စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ မင်းမကုန်းကျေးရွာ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်း

ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ မင်းမကုန်းကျေးရွာ၌ (၁၄.၅.၂၀၂၀)ရက်နေ့၊ နံနက်(၀၇၁၅)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ ဦးမြင့်ကြည်တို့ ဦးဆောင်သော အဖွဲ့သည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ မီးဘေးသင့် အိမ်ထောင်စု(၇)စုအတွက် တစ်အိမ်လျှင် ငွေကျပ်(၁)သိန်း၊ ဆန်(၁)အိတ်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ (၁)ပိဿာ၊ ကုလားပဲဆန် (၅၀)ကျပ်သားတို့ကို ထောက်ပံ့ လှူဒါန်းခဲ့ပါကြောင်းနှင့် တိုင်းဒေသကြီး လွှတ်တော်မှ ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ယင်းမာပင်မြို့ ယာယီဈေးသို့  COVID-19 ညွှန်ကြားချက်များနှင့်အညီ ဈေးရောင်း/ ဈေးဝယ်ပြုလုပ် နေမှုအခြေအနေများအား ကွင်းဆင်း စစ်ဆေး ကြည့်ရှုခဲ့ပါသည်။

14-5-2020 sgg 00114-5-2020 sgg 00214-5-2020 sgg 00314-5-2020 sgg 004