စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သီတဂူဆရာတော်ဘုရားကြီး၏ စီစဉ်မှုဖြင့် သီရိလင်္ကာနိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံတို့မှ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံမှ စာသင်သား သံဃာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား မန္တလေး(တံတားဉီး) လေဆိပ်၌ ကြိုဆို/ပင့်ဆောင် ခေါ်ယူခြင်း

(၁၆.၅.၂၀၂၀)ရက်နေ့ ညနေ(၁၈၀၀) နာရီအချိန်တွင် သီတဂူဆရာတော်ဘုရားကြီး၏ စီစဉ်မှုဖြင့် သီရိလင်္ကာနိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံမှ စာသင်သား သံဃာတော်(၁၃၀)ပါး၊ သီလရှင်(၁)ပါးနှင့် လူပုဂ္ဂိုလ်(၃၇)ဉီး၊ စုစုပေါင်း(၁၆၈)ပါး/ဉီး တို့အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဉီးစိုးဉီး၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး ဉပဒေချုပ် ဉီးခင်မောင်လှနှင့် အဖွဲ့သည် မန္တလေး(တံတားဉီး) လေဆိပ်၌ ကြိုဆို/ပင့်ဆောင်၍ (၁၇.၅.၂၀၂၀)ရက်နေ့မှ (၆.၆.၂၀၂၀)ရက်နေ့အထိ (၂၁)ရက် စောင့်ရှောက်ကြည့်ရှု့နိုင်ရေး သီတဂူ ဆရာတော် ဘုရားကြီးမှ ပြည့်စုံစွာ စီမံထားရှိသည့် စစ်ကိုင်းတောင်ရိုးရှိ သီတဂူဝိပဿနာ အကယ်ဒမီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့၌ Community Based Facility Quarantine ထားရှိနိုင်ရေး ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့၊ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနတို့မှ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပြီး (၂၁.၅.၂၀၂၀)ရက်နေ့တွင် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် ဓါတ်ခွဲနမူနာများ ရယူ၍ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်သို့ ပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

18-5-2020 sgg 00118-5-2020 sgg 00218-5-2020 sgg 00318-5-2020 sgg 00418-5-2020 sgg 00518-5-2020 sgg 00618-5-2020 sgg 007

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon