မုံရွာ ၊ နိုဝင်ဘာ၃ 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃)ကို နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လူမူစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် တာဝန်ရှိသူများအနေဖြင့် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများသည် ပြည်သူများ၏ အကျိုးကိုဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ပြီး ပြည်သူ့အကျိုးနှင့် ပတ်သက်လာပါက မှန်မှန်ကန်ကန်ပြောဆိုဆက်ဆံကာ ပြည်သူလူထုမှအားကိုးသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်သူများစားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုအပ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင်လည်း စိုက်ပျိုးထားသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရိတ်သိမ်းမှုများတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ၎င်းမြေနေရာများတွင် သီးထပ်စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊တိုင်းဒေသကြီးအနေဖြင့် စားရေရိက္ခာ ဆန်၊ ဆီ၊ ပဲ ဖူလုံမှုရှိသကဲ့သို့ ခရိုင်/ မြို့နယ်များအလိုက်လည်း ဆန်၊ ဆီ၊ ပဲ ဖူလုံမှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးမြှင့်တင်ရေးရန်ပုံငွေများဖြင့်ဆောင်ရွက်နေသည့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်တာဝန်ရှိသူများမှကြိုးပမ်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးရှိ မြို့နယ်/ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများအား စားသုံးဆီများနှင့် အခြေခံစားသောက်ကုန်များအား ဈေးများနှင့်ရပ်ကွက်များအတွင်း ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊ ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည်အသွေးကောင်းမွန်၍ စံချိန်စံညွှန်းမီ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးအောင် တာဝန်ရှိသူများမှ မြေပြင်အထိကွင်းဆင်း ကြပ်မတ်ဆောင်ရွက်ပေးသွားကြရန် လိုအပ်သကဲ့သို့ နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်အခများအား ပြည့်မီစွာ ကောက်ခံရရှိရေး အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ မြို့နယ်များအတွင်း အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှု၊ MSMEs လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက် နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0 02 06 c53587be4e6a3b36ce3168440832d22d7e89b0f7003e28ace26179214e94872f ce29116474f702d9

0 02 06 81ae36e498d87f1602ad3790703af380926735eeac91aea34c559f7aa60378bd 1c715d7068004105

0 02 06 682671fa76ae27737f68437a1558c84173e48b65a371179ecd116fb05b7e1365 bbc5b0927384d649

မုံရွာ ၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၁၀/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားပြီး ပုဂ္ဂလိကလုပ်ငန်းရှင် ကိုယ်စားလှယ်များ၏ တင်ပြချက်၊ လိုအပ်ချက်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး စစ်တမ်းများအရ ခရီးသွားလုပ်ငန်းသည် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှုတွင် ဦးဆောင်နေရာမှ ရပ်တည်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ယခုအချိန်ကာလသည် ခရီးအများဆုံးသွားကြသည့် ကာလဖြစ်ပါ၍ သယ်ယူပို့ဆောင်ရေးကဏ္ဍများအပါအဝင် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ဆောင်ရွက်နိုင်မှသာ မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော် မတီအဖွဲ့ဝင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ခရီးသွားနှင့်ဆက်စပ်သည့် ဌာနဆိုင်ရာများအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၉/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်း အဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ QR Code Vinyl တပ်မည့် Bill Board တပ်ဆင်မည့်လုပ်ငန်းများ၊ လုံခြုံရေး အခြေအနေများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

IMG d3d2abe90f32bb6992ca8b5e981b76a5 V

IMG a1105934c02cca3b73bdd3cbc1920f19 V

IMG 44a3cdee9486d7d411ebb6d05fdafadb V

 

 

မုံရွာ နိုဝင်ဘာ ၁  

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် ၆/၂၀၂၃ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊  တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးငယ်များအပေါ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်းပပျောက်စေရန်နှင့် သင်လျော်ကောင်းမွန်သည့်အလုပ်အကိုင်ရရှိရေး အတွက် သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေးစီမံဆောင်ရွက်ပေးရန်ရည်ရွယ်၍ သက်မွေးပညာသင်တန်းများအားဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/ သူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် နည်းပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သား၍ သင်တန်းမှလေ့ကျင့်သင်ကြားပေးသည့် ပညာရပ်များဖြင့်ဝင်ငွေရရှိမည့် အလုပ်အကိုင်များ ရရှိကာ မိမိတို့ဘဝလုံခြုံမှုအတွက် အထောက်အပံ့ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး သင်ကြားမှုအထောက်အကူပြုအခြေခံပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် ၆/၂၀၂၃ သင်တန်းအား ၅ ရက်ကြာဖွင့်လှစ်၍ ဆပ်ပြာအမျိုးမျိုး ၁၆ မျိုးအား စာတွေ့လက်တွေ့ သင်ကြားသွားမည် ဖြစ်ကာ သင်တန်းသား၊သင်တန်းသူ ၂၀ ဦး တက်ရောက်သွားမည် ဖြစ်ကြောင်းသိရသည်။

