မုံရွာ စက်တင်ဘာ ၅

အစဉ်အမြဲတိုးတက်နေသည့် နည်းပညာများအား အမီလိုက်နိုင်ရန်နှင့် မိမိတက်သိထား သောပညာရပ်များဖြင့် ဖန်တီးနိုင်သည့် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု ပရောဂျက်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် အရည်အသွေးပြည့်၀ သော IT ပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ဆမအကြိမ် ပရောဂျက်ပြပွဲ အခမ်းအနားကို စက်တင်ဘာ လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမော က္ခချုပ်၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကမ္ဘာသည် IT နည်း ပညာ အားအသုံးချပြီး အသစ်၊အသစ်သောနည်းပညာများအား အပြိုင်အဆိုင် ပြုလုပ်လျှက်ရှိပါ ကြောင်း၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် အစဉ်တစိုက်အားထုတ်ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရန် စက်မှု လက်မှုလုပ်ငန်းများတွင် အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်များအား ပြုစုပျိုး ထောင်ပေးရန် လိုအပ်သကဲ့သို့ အမြော်အမြင်ကြီးမားပြီး၊  စိတ်ကောင်းနှလုံးကောင်းရှိသည့် နိုင်ငံ သူ၊နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ကမ္ဘာ့အဆင့်အတန်းမီ ပညာရေးစနစ်ဖြစ်လာစေရန် သုတေသနလုပ်ငန်းများ၊ ဆန်းသစ်တီထွင်မှုများ၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များအား နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ကျောင်း သူများ၊ ဆရာ၊ဆရာမများအနေဖြင့် အလေးထားကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊

ကမ္ဘာတဝှမ်းမှ တိုင်းပြည်များတွင်လည်း ပြည်သူလူထုအား ဝန်ဆောင်မှုတိုးမြှင့်နိုင် ရေးအတွက် ဒစ်ဂျစ်တယ်စနစ်ဖော်ဆောင်မှုအား အရေးကြီးကဏ္ဍအနေဖြင့် ဦးစားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသားအားလုံးအနေဖြင့်လည်း ဒစ်ဂျစ်တယ် နည်းပညာအား ကျွမ်းကျင်စွာအသုံးပြုတတ်သူများ ဖြစ်လာစေရန်လိုအပ်ပြီး ဆန်းသစ်တီထွင်မှုများအား အမြဲမပြတ်လုပ်ဆောင် သွားကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ အနေဖြင့်လည်း ပူးပေါင်းပါဝင်လုပ်ဆောင်ကြရမှာဖြစ်သည့်အတွက် နိုင်ငံတော်မှ အားထားရသည့် ထူးချွန်ထက် မြက်သော IT လူ့စွမ်းအားအရင်းအမြစ် ပညာရှင်များဖြစ်လာကြစေရန် တိုက်တွန်းပြောကြေား ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပါမောက္ခချုပ်ထံ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်း ကျင်းပြသထားသော ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ကျောင်းသား၊ကျောင်းသူများ ကိုယ်တိုင် တီထွင်ဖန်တီးထားသည့် ပရောဂျက်ပြခန်း ၂၃ ခန်းတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။  ၉.၅_2.jpg

0-02-06-213b34cb9db839face6115a61335dce13ffc718ec92257e1887550dd1e5da8c1_4f1364aa93866bf1.jpg၉.၅_2.jpg၉.၅_3.jpg

တိုင်းဒေသကြီး၊ ပြန်/ဆက်။

သတင်း အချက်အလက်