မုံရွာ ၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့် အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီး ခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဘဏ္ဍာနှစ်အလိုက်ဝင်ငွေနှင့် အသုံးစရိတ်မျှတမှုရှိအောင်ဝင်ငွေဖြစ်သည့် ရသင့်ရထိုက်သော အခွန်အခများကို ဥပဒေနှင့်အညီ သတ်မှတ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေးအတွက် စီမံဆောင်ရွက်ကြရ မှာဖြစ်ပါကြောင်း၊ လျာထားချက်ပြည့်မီကျော်လွန်သည့် ဌာနအဖွဲ့အစည်းများအနေဖြင့် အရှိန် အဟုန်မပျက် ရသင့်ရထိုက်သည့် အခွန်အခများရရှိရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ် သကဲ့သို့ ပြည့်မီခြင်းမရှိသေးသည့် ဌာနအဖွဲ့အစည်းများအနေဖြင့် လည်းလျာထားချက်ပြည့်မီရေး အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊လျာထားချက်များပြည့်မီစွာ ကောက်ခံရရှိနိုင်ရန်အတွက် ဆောင်ရွက်ရာတွင်  အခွန်ပညာပေးဆောင်ရွက်ခြင်း၊ မိတ်ဘက်ဌာန ဆိုင်ရာအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အခွန်ပေးဆောင်မှု လွယ်ကူအဆင်ပြေအောင် စီမံ ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးမှသာ ပြည်သူအများစုမှ ဥပဒေနှင့်အညီ အခွန်ပေး ဆောင်လာကြမှာ ဖြစ်ပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊စည်းမျဉ်းများအရ ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ် နှိပ်ရောင်းချ၍ ကျသင့်အခွန်ကောက်ခံ၍ ပေးသွင်းခြင်းနှင့် ပုဂ္ဂလိကကျန်းမာရေးစောင့် ရှောက်မှု ပေးသူများ၏ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှရရှိသော ဝင်ငွေများအပေါ် ပင်ရင်းမှနှုတ်ယူပေးသွင်းသည့် အခွန်ကောက်ခံသည့်စနစ် (Withholding Tax System)ဖြင့် ဝင်ငွေခွန်၂%ကို နုတ်ယူပေးသွင်းခြင်းဖြင့် ဥပဒေနှင့်အညီရသင့်ရထိုက်သည့် အခွန်အခများရရှိ ရေးကြိုးစားဆောင်ရွက်သွားရန်မှာ ကြားလိုပါကြောင်း၊ ဌာနများအနေဖြင့် ကောက်ခံရန်သတ် မှတ်ပေးထားသည့် လျာထားချက်များကို ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး၊ အခွန်ငွေ များအားတိမ်းရှောင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုရယူသူများထံမှ အခွန်အခ လွတ်ကင်းလျော့နည်းမှုမရှိစေဘဲ ပြည့်ပြည့်ဝဝကောက်ခံရရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှ အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မိမိတို့ဌာနများအလိုက် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ Power Point ဖြင့် လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်များ၏ ရသင့်ရထိုက်သည့်အခွန်အခများနှင့် ချေးငွေများအပြည့် အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

viber_image_2023-09-29_15-12-36-715.jpg

viber_image_2023-09-29_15-12-37-108.jpg

 

သတင်း အချက်အလက်