0 02 06 c118a3f65049cbc4096efc771d4a9c72d1d8b394bb58110ab238e6b375491061 9c9230d50bc70bd8

0 02 06 b63b55d4530430658f90203aa017f2809261012576bab372625b3269d3d6f8c9 58b253a56f82bd24

မုံရွာ ၊ နိုဝင်ဘာ ၁

(၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ဦးတည်ချက်(၄)ရပ်အား ပေါက်မြောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် ဆောင်ရွက်ရေးတို့အတွက် မျိုးဆက်သစ်လူငယ်များမှ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်များဖြင့် အမျိုးသားရေးတာဝန်များအား ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများအားလုံးမှ တက်ညီလက်ညီပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ကို မြင်တွေ့ရပါကြောင်း၊ ယခုနှစ် (၂၄)ကြိမ်မြောက် ပြိုင်ပွဲကြီးအား ကျင်းပပေးနိုင်ခဲ့သည့်အတွက် မြန်မာရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာတစ်ခု အပါအဝင်ဖြစ်သည့် မြန်မာသုခုမအနုပညာများ၏ ဘာသာရပ်ပေါင်းစုံပြိုင်ပွဲကြီးကို သဘာရင့်၊ ဝါရင့်အနုပညာ ရှင်ကြီးများ၊ ဝါသနာရှင်များ၊ မျိုးဆက်သစ်လူငယ်များနှင့် ပြည်သူများက ဝမ်းသာလို့မဆုံး ရွှင်ပြုံးပျော်ရွှင်စွာဖြင့် ကြိုဆိုအားပေးအားမြောက်ပြုခဲ့ကြပြီး ပူးပေါင်းဝင်ခဲ့ကြသည်ကို မြင်တွေ့ ရသည့်အတွက် ကြည်နူးဝမ်းမြောက်မိပါကြောင်း၊

ပြိုင်ပွဲဝင်များနှင့် အနုပညာရှင် ဆရာကြီး/ဆရာမကြီးများ၊ ပံ့ပိုးသည့်အနုပညာရှင်များ၊ အုပ်ချုပ်သူများအားလုံးအား ချီးကျူးဂုဏ်ပြုပွဲ ဖြစ်သည့်အတွက် ဆုတံဆိပ်များရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် ပြိုင်ပွဲဝင်များကို ဂုဏ်ပြုချီးမြှင့်သွားမှာဖြစ်သလို ဆုများမရရှိခဲ့သော်လည်း ရိုးရာသုခုမအနုပညာများအား လေးလေးစားစားဖြင့် မြတ်နိုးတွယ်တာပြီး တန်ဖိုးထားကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများကိုလည်း မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိအမှတ်ပြုဂုဏ်ယူပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၁၀-၁၅ မဟာဂီတပြိုင်ပွဲတွင် ဆုရရှိသူများ၊ မဟော်သဓာဇာတ်တော်ကြီးနှင့် ရုပ်စုံသဘင်အဖွဲ့လိုက် ဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့်ဆုငွေများအား လည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မြင့်မြင့်အောင်က ၁၀-၁၅ ခေတ်ဟောင်းကာလပေါ်ပြိုင်ပွဲနှင့် ၁၀-၁၅ စောင်းပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့်ဆုငွေများအား ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အရေးပြိုင်ပွဲ၊ ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲများနှင့် အတီးပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသော အနုပညာရှင်များထံ ဂုဏ်ပြုဆုလက်မှတ်နှင့်ဆုငွေများအား လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ဆုများရရှိခဲ့ကြသော ပြိုင်ပွဲဝင်များထံ ဂုဏ်ပြုဆု လက်မှတ်နှင့်ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများရရှိခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

အဆိုပါ (၂၄) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင်ဦးရေပေါင်း (၂၃၈)ဦး ပွဲစဉ်ပေါင်း(၈၈)ပွဲအား ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၀)ဆု၊ ငွေတံဆိပ်(၁၂)ဆု၊ ကြေး တံဆိပ်(၈)ဆု၊ နှစ်သိမ့်ဆု(၂)ဆု၊ စုစုပေါင်း(၃၂)ဆုရရှိခဲ့ပြီး နိုင်ငံတော်အဆင့်တွင် အဆင့်(၅)နေရာတွင် ရရှိခဲ့ကြောင်း သိရသည်။

IMG 5aaafbddfa480a32a2f2347323ead991 V

IMG 533fa0fceb3ec6f4ccb504410144f5b7 V

IMG 9d1506c4c40fa7950c4f603540402e39 V

IMG d8fb0ae5738f307d92ba19c917758bba V 

မုံရွာ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် သက်ရောက်နိုင်မှုအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က အယ်လ် နီညိုဖြစ်ပေါ်သည့် နွေရာသီကာလတွင် ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ရေရှားမှုပြဿနာများနှင့် lကြုံတွေ့လာရခြင်း၊ မုတ်သုံမိုးနည်းလာခြင်း၊ မိုးလေဝသနှင့်ရာသီဥတု အပြောင်းအလဲဖြစ်စဉ်များဖြစ် ပေါ်လေ့ရှိပါကြောင်း၊ မုတ်သုံကာလ တိုတောင်းလာခြင်းကြောင့် အပူချိန်မြင့်မားသည့် နွေရာသီကာလများ ရှည်လျားလာပြီး စိုက်ပျိုးရေ၊ သောက်သုံးရေရှားပါးမှုပြဿနာများ ပေါ်ပေါက်လာနိုင်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ကြိုတင်ပြင်ဆင်မှုများအား ပြုလုပ်ကြရမှာဖြစ်တာကြောင့် အယ်လ်နီညိုဖြစ်စဉ်များအကြောင်း တောင်သူများအား အသိပညာပေးခြင်း၊ စိုက်ပျိုးရေများ ကြိုတင်သိုလှောင်ခြင်း၊ ရေကို အလဟဿမဖြစ်စေဘဲ အလေအလွင့်နည်းနည်းဖြင့် အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲနိုင်ရေးနည်းပညာပေးခြင်း၊ စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်များ ရှာဖွေခြင်း၊ အပူဒဏ်နှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်သည့် သီးနှံမျိုးများပြောင်းလဲစိုက်ပျိုးခြင်း၊ ရာသီဥတုအခြေအနေနှင့် လိုက်လျော ညီထွေဖြစ်မည့် သီးထပ်သီးညှပ်ပုံစံများ ပြောင်းလဲစိုက်ပျိုးရေးတို့အား နည်းပညာပေးခြင်း၊ လက်တွေ့ပြသခြင်းများကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမဖြစ်စေရန်အတွက် ရေ အရင်းအမြစ်စီမံခန့်ခွဲမှုများကိုလည်း စနစ်တကျပြုလုပ်သွားကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ ရှိရင်းစွဲ ရေအရင်းအမြစ်များ အင်အားမပျက်စီးအောင်ထိန်းသိမ်းခြင်း၊ စိုက်ပျိုးရေအား လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံသုံးစွဲခြင်းတို့အပါအဝင် စိုက်ပျိုးရေးအတွက် အသက်သွေးကြော ဖြစ်သည့်ရေကို ရွှေကဲ့သို့ အလားတန်ဖိုးထားကာ အယ်လ်နီညိုရာသီဥတုကာလကို ကျော်ဖြတ်ကြရမှာ ဖြစ်ပါကြောင်း၊ ပြောင်းလဲဖြစ်ပေါ်နေသည့် ရာသီဥတုဖြစ်စဉ်များကို စဉ်ဆက်မပြတ်လေ့လာပြီး အယ်လ်နီညို ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ အပါအဝင် သက်ဆိုင်ရာ ကဏ္ဍများတွင် ထိခိုက်မှုမဖြစ်ပေါ်စေရေး အတွက် မိုးလေဝသဖြစ်စဉ်များကို အစဉ်သတိပြုပြီး မိမိကဏ္ဍအလိုက် ကြိုတင်ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်းဆောင်ရွက်ခြင်းများဖြင့် တိုင်းဒေသကြီး၏စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်မှုမဖြစ်ပေါ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ရာသီဥတု ပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် သက်ရောက်နိုင်မှုအပေါ် ဖြေရှင်း ဆောင်ရွက်မည့် အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်ဦးက ရာသီဥတုပြောင်းလဲမှုကြောင့် တောင်သူများထိခိုက်မှုမရှိစေ ရေး ကြိုတင်ဆောင်ရွက်ထားရှိမှု လုပ်ငန်းအခြေအနေများအား လည်းကောင်း၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ ခရိုင်အတွင်းစိုက်ပျိုးထားရှိသည့် သီးနှံအခြေအနေများ အား လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နုတ်ဆက်အားပေးပြီး စိုက်ပျိုးရေးသုံး ပိုးနှင်ဆေး လက်တွေ့သရုပ်ပြသနေအား ကြည့်ရှုအားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စဉ်ကျေးရွာ တောင်သူ ဦးသောင်းညွှန့် စိုက်ပျိုးထားရှိသည့် မုံရွာရွှေဒဂါး ပဲစဉ်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းပြပွဲသို့ ရောက်ရှိရာ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ ခရိုင်အတွင်း စိုက်ပျိုးထားရှိသည့် ဆောင်းသီးနှံနှင့် ဆက်လက်စိုက်ပျိုးမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်များရရှိရေး၊ စိုက်ပျိုးရေးသွင်းအားစုများ ပြည့်မီစွာရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်အတူ တောင်သူ ဦးသောင်းညွှန့် စိုက်ပျိုးထားရှိသည့် ပဲစဉ်းငုံသီးနှံ ပန်းတိုင်အထွက် နှုန်းရရှိရေး နည်းပညာပေးကွင်းနှင့် ဆင်းရတနာ ၈ နှမ်းစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြင့်မိုရ်ဦး ဝါကြိတ်စက်သို့ ရောက်ရှိရာ စက်ရုံလုပ်ငန်းရှင်မှ ဝါ ကြိတ်ခွဲ ထုတ်လုပ်နေမှု၊ ကုန်ကြမ်းရရှိမှု၊ပြည်တွင်းနှင့်ပြည်ပ‌ေဈးကွက်များသို့တင်ပို့ရောင်းချနေမှု၊ ဝါစေ့ဆီကြိတ်ခွဲထုတ်လုပ်နေမှုများ နှင့် လုပ်ငန်းများတိုးချဲ့လုပ်ကိုင်သွားမည့် အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

