စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံများအား (၁၂.၅.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့် ပြုကြောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၁၁.၅.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၂၈၈)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီး ဖြစ်ကြောင်း၊ (၁၂.၅.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၂၃)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိပြီးဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာန စုစုပေါင်း(၃၁၁)ခု ဖွင့်လှစ် လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

 

စဉ်

စက်ရုံ ၊ အလုပ်ရုံအမည်

ပိုင်ရှင်အမည်

တည်နေရာ

မြသီတာ ခေါက်ဆွဲစက်ရုံ

ဦးဆယ်သောင်း

ပုဂံရပ်၊ စစ်ကိုင်းမြို့

သဇင်ခိုင် ခေါက်ဆွဲစက်ရုံ

ဒေါ်မြင့်မြင့်ခိုင်

ပုဂံရပ်၊ စစ်ကိုင်းမြို့

လမင်း ခေါက်ဆွဲစက်ရုံ

ဦးစိုးပိုင်

ပုဂံရပ်၊ စစ်ကိုင်းမြို့

သိန်းတစ်ရာ ခေါက်ဆွဲစက်ရုံ

ဦးသိန်း

ပုဂံရပ်၊ စစ်ကိုင်းမြို့

Advans အသေးစား ချေးငွေ လုပ်ငန်း

Advans MFI Myanmar

နန်းဦးမြို့သစ်ရပ်၊ စစ်ကိုင်းမြို့

အောင်သပြေခြင်ဆေးခွေလုပ်ငန်း

ဦးဆောင်းအောင်မြင့်

ပါရမီရပ်၊ စစ်ကိုင်းမြို့

စိုး ပဲကြာဇံစက်ရုံ

ဦးအောင်စိုး

မင်းရွာ၊ မုံရွာမြို့

အောင်ပြည့်ဖြိုး ပဲကြာဇံစက်ရုံ

ဦးအောင်ရီ

မင်းရွာ၊ မုံရွာမြို့

ဇေယျ ပဲကြာဇံစက်ရုံ

ဦးအောင်သိန်းထွန်း

မင်းရွာ၊ မုံရွာမြို့

၁၀

ထိပ်တန်း ပဲကြာဇံစက်ရုံ

ဦးဖဲပို

မင်းရွာ၊ မုံရွာမြို့

၁၁

ခေတ်လိုက် ပဲကြာဇံစက်ရုံ

ဦးကြည်လင်

မင်းရွာ၊ မုံရွာမြို့

၁၂

ဆုထူးအောင် ပဲကြာဇံစက်ရုံ

ဦးဖိုးကျော်

မင်းရွာ၊ မုံရွာမြို့

၁၃

ရွှေသီဟ ပဲကြာဇံစက်ရုံ

ဦးဝေဖြိုး

မင်းရွာ၊ မုံရွာမြို့

၁၄

ကံ့ကော်ဦး ပဲကြာဇံစက်ရုံ

ဦးဖိုးဝင်း

မင်းရွာ၊ မုံရွာမြို့

၁၅

မင်းထွေး စက်မှုလက်မှု

ဦးမင်းထွေး

စန္ဒကူးလမ်းနှင့် နွယ်သာကီလမ်း

ထောင့်၊ စက်မှုဇုန်၊ မုံရွာမြို့

၁၆

ဦးထွန်းခင်နှင့်သားများ လယ်ယာ သုံးစက်ကိရိယာ ထုတ်လုပ်ရေး

ဦးဝင်းအောင်

အဝေးပြေးလမ်းနှင့် ၃၉-လမ်း၊ စက်မှုဇုန်၊ မုံရွာမြို့

၁၇

ဦးချစ်သိန်းနှင့်ညီများ (တွင်သံဂဟေ)စက်မှုလက်မှု

ဦးချစ်သိန်း

ဇီဇဝါလမ်းနှင့် ဗိုလ်တေဇ လမ်းထောင့်၊ စက်မှုဇုန်၊ မုံရွာမြို့

၁၈

ချမ်းသာအောင် စက်မှုလက်မှု

ဦးခင်အောင်

လမ်း-၄၀၊ စက်မှုဇုန်၊ မုံရွာမြို့

၁၉

ဝင်းရတနာ စက်မှုလက်မှု

ဦးဇော်မျိုးသက်

စန္ဒကူးလမ်း၊ စက်မှုဇုန်၊ မုံရွာမြို့

၂၀

မြင့်မြတ်ထွန်း စက်မှုလက်မှု

ဦးကျော်မြင့်ဦး

မြတ်လေးလမ်းနှင့် နွယ်သာကီလမ်း

ထောင့် ၊ မုံရွာမြို့

၂၁

ချမ်းဆောင်နှင့်ညီများ စက်မှု

လက်မှု

ဦးချမ်းဆောင်

ဗိုလ်တေဇလမ်းနှင့်(၃၅) လမ်းထောင့်၊ စက်မှုဇုန်၊ မုံရွာမြို့

၂၂

အောင်ကမ္ဘာ စက်မှုလက်မှု

ဦးရန်အောင်ဝင်း

၃၄လမ်း၊စိန်ပန်းနီလမ်းနှင့် နွယ်သာကီလမ်းကြား၊ စက်မှုဇုန်၊ မုံရွာမြို့

၂၃

Peace Brothers Industry(ငြိမ်းချမ်းရေး) အဆင့်မြင့်ဆန် နှင့် သီးနှံကြိတ်ခွဲရေးသုံး စက် ပစ္စည်းများထုတ်လုပ်ရေး

ဦးဝင်းထွဋ်အောင်

အေးရိပ်သာလမ်း၊ စက်မှုဇုန်၊ မုံရွာမြို့