စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့စရိတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

(၃၀.၆.၂၀၂၀) ရက်နေ့ နံနက်(၁၁၃၀)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုသော ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၂၀၂၀-၂၀၂၁ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/သမီးများအတွက် တက္ကသိုလ်/ကောလိပ်အဆင့်တွင် တစ်ဦးလျှင်(၁၂၀၀၀ဝိ/-)နှုန်းဖြင့် (၇)ဦးအတွက် ၈၄၀၀၀ဝိ/-၊ အထက်တန်းအဆင့်တွင် တစ်ဦးလျှင်(၉၀၀၀ဝိ/-)နှုန်းဖြင့် (၁၂)ဦးအတွက် ၁၀၈၀၀၀ဝိ/-၊ အလယ်တန်းအဆင့်တွင် တစ်ဦးလျှင်(၇၀၀၀ဝိ/-)နှုန်းဖြင့် (၂၂)ဦးအတွက် ၁၅၄၀၀၀ဝိ/-၊ မူလတန်းအဆင့်တွင် တစ်ဦးလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် (၃၄)ဦးအတွက် ၁၇၀၀၀၀ဝိ/-၊ ပညာသင်ထောက်ပံ့ စရိတ်စုစုပေါင်း (၅၁၆၀၀၀ဝိ/-) ကို ပေးအပ်ချီးမြှင့်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက လက်ခံရယူခဲ့ပါသည်။

30.6.20 sggnews01

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon