စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါ၍ (၂၈.၇.၂၀၂၀)ရက်နေ့ နံနက် (၁၁)နာရီက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့မှ ဇူလိုင်လ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးနေသော Agriculture Income Improvement Project(AIIP) စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများအတွက် စတုတ္ထ အကြိမ်မြောက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ တက်ရောက်၍ စီမံကိန်းဧရိယာတွင် ရာသီဥတု ပြောင်းလဲလာမှုကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် သင်တန်းတက်ရောက်လာသည့် စိုက်ပျိုးပညာပေး ဝန်ထမ်းများအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားပြီး အဆိုပါသင်တန်းတွင် တက်ရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းဧရိယာ(ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး)မြို့နယ်များမှ သင်တန်းသား/သူ စုစုပေါင်း (၇၅) ဦးအတွက် ထောက်ပံ့ငွေကျပ်(၃)သိန်းကို တာဝန်ရှိသူထံသို့ ပေးအပ်ခဲ့သည်။


ဆက်လက်ပြီး မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီးစိုက်ပျိုးရေးဓာတ်ခွဲခန်းရုံးသို့ ရောက်ရှိပြီး သီးနှံကာကွယ်ရေးဓာတ်ခွဲခန်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းနှင့် မြေအသုံးချရေးဓာတ်ခွဲခန်းတို့တွင် လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် မုံရွာမြို့နယ် ဇလုပ်စိုက်ပျိုး သုတေသနခြံသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများ၏ အထွေထွေတင်ပြချက်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။


ယင်းနောက် မုံရွာမြို့ ကန်သာယာကန် အနောက်ဘက်ခြမ်းလှပသာယာရေးအတွက် အသစ် ဆောင်ရွက်လျက်ရှိသည့် လေညှင်းခံလျှောက်လမ်း (၈၀၀၀)စတုရန်းပေအရှည် ‌ဆောင်ရွက်နေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများအချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

28.7.2020 srgnews0128.7.2020 srgnews0228.7.2020 srgnews0328.7.2020 srgnews0428.7.2020 srgnews0528.7.2020 srgnews0628.7.2020 srgnews0728.7.2020 srgnews08

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon