စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID -19) ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် Face Mask နှင့် PPE ဝတ်စုံများ လှူဒါန်းပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် ဦးဆောင် သောအဖွဲ့သည် (၁.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်သော Coronavirus Disease 2019 (COVID -19) ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် MYANMAR CNMC NICKEL Co,Ltd မှ Face Mask နှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID -19) ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် MYANMAR CNMC NICKEL Co,Ltd မှ ဒေါ်မြတ်စုလွင် ဦးဆောင်သောအဖွဲ့က ငွေကျပ် (၆၁)သိန်းတန်ဘိုးရှိသော Face Mask (၂၀၀၀၀)ခုနှင့် PPE ဝတ်စုံ(၁၀၀)စုံတို့အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးစိုးလွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်တို့မှ လက်ခံရယူခဲ့ကြောင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

1.7.20 sggnews 011.7.20 sggnews 02

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon