မုံရွာ ၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးထုတ်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအသက် သွေးကြောပင် ဖြစ်ပါကြောင်း၊ နိုင်ငံစီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းများပိုမိုရှင်သန်လာစေရန် ချေးငွေရရှိရေး၊ ကုန်ကြမ်းရရှိရေးနှင့် လျှပ်စစ်ရရှိရေး လိုအပ်ချက်များအား ဖြေလျှော့၊ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME များသည် ပြည်သူလူထု၏ အလုပ်အကိုင်အခွင့် အလမ်း များစွာအား ဖန်တီးပေးနိုင်စွမ်းရှိခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲလာစေရေးနှင့် လုပ်သာ ကိုင်သာရှိသည့် စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်လျက်ရှိပါ ကြောင်း၊ မိမိတို့တိုင်းအတွင်းမှ ဆန်၊ ဆီ၊ ပဲအမျိုးမျိုးစသည့် စားသောက် ကုန်များနှင့် အဝတ်အထည်များ၊ အိမ်သုံးနှင့်လူသုံးကုန်များထွက်ရှိရာ ယခုလိုထုတ်ကုန် ပစ္စည်းများအား ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (One Region One Product) အစီအစဉ်ဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ် ပံ့ပိုး ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် စီးပွားလုပ်ငန်းရှင်များအနေဖြင့်လည်း စက်ရုံ၊အလုပ်ရုံများ၏ ကုန်ထုတ်လုပ်ငန်းများအပေါ် မိမိတို့ ဆောင်ရွက်ပေးရန်လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် MSMEs Association of Myanmar (UMFCCI) အတွင်းရေးမှူး ဦးစိုးဟိန်းက MSMEs Development Strategy Implementation Plan ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးက စက်မှုဆိုင်ရာ မှတ်ပုံတင်ရေးကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ၊ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများအားလည်းကောင်း အသီးသီးဆွေးနွေး ပြောကြားကြသည်။ဆက်လက်ပြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ စစ်ကိုင်းစက်မှုဇုန် ဥက္ကဌနှင့် စစ်ကိုင်းစက်မှုဇုန်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ထုတ်ကုန်ပစ္စည်းများနှင့် စက်ရုံ၏လုပ်ငန်း အခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချူပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင် များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ ခင်းကျင်းပြသထားသော စားသောက်ကုန်၊ လျှပ်စစ် ပစ္စည်း၊ ပရိဘောဂပစ္စည်း၊ ပလပ်စတစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊  မွေးမြူရေး ထုတ်ကုန်များနှင့် စိုက်ပျိုးရေးထုတ်ကုန်ပြခန်း စုစုပေါင်း ၆၆ ခန်းအား လိုက်လံကြည့်ရှုကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပတ္တမြား ရပ်ကွက်ရှိ၊ Mingalar Sagaing Market တည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ ဧရိယာစတုရန်း - ၂၄၆၀၀ အကျယ်တွင် ဆိုင်ခန်း ပေါင်း - ၁၀၀ ကျော်ပါဝင်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ ကုန်မာဆိုင်များ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေနေရာများ ဖွင့်လှစ်ရောင်းချသွားမည့် လုပ်ငန်းအခြေအနေ များအား လိုက်လံရှင်းပြသသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက် ရေးလုပ်ငန်းများ၏ အပြီးသတ်လုပ်ငန်းများကို အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရပ်ကွက်နေ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့်  ကုန်ပစ္စည်းများကို ဦးစား ပေးရောင်းချပေးမည့် ဈေးဆိုင်များပါဝင်သည့် ဈေးကြီးဖြစ်ရေးနှင့် ဈေးပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်ရေးကို အမြဲကြပ်မတ် ထိန်းသိမ်းသွားရေးတို့အား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

0-02-06-5af5d71dc65414a5157f993045547f9d80dbc77f3e706fc7079c5dbc14c31552_6ddadeaff1984d12.jpg

0-02-06-babf7aae392b3c37b08069386615ace2602ca78953366c7972346174caf96d71_608dd79b10c1baa6.jpg

 

 

မုံရွာ ၊ စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေးအတွက် ဆဌမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်း အနားကို စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး အရှေ့ဘက် အာရုံခံတန်ဆောင်း လက်ပွားဘုရားဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့်မြို့မိမြို့ဖများ တက် ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စစ်ကိုင်းတောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီး ထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည် ကြသည်။ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူ များက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများထံ အလှူရှင်များက ပုညရှင်သာသနာ့ ဗိမာန်တည်ဆောက်နိုင်ရေးအတွက် အလှူငွေများအသီးသီးပေးအပ် လှူဒါန်း ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ထို့နောက် စစ်ကိုင်းမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဒေါ်ညိုညိုဆွေနှင့် တာဝန်ရှိသူများက ပုညရှင်သာသနာ့ ဗိမာန်တည် ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းလျှောက် ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ဖြည့်စွက် လျှောက်ထားသည်။ ဆက်လက်၍  စစ်ကိုင်းတောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက်တွင် အလျား - ၁၄၉ ပေ၊ အနံ - ၆၃ ပေ၊ အမြင့် - ၅၄ ပေ တိုးချဲ့တည်ဆောက် ပြီး၎င်းအပေါ်၌ အလျား ၁၂၆ ပေ၊ အနံ ၅၄ ပေ၊ အမြင့် ၁၈ ပေရှိ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး  တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ အဆိုပါ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာ သနာ့ဗိမာန်တည်ဆောက်နိုင် ရေးအတွက် ဆဌမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားတွင် အလှူရှင်များမှ စုစုပေါင်း လှူဒါန်းငွေကျပ် - ၅၅၁၇၄၈၆၅၀ (ငါးထောင်ငါးရာတစ်ဆယ် ခုနှစ်သိန်း လေးသောင်းရှစ်ထောင် ခြောက်ရာငါးဆယ်)ကျပ်အား လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာ၊ ချည်မျှင်ရှည်ဝါသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်း ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများအားလုံးတွင် စပါးကိုအဓိကထားပြီး ဆီထွက်သီးနှံအပါအဝင် အခြားသီးနှံများကို သတ်မှတ်စိုက်ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊နွေစပါးတစ်ဧက တင်းတစ်ရာကျော်ထွက်ရှိ ရေးနှင့် အခြားစိုက်ပျိုးသီးနှံများလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုမိမိနှင့်တာဝန်ရှိသူများ လာရောက်မှုမှာ ဒေသခံတောင်သူများ စိုက်ပျိုးလျက် ရှိသည့် ချည်မျှင်ရှည်ဝါ အထွက်နှုန်းကို တစ်ဧကလျှင် ပန်းတိုင်အထွက် ပိသာ ၇၀၀ ထွက်ရှိရေး အတွက် နည်းပညာပေးကွင်းသရုပ်ပြရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးတောင်သူများ အားလိုအပ်သည့် သွင်းအားစုများထည့် သွင်းနိုင်ရေးပံ့ပိုးခြင်းနှင့် နည်းပညာပေးခြင်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများကို ရာသီအချိန်မှီအချိန်ကိုက် သတ်မှတ်ချက်များနှင့် အညီ လျာထားချက်ပြည့်မှီအောင် စိုက်ပျိုး ခြင်းဖြင့် သီးနှံများအထွက်တိုးကာ တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကို အားပေးကူညီလျက်ရှိပါကြောင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး/ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ချည်မျှင်ရှည်ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းပြပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများနှင့်အတူ  တောင်သူ ဒေါ်နှင်းဦး၏ ရွှေတောင်-၁၀၊ ချည်မျှင်ရှည် ၃ ဧက စိုက်ခင်းအတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရွေ့လျားဆိုလာရေဖျန်းစက်ဖြင့် စိုက်ခင်းအတွင်းရေဖျန်း ပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး စားဖိုဆောင်သီးနှံ မိုးငရုပ်စိုက်ခင်း သာမို-၁၁၊ ၃ ဧက အတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုး ရေတင်နေမှုတို့အား ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ Taw Win Myanmar Sanyu Co.,ltd အဆင့်မြင့်ဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံနှင့် တာဝန် ရှိသူများက ဝက်များမွေးမြူထားရှိမှု အခြေအနေများနှင့် မွေးမြူရေးရုံ ၁၂ ရုံ၊ တစ်ရုံလျှင် ဝက်ကောင် ရေ ၆၀၀ ၊ စုစုပေါင်းကောင်ရေ ၇၂၀၀ အား Evaporated စနစ်ဖြင့် မွေးမြူထား ရှိမှုအား  ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ခြံအတွင်းမွေးမြူထားသော CP အမျိုးစား ဝက်များမွေးမြူထားရှိမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

0-02-06-241da96f52aedf9e449be1eabac99862372b14dc6b2077ea83b9f3e25b27b142_b36b73d112d44d3f.jpg

0-02-06-1756323e080b000c0ca3b46120a292614e63c4dbf1cd0c155623b27b1a662e4e_f2327d98590a5a32.jpg

0-02-06-e0abd65bb96ac96f1d82c51f21d9db1e51fda14a1dfcdc4b6c39c0d0f3045d57_727e2f63701d4eb1.jpg

0-02-06-add8e618b513c999e4b1a0855b9fb0c78037e9154a1f132c2da207e9e1d7430e_f7e4b98fa42580b9.jpg

0-02-06-656cb65aabab3c9b3d48a0cfffc08b628629eb6fdaf57a452981b40c18a50c30_e917389a40fe04be.jpg

0-02-06-0a8451376a57328ec3c4799b88f55a64ed72501d33ab35417b649ccc9dbb0cd9_58942031471b6aa8.jpg

 

 

မုံရွာ ၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ၊ဆရာများ၊ အကဲဖြတ်အနုပညာရှင်များနှင့် တိုင်းဒေသကြီးအတွင်းရှိပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက် ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အဆင့်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်း၊ခရိုင်၊မြို့နယ် အသီးသီးမှ မျိုးဆက်သစ်ရွက်ပုံးသီးအနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်ပြီး အရည်အချင်း ရှိသူများကို ရွေးချယ်စုဖွဲ့လေ့ကျင့်ပြီး နိုင်ငံတော်အဆင့်သို့ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ အမျိုး ဘာသာ၊သာသနာနှင့်ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများအား ချစ်မြတ်နိုးစိတ်ဖြင့် အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်လက္ခဏာများ၊ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများအား ဝံသာနုစိတ်ဓာတ်ဖြင့် တစ်မျိုးသားလုံးမှ ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးကြပြီး မျိုးဆက်သစ်လူငယ်များအား ယဉ်ကျေးမှုအမွေအနှစ် အမွေ ပေးကြရန် အလေးအနက်ထားပြောကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရဟန်း ပညာရှိ၊ လူပညာရှိ များနှင့် အနုပညာရှင်များစွာပေါ်ထွန်းခဲ့သော အစဉ်အလာကောင်းရှိခဲ့သည့် တိုင်းဒေသကြီးဖြစ်တာနှင့်အညီ မြန်မာ့သုခုမအနုပညာရပ်များအား အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက် နေရေးအတွက် ဝါရင့်၊သဘာရင့်အနုပညာရှင်ကြီးများမှ အနာဂတ်မျိုးဆက်သစ် လူငယ် မောင်မယ်များအား မိမိတို့ကျွမ်းကျင်တတ်မြောက်ထားသည့် အနုပညာရပ်များကို လက်ဆင့် ကမ်းအမွေပေး၍ မျိုးဆက်သစ်လူငယ်မောင်မယ်များမှလည်း အနုပညာရှင်ကြီးများထံမှ အနုသုခုမပညာရပ်များကို သင်ယူလိုချင်စိတ်အပြည့်အဝဖြင့် မှတ်သားနာခံပြီး အစွမ်းကုန် လေ့ကျင့်ကြိုးစား အားထုတ်သွားကြရန် လိုအပ်ပါကြောင်း၊ အကဲဖြတ်အမှတ်ပေး ဒိုင်လူကြီး များအနေဖြင့်လည်း ပြိုင်ပွဲဝင်များ၏ ပကတိစွမ်းဆောင်နိုင်မှု အရည်အချင်းအား အရှိအတိုင်း သုံးသပ်ရှုမြင်ပြီး မှန်မှန်ကန်ကန်နှင့် တိုင်းဒေသကြီး၏ ကိုယ်စားပြုလက်ရွေးစင်ပြိုင်ပွဲဝင် များအား ရည်ရွယ်ချက်၊မျှော်မှန်းချက်ကောင်းများဖြင့် ရွေးချယ်ပေးသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်၊ အနုပညာရှင် ပန်တျာဦးမြကြည်တို့က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအားဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်း ကျင်းပလျှက်ရှိသော (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင် ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မော်လိုက်ခရိုင်၊ မုံရွာခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင်များမှ အမျိုးသား/အမျိုးသမီး အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အတီး ပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၀ ခရိုင်မှ ပြိုင်ပွဲဝင်အနုပညာရှင် ၃၁၇ ဦး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း  သိရသည်။

0-02-03-d54c02e5535d6f7822c8edc4581c4f1effe6367bec77fd6b5a9ce1be096181fa_803a53d0dc4db4cf.jpg

0-02-03-86eab5615dc93652f831fe97a88704ca1ef49a6dec5802cd416cbcf170d2baef_57d094fb5b80af12.jpg

0-02-03-8b3ceba7af5de518a67247635f9c370c89d2115f59378f5ae55312a69141fa67_bf8c6fe8d781b7f9.jpg

0-02-03-97bbf84b1883c3567b864c0461044b57e14fab7a6bb68186a7473be9cd0a2c95_a4664855aa0ed9b5.jpg

0-02-03-d0d823d49006352906f76d784f63face82a424cd8d20db7b9cd3101b8f656e49_41aa40dbc68dcf19.jpg

0-02-03-72ce1b64a70a6c7f115904dcb202904f2109c40a5ec687408dddec256d9cc18d_547f02c6fa9f20f6.jpg

0-02-03-4fe2801ad744411ab33383975045e26e89e6982bec1aa777e04f50fcd1eb8611_83626bec03fed149.jpg

0-02-03-5d157b86ebad7d46566cedaac30d1a6342d6c5510997e98240d7367d3c2cd6a8_4523e25d22e293a.jpg

 

မုံရွာ ၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ၏ တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် ၅/၂၀၂၃ သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ သင်တန်းခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင် တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် မိသားစုစားဝတ်နေရေးကိစ္စများအတွက် ဝင်ငွေရှာဖွေနိုင်မှု နည်းပါးခြင်းသည် ကလေး အလုပ်သမားများဖြစ်ပေါ်စေသည့် အခြေခံအကြောင်းအရင်းများဖြစ်ပြီး ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်ရာတွင် အလုပ်လုပ်ကိုင်နိုင်သော ကလေးများ လုပ်ငန်းခွင်မှ ဖော်ထုတ်ဖယ်ရှားရုံသက်သက်ဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေအရ အကာ အကွယ်ပေးခြင်း၊ ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ မိသားစုအလိုက်ဝင်ငွေတိုးတက်ရရှိရေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများဆောင်ရွက်ပေးခြင်း၊ဆင်းရဲနွမ်းပါးမှုလျော့ချခြင်းတို့အား အစိုးရနှင့်အရပ်ဘက် လူမှုအဖွဲ့ အစည်းအားလုံးမှ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှကြသာ ကလေးအလုပ်သမားပ ပျောက်ရေးလုပ်ငန်းစဉ် အောင်မြင်မှာဖြစ်ပါကြောင်း၊ ကလေးငယ်များအပေါ် အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေမှုများလျော့နည်းပပျောက်စေရန်နှင့် သင်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေးအတွက် သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် ရည်ရွယ်၍ သက်မွေးပညာသင်တန်းများအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/ သူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် နည်းပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သား၍ သင်တန်းမှလေ့ကျင့်သင်ကြား ပေးသည့် ပညာရပ်များဖြင့်ဝင်ငွေရရှိမည့် အလုပ်အကိုင်များရရှိကာ မိမိတို့ဘဝလုံခြုံမှုအတွက် အထောက်အပံ့ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက် တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး သင်ကြားမှုအထောက်အကူပြု အခြေခံပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။အဆိုပါ Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းအား ရက်သတ္တပတ်အကြာ မုန့်လုပ်နည်း ၂၀ မျိုးအား စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား၊သင် တန်းသူ ၂၅ ဦး တက်ရောက် သွားမည်ဖြစ်သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း ခင်းကျင်းပြသထားသော တန်ဖိုးမြှင့် အစားအစာထုတ်မှုတွင် ကုန်ကြမ်းအဖြစ်အသုံးပြုသော စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများအတွက်စားသုံးရန် စိုက်ပျိုးထားသည့် ဓာတုကင်းလွတ် Home Graden ဟင်းသီးဟင်းရွက်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

0-02-03-19e2abc6d30208740cb7a1edbe458bf602744236fc0c4c6a6b364810fd5fb786_196b33aabee27edc.jpg

0-02-03-9f2a775c4bc5717ebb0b5107e62a4a3ef6160937fcffe4ff62b0df3e70e7abc8_deab1c69da51f841.jpg

0-02-03-82ed3efacc95451c0be3f3cb8c28fac96b234421bd23889eeef6de353b1b8950_fa329ab4c4231722.jpg

0-02-03-303798640e1bb173adc282af60164f7472008e804de93cbb8f48ee158e5e4a97_9476a8805aefa1a.jpg

0-02-03-b34445dc437b42996dceb7c3e82ab03e6e4cc6f264028fc8947d7b138c5f45ee_1e89090cb04ba820.jpg

0-02-03-c888487ba934c0e6613674dfdf85d9f080e7f75fa5363f19aaed0ea816ce1044_25a8c096eb8a6493.jpg

 

မုံရွာ ၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၈/၂၀၂၃ ကို စက်တင် ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ကော်မတီအနေဖြင့် နိုင်ငံတော်မှချမှတ် ထားသည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန် ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရန်နှင့် တိုးတက်များပြားလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်အနေဖြင့်လည်း မိမိလုပ်ငန်းဆောင်ရွက် မည့်မြေနှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား သတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ထားရှိဖို့ရန် လိုအပ်ပါကြောင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်း များကို အားပေးနေသည့်အတွက် ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်ညီပါက တုန့်ဆိုင်းမှုမရှိဘဲ ခွင့်ပြုပေးသွားမှာဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင် များမှလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် လျာထားချက်ပြည့်မီအောင်ဝင်ရောက်ရေး  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းအခြေအနေ များနှင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့် Taw Win Myanmar Sanyu Co.,ltd ကမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့်အညီဝက်မွေးမြူရောင်းချခြင်းလုပ်ငန်း  ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြလာခြင်းနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ ယင်းနောက် Taw Win Myanmar Sanyu Co.,ltd မှ ဦးစန်းယုက ဝက်မွေးမြူ ရောင်းချခြင်းလုပ်ငန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မွေးမြူထုတ်လုပ် ရောင်းချသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက Taw Win Myanmar Sanyu Co.,ltd ၏ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေနှင့်အညီ ဝက်မွေးမြူရောင်းချခြင်းလုပ်ငန်း  ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလာခြင်းနှင့်ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေး သို့တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက် များပေါ်လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြား ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။0-02-03-53ce017ba30b9b826665b81d418837309641999e3cd3f358dff7a12db5f8afff_eb22642845c0f04.jpg

0-02-03-c5c6613404e593f2b08a67af74a3159e6234c5b8474298fdc7b87c6f28015289_692120ed844d2bee.jpg

0-02-03-5dab07ea09f567c457e2a85cc2621e08a636c38e5752771b73da9692323cd5f5_69e66e6c0936f558.jpg

 

မုံရွာ ၊ စက်တင်ဘာ ၁၂ စစ်ကိုင်းတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုံးဆီရောင်းချမှုကြီးကြပ်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဆီကုန်သည်အသင်းမှ ကိုယ်စားလှယ် များနှင့် စက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ခန္တီးခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ဆန်၊ ဆီ၊ ပဲဖူလုံပြီး စိုက်ပျိုးရေးဖြစ်ထွန်းသော ဒေသ၊ကျေးလက်တောရွာ များတွင် စားသုံးဆီဖူလုံသော်လည်း၊ အခြေခံလူတန်းစားအများစု နေထိုင်သည့်မြို့ပြများတွင် ဆီလိုအပ်ချက်ရှိနေဆဲ ဖြစ်ပါကြောင်း၊ ဝန်ထမ်းများနှင့် မြို့ပြနေပြည်သူများအားလုံး လုံလုံ လောက်လောက်ရရှိရေး တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ် ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုန်ဈေးနှုန်းကျတည်ငြိမ်ရေး ကော်မတီဝင်များ၊ ဆီကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်းရှင်များ၊ နာဂဒေသအပါအဝင် ခရိုင် အသီးသီးမှ တာဝန် ရှိသူအားလုံး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုံးဆီများကိုစနစ်တကျ ဖြန့်ဖြူးရောင်းချရေး ဆောင်ရွက်ရန် လျာထားစီမံမှုများအား ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြ ရန်နှင့် အကောင်းဆုံး လုပ်ဆောင်နိုင်မည့်နည်းလမ်းများအားအတည်ပြုပြီး အကောင်အထည် ဖော်ဆောင်ရွက်ကြရန်လိုအပ်ပြီး ပါဝင်သူအားလုံးမှစိတ်စေတနာအပြည့်နှင့် ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံတို့မှ စားအုံးဆီရောက်ရှိမှု၊ ခွဲဝေချထားမှု၊ ဝန်ထမ်းများနှင့်ပြည်သူများအား ဝန်ထုတ်ဝန်ပိုးမရှိစေဘဲ ရောင်းချမည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးဆီကုန်သည်အသင်း မှ ကိုယ်စားလှယ်များမှ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများအခြေအနေများအား အသီးသီး ရှင်းလင်းတင်ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ခန္တီးခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်/မြို့နယ်များအတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ စားအုံးဆီရရှိမှုနှင့် ရောင်းချမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုံးဆီရောင်းချမှု များနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0-02-03-4a1255bc81e384da6f275cd276691560f7a6fee4c82309b8b6586babb943dbbf_d676ddd2f4b6ea4a.jpg

0-02-03-2328fac9fb88daa79a34c339c353f2a789fe27c200c3a1c3e4dddeb2a9bcb4ca_177bf69e9a05c739.jpg

 

သတင်း အချက်အလက်