Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း (၂၇.၄.၂၀၂၀)နေ့မှ(၂၄.၆.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊အလုပ်ရုံ၊ အလုပ်ဌာန(၇၀၇)ခုအား ပြန်လည် ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၂၅.၆.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၁)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာန စုစုပေါင်း(၇၀၈)ခု ဖွင့်လှစ် လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။