IMG 3e0c647f8b24fbd5f8a738286f1e964e V

IMG 5c878d2f5247dd6d63bf4ea9460b76f0 V

IMG 45d1e74234efd5485caf5bf5207a9f82 V

IMG fca46b4d6857c6e84cdf42ab64cb0669 V  

မုံရွာ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောင်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအား ပေးခဲ့ကြသည်။

            ရှေးဦးစွာ စစ်ကိုင်းမြို့၊ ပျူခံရပ်ကွက်ရှိ ရွှေလမင်း ကျောက်စိမ်းအချောထည် အမျိုးမျိုး ရောင်းဝယ်ရေးဆိုင်နှင့် စိန်ကုန်းရပ်ကွက်ရှိ ကျောက်ချောထည်လုပ်ငန်းများသို့  ရောက်ရှိကြရာ ဆိုင်အတွင်းခင်းကျင်းပြသထားသော ကျောက်ချောထည်ပစ္စည်းများ အားလိုက်လံကြည့်ရှုအား ပေးခဲ့ကြပြီး လုပ်ငန်းရှင်များမှ ကျောက်စိမ်းအချောထည် အမျိုးမျိုးထုတ်လုပ်နေမှု အဆင့်ဆင့် အား လိုက်လံရှင်းလင်းပြသကြသည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောက်ချောထည်ထုတ်လုပ်မှုအား ပြည် တွင်း၊ပြည်ပဈေးကွက်များသို့ အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်ရောင်းချသွားရေး၊ ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ကုန်ကြမ်းများရရှိရေးတို့အတွက် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ ထွန်းထွန်း ငွေထည်၊ကြေးထည် ရောင်းဝယ်ရေးဆိုင်သို့ ရောက်ရှိရာ ဆိုင် တာဝန်ခံမှ ငွေထည်၊ကြေးထည်ပစ္စည်းအမျိုးမျိုး ရောင်းချ၊ထုတ်လုပ်နေမှုများအား လိုက်လံရှင်း လင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ငွေထည်၊ကြေးထည် ထုတ်လုပ်နေ မှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ 

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပန်းဘဲ တန်းရပ်ကွက်ရှိ စိုး နို့ဆီထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ ဒိန်ချဉ်နှင့်နှို့ဆီ ထုတ်လုပ်နေမှုများ နှင့် ထုတ်ပိုးနေမှုတို့အား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

IMG 6ca93cf1eec45e56045bf83787d65aa7 V

 

IMG 9bd2863b7a21b0e8e0ab0800a164bde6 V

IMG ace0074f737bca0cf648362926c10902 V

 

 

သတင်း အချက်အလက်