မုံရွာ ဧပြီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ဧပြီလ(၁၅)ရက်နေ့ သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ ကန်သာယာကျွန်း ပတ်လည်ရှိ လူမှုရေးရာ ဝန်ကြီးဌာနမဏ္ဍပ်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးဌာနမဏ္ဍပ် ၂ နှင့် ၁ မှ ယိမ်းအက လှပျိုဖြူများက အကအလှ များဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင် သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် ၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ(၁၆)ရက်နေ့ သင်္ကြန်အတက်နေ့ နံနက်နေပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိကာ မဏ္ဍပ်များမှ ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြြပီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိ သူများက ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။ အလားတူ ကန်သာယာကျွန်းအနီးရှိ မဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေကြကြောင်း သတင်းရရှိသည်။