ကျေးလက်ဒေသ ဖွံ့ဖြိုးရေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် မုံရွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်း၊ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်သော မုံရွာမြို့ရှိ နတ်လူထိပ္ပန် တောင်သူနည်းပညာပေးစင်တာ ဆောင်ရွက် ထားရှိမှုများ ပြသခြင်းနှင့် သီးနှံမျိုးစေ့ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးက မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် GAP သီးနှံစတင်ရောင်းချနေမှုတို့အား ရှင်းလင်းဆွေးနွေးခဲ့သည်။

            ဆက်လက်၍ သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က မုံရွာမြို့နယ်အတွင်း IHTDV ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာအတွက် စပါးမျိုးစေ့ ဧက(၂၀)နှင့် ဝါမျိုးစေ့ (၁၀)ဧကတို့အပြင် ဟင်းသီးဟင်းရွက်၊ ဝါ နှင့် ပဲတီစိမ်းတို့ စိုက်ပျိုးသော တောင်သူများထံသို့ သီးနှံမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နမူနာ စိုက်ကွင်းများအားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။

            ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က   မုံရွာမြို့ပေါ်ရှိ အဝေးပြေးကားကြီးကွင်း အဆောက်အဦများ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ကမ်းနားလမ်း အေးသာယာလမ်းဆုံ အား အဖြောင့် ဆောင်ရွက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အ.ထ.က-အမှတ်(၇) ကျောင်းဆောင်သစ်(၁၄၀×၃၀)ပေ၊ အာစီစီ (၃)ထပ် အဆောက်အဦ တည်ဆောက်ပြီးစီးမှုအခြေအနေ နှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်းအတွင်း သုံးထပ် အဆောက်အဦ တည်ဆောက်ပြီးစီးမှုတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအား လှည့်လည် ကြည့်ရှုစစ်ဆေး၍ သက်ဆိုင်ရာလုပ်ငန်းများအလိုက် သတ်မှတ်စံချိန်စံညွှန်း နှင့်အညီအချိန်မှီပြီးစီးရေး တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းညွှန်းမှာကြားခဲ့သည်။

            ယင်းနောက် မုံရွာတက္ကသိုလ်အတွင်း တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ စစ်ဆေးနေသော ဆရာ၊ဆရာမများအား သွားရောက်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့က စားသောက်စရိတ်ချီးမြှင့်ငွေအဖြစ် ဆရာ/ဆရာမ တစ်ဦးလျှင် ငွေကျပ် (၂၀၀၀)နှုန်း ဖြင့် အခြေခံပညာနှင့် အဆင့်မြင့်ပညာမှ ဆရာ/ဆရာမ (၄၉၈၈)ဦးအတွက် (၄)ရက်စာ စုစုပေါင်းချီးမြှင့်ငွေကျပ်(၃၉၉)သိန်းကို ထောက်ပံ့ပေးအပ် ခဲ့ပါသည်။

11.6.2020sgg00111.6.2020sgg00211.6.2020sgg00311.6.2020sgg00411.6.2020sgg00511.6.2020sgg00611.6.2020sgg00711.6.2020sgg00811.6.2020sgg01011.6.2020sgg00911.6.2020sgg011

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon