မုံရွာ ၊ နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် သံဃာတော် အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲ အခမ်းအနားကို နိုဝင်ဘာ လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရာပြည့်ကပ်ကျော်စေတီတော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီး တရားသူချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက် သက်တော်ရှည် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကိုးပါးသီလခံယူဆောက် တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်၊ သံဃာတော်များက ရာပြည်ကပ်ကျော်စေတီတော် မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ မေတ္တာသုတ် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ က လှူဖွယ်ဝထ္တုပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တပညာဝံသ ဆရာတော် ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံတိဌတု ” သုံးကြိမ် ကြိမ်ရွတ် ဆိုဆုတောင်းပြီး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲ အခမ်းအနားကို ရာပြည့်ကပ် ကျော်စေတီတော်မြတ်ကြီးနှင့် အရှေ့ဘက်ကန်သာယာတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တပ်မတော် အရာရှိကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူ ရှင်များနှင့် လုပ်ငန်းရှင်များက သံဃာတော်အပါး ၁၀၀၀ နှင့် သီလရှင်ဆရာလေးများအား ဆွမ်း ဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များမှ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ တစ်ပျော်တစ်ပါး လောင်းလှူနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်း အနားတွင် မုံရွာခရိုင်အတွင်းရှိ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ မုံရွာ မြို့နယ်တို့မှ ဘုန်းတော်ကြီးကျောင်းတိုက်ပေါင်း ၂၅၃ ကျောင်းနှင့် သီလရှင်ကျောင်းတိုက် ၄၀ ကျောင်းတို့ရှိ ဆရာတော်၊သံဃာတော်၊သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

သတင်း အချက်အလက်