတွက် ထောက်ပံ့ပေး အပ်ခဲ့ပါသည်။ ထို့အပြင် ချင်းတွင်းမြစ်တစ်လျှောက်ရှိ(ရ.စ.က)အဖွဲ့များ အားလည်း ၎င်းတို့ဒေသအခြေစိုက်ပြေးဆွဲလျက်ရှိသော ရေယာဉ်လိုင်းများမှ ရေယာဉ်လုပ်သားများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးနိုင်ရေး လမ်းညွှန်ဆောင်ရွက်ပေးခဲ့ပါသည်။

17.11.2020sgg0517.11.2020sgg0617.11.2020sgg0717.11.2020sgg0817.11.2020sgg0917.11.2020sgg10

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon