Coronavirus Disease 2019 (COVID -19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား စည်ပင်သာယာရေးဝန်ကြီးမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

(၇.၄.၂၀၂၀)ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ ဦးမြင့်ကြည် ဦးဆောင်သော အဖွဲ့သည် ယင်းမာပင်မြို့နယ်၊ စည်ပင် သာယာရေး ကော်မတီရုံးနှင့် Community Based Facility Quarantine အဖြစ် ထားရှိဆောင်ရွက်မည့် အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းသို့ ရောက်ရှိပြီး လိုအပ်သည့် ဆေးဝါးနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ (၁၃၀၀)နာရီတွင် ပုလဲမြို့သို့ ရောက်ရှိပြီး Community Based Facility Quarantine အဖြစ် ဆောင်ရွက်ထားရှိသော အ.ထ.က(ပုလဲ)၌ ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပြီး တနယ်ကျေးရွာနှင့် ပန်းကျေးရွာများသို့ သွားရောက်ကာ လိုအပ်သည့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ (၁၆၀၀)နာရီတွင် ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံး၌ (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့်အစီအမံများ ဖြည့်စွက် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

7-4-2020 sgg 0017-4-2020 sgg 0027-4-2020 sgg 0037-4-2020 sgg 0047-4-2020 sgg 0057-4-2020 sgg 006

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးသည် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ် ကြည့်ရှု့ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် (၁-၄-၂၀၂၀) ရက်နေ့တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြပ်မတ် ဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းခရိုင် အတွင်းရှိ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ် များသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တို့နှင့် သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် အဖွဲ့နှင့်အတူ Community Based Facility Quarantine အဖြစ်ထားရှိရန် စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်း ပြင်ဆင်ထားရှိမှု အခြေအနေ များနှင့် (၁၄)ရက် ထားရှိ၍ စောင့်ကြပ် ကြည့်ရှု့လျက်ရှိသည့် နေရာများအား သွားရောက်ကြည့်ရှု့ စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် ဆက်လက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များမှ လှူဒါန်းသော Eglove (၁၀၀)ဗူး၊ PPEဝတ်စုံနှင့် Non touch thermometer များကို တာဝန်ရှိသူများသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

1-4-2020 sgg 0011-4-2020 sgg 0021-4-2020 sgg 0031-4-2020 sgg 0041-4-2020 sgg 0051-4-2020 sgg 0061-4-2020 sgg 0071-4-2020 sgg 0081-4-2020 sgg 0091-4-2020 sgg 0101-4-2020 sgg 0111-4-2020 sgg 0121-4-2020 sgg 0131-4-2020 sgg 0141-4-2020 sgg 0151-4-2020 sgg 016

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ရွှေဘိုခရိုင်အတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပြင်ဆင်ထားရှိမှု အခြေအနေတို့အား သွားရောက်ကြည့်ရှု့ စစ်ဆေး

(၃၀.၃.၂၀၂၀)ရက်နေ့ နံနက်(၀၇၃၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌများနှင့်အတူ ခင်ဦး၊ ရေဉီး၊ ဒီပဲယင်း မြို့နယ်များတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားမှုတို့နှင့် စပ်လျဉ်း၍ ရွှေဘို- ခင်ဉီး- ဒီပဲယင်း- ဘုတလင်- မုံရွာလမ်းအတိုင်း မော်တော်ယာဉ်များဖြင့် နံနက်(၇)နာခွဲမှ စတင်ထွက်ခွာခဲ့ပြီး မြို့နယ်အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်များနှင့်အညီ စနစ်တကျ အထူးအလေးထားကာ ပြည်သူပူးပေါင်း ပါဝင်မှုတို့ဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ပြီး ခင်ဉီး၊ ရေဉီး၊ ဒီပဲယင်းတို့ရှိ နေရပ်ပြန် အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်ထားရှိမှုနှင့် လုံခြုံရေး ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုအားပေး စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး ဉပဒေချုပ်၊ စာရင်းစစ်ချုပ်၊ Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီး/ ခရိုင်အဆင့် လုပ်ငန်းကော်မတီဝင် များနှင့်အတူ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းသို့ ပြန်လည် ရောက်ရှိလာသည့် နေရပ်ပြန်များအား ယာယီလက်ခံထားရှိပြီး ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသော မုံရွာမြို့ န္ဒဝန်ရပ်ကွက်ရှိ တန်ဖိုးနည်း အငှားအိမ်ရာသို့ သွားရောက်၍ ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ COVID-19 Isolation Hospital ပြင်ဆင်မှု အခြေအနေများနှင့် ထပ်မံဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

30-3-2020 sgg 02630-3-2020 sgg 02730-3-2020 sgg 02830-3-2020 sgg 02930-3-2020 sgg 03030-3-2020 sgg 03130-3-2020 sgg 03230-3-2020 sgg 03330-3-2020 sgg 03430-3-2020 sgg 035

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးသည် COVID -19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှု့ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြပ်မတ် ဆောင်ရွက်နိုင်ရေးအတွက် မုံရွာခရိုင်အတွင်းရှိ ဘုတလင်၊ အရာတော်၊ ချောင်းဉီးမြို့နယ်များသို့ သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့်အတူ Community Based Facility Quarantine အဖြစ် ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု့ စစ်ဆေးပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များမှ လှူဒါန်းမှုများကို လက်ခံပေးခြင်း၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်လုပ်ငန်း ကော်မတီဝင်များနှင့်အတူ မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ COVID-19 Isolation Hospital အပြီးသတ်တည်ဆောက်နေမှု အခြေအနေနှင့် အဝေးပြေးကားဝင်းအတွင်း ပိုးသတ်ဆေး ဖျန်းခြင်းများကို ကြည့်ရှု့စစ်ဆေးပြီး အရာတော်မြို့ မြို့ဝင်/ထွက်များတွင် fever screening ဆောင်ရွက်နေမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ပြီးနောက် တာဝန်ရှိသူများထံ non touch thermometer ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ Community Based Facility Quarantine ထားရှိရာ လယ်တီ၊ မကျည်းဇောက်၊ ငါးရဟိုးနှင့် ဆိတ်ဖူးကြီး ကျေးရွာတို့ကို လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး အရာတော်မြို့မဈေးအား ဝင်ရောက် စစ်ဆေးခဲ့ပါသည်။

(၃၀.၃.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် ကူးစက်ရောဂါတွေ့ရှိသူ လူနာအမှတ်(၈) သွားလာခဲ့သည့် နေရာဖြစ်သော ယင်းမာပင်ခရိုင်အတွင်းရှိ ရွှေတောင်ဉီးစေတီတော်သို့ သွားရောက်၍ ဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းပြီး လိုအပ်သည်များဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

30-3-2020 sgg 00930-3-2020 sgg 01030-3-2020 sgg 01130-3-2020 sgg 01230-3-2020 sgg 01330-3-2020 sgg 01430-3-2020 sgg 01530-3-2020 sgg 01630-3-2020 sgg 01730-3-2020 sgg 01830-3-2020 sgg 01930-3-2020 sgg 02030-3-2020 sgg 02130-3-2020 sgg 02230-3-2020 sgg 02330-3-2020 sgg 02430-3-2020 sgg 025

Coronavirus Disease 2019 (COVID -19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးမှ ကွင်းဆင်းကြည့်ရှု စစ်ဆေး

(၃၀.၃.၂၀၂၀)ရက်နေ့ (၀၉၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ ဦးမြင့်ကြည် ဦးဆောင်သော အဖွဲ့သည် (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အလုံတိုးဂိတ်၊ ရွှေတောင်ဉီး၊ ဆုတောင်းပြည့်ဘုရားကြီး၊ ကမ်းနားလမ်း၊ ရွှေစည်းခုံဗိမာန်၊ Ocean SuperCenter ၊ ကားလေးကွင်းနှင့် ဘဏ်များသို့ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် (COVID-19)ကော်မတီ အဆင့်ဆင့်တို့မှ ထုတ်ပြန်ပေးသည့် ညွှန်ကြားချက်များနှင့်အညီ (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား လိုက်နာကြစေရေး ဆွေးနွေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

30-3-2020 sgg 00130-3-2020 sgg 00230-3-2020 sgg 00330-3-2020 sgg 00430-3-2020 sgg 00530-3-2020 sgg 00630-3-2020 sgg 00730-3-2020 sgg 008

More Articles...

  1. စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်း ကြည့်ရှုစစ်ဆေး
  2. ရွှေဘိုမြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်သော COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်
  3. စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
  4. Coronavirus Disease 2019 (COVID -19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးမှ ကွင်းဆင်းကြည့်ရှု စစ်ဆေး

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon