စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၆.၇.၂၀၂၀)ရက် နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေး အတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၅.၇.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၇၂၈)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၆.၇.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၁)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၇၂၉)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

6.7.2020 sggnews 01

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon