မုံရွာ ၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများအား မသန်စွမ်းမှုအမျိုးအစားအလိုက် အခွင့်အရေးများရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေ သကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီအား တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာအဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်သကဲ့သို့ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ မူဝါဒများချမှတ်နိုင်ရန်အတွက် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်မှုများအား ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နေရာဒေသအသီးသီးတွင်ရှိကြသည့် မသန်စွမ်းသူများ၏ဘဝ ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် မြှင့်တင်အားပေး ဆောင်ရွက်နေကြသည့်ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်နေကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ နည်းပညာစွမ်းအားကိုအသုံးပြုပြီး မသန်စွမ်းသူများဘ၀ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Click အား ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သီချင်းဆိုပြိုင်ပွဲ၊ ဂိုးဘော ပြိုင်ပွဲ၊ ဘောလုံးကန်ပြိုင်ပွဲ၊ အမြင်အာရုံမသန်စွမ်းပြိုင်ပွဲ၊ ကိုယ်အင်္ဂါမသန်စွမ်း သံလုံးပစ် ပြိုင်ပွဲနှင့် အပ်ချည်ထိုးပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ဒုတိယဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက တတိယဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသ ကြီး ပညာရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးတို့က နှစ်သိမ့်ဆုရရှိကြသူများအား လည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များအား အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မသန်စွမ်းသီချင်းဆိုပြိုင်ပွဲများတွင် ဆုရရှိကြသူများက ဆုရတေးသီချင်းများ ဖြင့် ပြန်လည်သီဆိုဖျော်ဖြေကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20231204 17

20231204 17

20231204 17

20231204 17

20231204 17

20231204 17

20231204 17

20231204 17

20231204 17

20231204 17

သတင်း အချက်အလက်