စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာ မီးဘေးသင့် ပြည်သူများသို့ ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးသန်းညွန့်ဝင်း၊ ဘုတလင်မြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်ကျော်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များသည် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာရှိ (၉.၅.၂၀၂၀)ရက်နေ့က မီးဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသော အိမ်ထောင်စု(၅)စုအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သောမီးဘေးသင့် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၁)သိန်းနှုန်းအား သွားရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

11-5-2020 sgg 00111-5-2020 sgg 00211-5-2020 sgg 00311-5-2020 sgg 004