မုံရွာ ဧပြီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် ၁၃၈၃-ခုနှစ် (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ(၁၄)ရက်နေ့ သင်္ကြန်အကျနေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ သယံဇာတရေးရာဝန်ကြီးဌာန ပိတောက်ရွှေဝါမဏ္ဍပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၁ နှင့်၂ မဏ္ဍပ်များသို့ ရောက်ရှိကာ မဏ္ဍပ်များမှ ယိမ်းအက လှပျိုဖြူများက အကအလှ များဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှ အဖွဲ့များ၊ ရုပ်ရှင် သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိ သူများက ဂုဏ်ပြုဆုငွေများအသီးသီးချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ(၁၅)ရက်နေ့ သင်္ကြန်အကြတ်နေ့ နံနက် ပိုင်းတွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရေသဘင်မဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ ရုပ်ရှင့်နှင့်ဗီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကာ ယိမ်းအကဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဇနီး၊ တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများက အတာရေများ ပက်ဖျန်း ပေးခဲ့ပြီး ယိမ်းအကလှပျိုဖြူများက အကအလှ များဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြု့ဆုများအသီးသီးချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင်ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။