စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျ ရှိစေရေးနှင့် ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီအတုပြုလုပ်ရောင်း ချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
မုံရွာ ၊ စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားအုန်းဆီရောင်းချမှု စနစ်တကျရှိစေရေးနှင့် ဓာတုကုန် ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီအတုပြုလုပ်ရောင်းချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို စက်တင် ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ကုန်ုဈေးနှုန်း တည်ငြိမ်ရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ဆီကုန်သည်အသင်းမှတာဝန်ရှိများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ဆန်၊ဆီဖူလုံမှုရှိပြီး အခြားတိုင်းဒေသကြီးများသို့ ပို့ဆောင်ပေးနေသော တိုင်းဒေသကြီးတစ်ခုဖြစ် သော်လည်း မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားအများစုအတွက် လိုအပ်သည့်စားအုန်း ဆီများအား ပြည်သူလူထုစားသုံးရန်စိစစ်ပြီး မှာယူဆောင်ရွက်လျက်ရှိကာ ရရှိလာသည့်စားအုန်း ဆီများအား ပြည်မြသူများထံသို့ သက်မှတ်ဈေးနှုန်းထက်မကျော်လွန်စေဘဲ မှန်ကန်စွာရောင်းချ ပေးနိင်ရေး စားအုန်းဆီကိုယ်စားလှယ်များ နှင့်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စားအုန်းဆီများအား ခွဲဝေလျာထားပေးသည့်အတိုင်း မှန်မှန်ကန်ကန်နှင့် စားသုံးသူပြည်သူများလက်ဝယ်အရောက် အမြန်ဆုံးအပြည့်အ၀ ရောင်းချပေးသွားကြရန် လိုအပ်ပါကြောင်း၊ စားအုန်းဆီများအား မသမာသူလုပ်ငန်းရှင်များအချို့မှ ဓာတုကုန် ကြမ်းများရောစပ်၍ ပဲဆီ၊နှမ်းဆီ အတုပြုလုပ်ရောင်းချနေမှုများ မရှိစေရေးအတွက် အမျိုးသား ရေးတာဝန်တစ်ရပ်ကဲ့သို့ အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် အခြေခံလူတန်းစားများအတွက် အထောက်အကူပြုစေမည့် တန်ဘိုးသင့်အခြေခံစားသောက်ကုန်များအား အပတ်စဉ်ရောင်းချပေးလျက်ရှိပါကြောင်းနှင့် တာဝန်ရှိသူများမှလည်း လုပ်ငန်းများအပေါ် စေတနာထားပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီလင်းထွဋ်က တိုင်းဒေသကြီးအတွင်းစားအုန်းဆီရောက်ရှိမှုနှင့် ဖြန့်ခွဲခြင်းလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိန်က တိုင်းဒေသကြီးအတွင်း စားအုန်းဆီရောင်းချမှုနှင့် ကြီးကြပ်ဆောင်ရွက်နေမှု လုပ်ငန်းများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များမှ မိမိတို့ဆောင်ရွက်နေသည့် စားအုန်းဆီဝယ်ယူရရှိမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်းအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက စားအုန်းဆီများကို အမှန်တကယ်စားသုံးမည့် ပြည်သူများလက်ဝယ်ရောက်ရှိအောင် ရောင်းချမှု စနစ်တကျရှိရေး၊ ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီ အတုပြုလုပ်ရောင်းချမှုမရှိစေရန် ကြီးကြပ်စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတုကုန်ကြမ်း ရောစပ်၍ စားအုန်းဆီ၊ ပဲဆီ၊နှမ်းဆီအတုပြုများနှင့် ဓာတုကင်းလွတ် စားအုန်းဆီများ ခင်းကျင်း ပြသထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီးဦးစီးမှူး ကဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ရာများအတွင်း သန့်ရှင်း သပ်ရပ်မှု ရှိစေရေး၊ အိမ်ခန်းများစနစ်တကျခွဲဝေချထားရေးနှင့် အဆောက်အဦများကြံ့ ခိုင်မှုရှိစေရေး၊ အိမ်ရာဝန်းလုံခြုံမှုရှိစေရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှုထမ်း အိမ်ရာ ၄ ခန်းတွဲ ၄ ထပ်နှင့် အရာထမ်းအိမ်ရာ ၄ ခန်းတွဲ ၂ ထပ်နှင့် အရာထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် တည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။