စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၄/၂၀၂၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၄/၂၀၂၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁.၉.၂၀၂၀ ရက်​နေ့ ၊စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးစီမံ/ဘဏ္ဍာ ဝန်ကြီး ဦးစိုးဦးနှင့် ကော်မတီဝင်(၉)ဦးတို့ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးစီမံ/ဘဏ္ဍာ ဝန်ကြီး ဦးစိုးဦးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် တင်ပြချက်များကို ခြုံငုံသုံးသပ်၍ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဥပဒေကို လိုက်နာရေး၊ ထိရောက်အောင် ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကိုလည်း သက်ရောက်အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။


မည်သူမဆို စားသုံးသူကာကွယ်ရေးဥပဒေကို ချိုးဖောက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၂၀) စီမံခန့်ခွဲရေးနည်းလမ်းအရ ပုဒ်မ-၅၂ (က)သတိပေးခြင်း၊ (ခ)ပြန်လည်ပြင်ဆင်ပေးစေခြင်း၊ (ဂ)အစားထိုးပေးစေခြင်း၊ (ဃ)ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်းအရ စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်တို့အတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါအတိုင်း လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်း အသိပညာပေးခြင်းများ စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အများပြည်သူကို ထိခိုက်နစ်နာစေမည်ဆိုပါက ဥပဒေပါ စီမံခန့်ခွဲမှုပြစ်ဒဏ်များလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းဒေသကြီးအတွင်း စားသုံးသူများအတွက် မနစ်နာစေရေးကို အထူးအလေးထား၍ တိုင်းဒေသကြီးရုံးနှင့်ခရိုင်ရုံးအသီးသီးတို့တွင် တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဦးခင်မောင်လှိုင်က ပြောကြားပါသည်။


၂၀၁၉ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ပြည့်နှစ် ဩဂုတ်လအထိ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(CICC)များမှ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှုအခြေအနေတွင် ကလေးခရိုင်တွင် တိုင်ကြားမှု (၁၆)မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၁၆)မှု၊ ကသာခရိုင်တွင် တိုင်ကြားမှု (၁၆)မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၁၆)မှု၊ ကန့်ဘလူခရိုင်တွင် တိုင်ကြားမှု (၇)မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၇)မှု၊ စစ်ကိုင်းခရိုင်တွင် တိုင်ကြားမှု (၁၈)မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၁၈)မှု၊ မုံရွာခရိုင်တွင် တိုင်ကြားမှု (၁၆)မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၁၆)မှု၊ ယင်းမာပင်ခရိုင်တွင် တိုင်ကြားမှု (၇)မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၇)မှုနှင့် ရွှေဘိုခရိုင်တွင် တိုင်ကြားမှု (၈)မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၈)မှု စုစုပေါင်း တိုင်ကြားမှု (၉၀)မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၉၀)မှုတို့ဖြစ်ပါသည်။

2.9.2020 sggnews012.9.2020 sggnews022.9.2020 sggnews032.9.2020 sggnews04

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon