မုံရွာ ၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၈/၂၀၂၃ ကို စက်တင် ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ကော်မတီအနေဖြင့် နိုင်ငံတော်မှချမှတ် ထားသည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန် ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရန်နှင့် တိုးတက်များပြားလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်အနေဖြင့်လည်း မိမိလုပ်ငန်းဆောင်ရွက် မည့်မြေနှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား သတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ထားရှိဖို့ရန် လိုအပ်ပါကြောင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်း များကို အားပေးနေသည့်အတွက် ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်ညီပါက တုန့်ဆိုင်းမှုမရှိဘဲ ခွင့်ပြုပေးသွားမှာဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင် များမှလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် လျာထားချက်ပြည့်မီအောင်ဝင်ရောက်ရေး  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းအခြေအနေ များနှင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့် Taw Win Myanmar Sanyu Co.,ltd ကမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့်အညီဝက်မွေးမြူရောင်းချခြင်းလုပ်ငန်း  ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြလာခြင်းနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ ယင်းနောက် Taw Win Myanmar Sanyu Co.,ltd မှ ဦးစန်းယုက ဝက်မွေးမြူ ရောင်းချခြင်းလုပ်ငန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မွေးမြူထုတ်လုပ် ရောင်းချသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက Taw Win Myanmar Sanyu Co.,ltd ၏ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေနှင့်အညီ ဝက်မွေးမြူရောင်းချခြင်းလုပ်ငန်း  ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလာခြင်းနှင့်ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေး သို့တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက် များပေါ်လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြား ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။0-02-03-53ce017ba30b9b826665b81d418837309641999e3cd3f358dff7a12db5f8afff_eb22642845c0f04.jpg

0-02-03-c5c6613404e593f2b08a67af74a3159e6234c5b8474298fdc7b87c6f28015289_692120ed844d2bee.jpg

0-02-03-5dab07ea09f567c457e2a85cc2621e08a636c38e5752771b73da9692323cd5f5_69e66e6c0936f558.jpg

 

သတင်း အချက်အလက်