မုံရွာ ၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာဘိုးဘွားရိပ်သာ၊ ရွှေရောင်ဆည်းဆာဘိုးဘွားရိပ်သာမှ အဘိုး၊အဘွားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ တိုးတက်မှုနှုန်းတိုးပွားလျက်ရှိပြီး အနာဂတ်တွင်တိုးပွားလာမည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများကို တိုးမြှင့်စောင့်ရှောက်နိုင်ရေးသည် အထူးလိုအပ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအား စောင့်ရှောက်မှုပေးရာတွင် ရိပ်သာအခြေပြု သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းအား တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက်အရွယ်အားဖြင့် ကြီးရင့်သော်လည်း ကျန်းမာသန်စွမ်းလျက်ရှိပြီး လူမှုဖွံ့ဖြိုးရေးကို စိတ်ပါဝင်စားသူများဖြင့် ဖွဲ့စည်းထားသည့် သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့(သို့မဟုတ်) လူမှုအားမာန်အဖွဲ့များအား တိုးမြှင့်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဘဏ္ဍာရန်ပုံငွေပေါ်မူတည်၍ အသက်ကိုလျှော့ချပြီး ထောက်ပံ့ပေးသွားနိုင်ရန် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၁၄)တွင် ရေးဆွဲထားရှိပြီးဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် သက်ကြီးရွယ်အိုဦးရေ များပြားလာမှုအပေါ် အမျိုးမျိုးသောကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ အထိရောက်ဆုံးနည်းလမ်းမှာ သက်ကြီးရွယ်အိုများရှိ အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံဗဟုသုတများအား အခြေပြု၍ ၎င်းတို့၏စွမ်းဆောင်ရည်များ မြှင့်တင်ပေးပြီး လူမှုပတ်ဝန်းကျင်တွင် လိုအပ်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင် ပါဝင်စေခြင်းဖြင့် သာယာလှပငြိမ်းချမ်းပြည့်စုံသည့် အနာဂတ်အသစ်တစ်ခု ဖန်တီးပေးရန် ဖြစ်ပါကြောင်း။ 

တိုင်းဒေသကြီးအတွင်း ဌာနအခြေပြုစောင့်ရှောက်နည်းဖြစ်သည့် ဘိုးဘွားရိပ်သာများ ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြကာ ရပ်ရွာအခြေပြု စောင့်ရှောက်နည်းများ တိုးပွားများပြားလာအောင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လူမှုအားမာန်အဖွဲ့များအား ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းပြီး လုပ်ငန်းရပ်များ သွက်လက်မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရ ဘိုးဘွားရိပ်သာ ၉ခုအတွက် ငွေကျပ် - ၃၁၉၂၉၀၀၀(သုံးရာတစ်ဆယ့်ကိုးသိန်းနှစ်သောင်းကိုးထောင်)ကျပ်နှင့် အသက်အကြီးဆုံးအဘိုးထံ ငွေကျပ် - ၃၀၀၀၀ (သုံးသိန်း)ကျပ်အား ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ အသက်ကြီးအဘွားထံ ငွေကျပ် - ၃၀၀၀၀ (သုံးသိန်း)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက မုံရွာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအတွက် တစ်နေ့တာအဟာရ အလှူငွေကျပ် - ၃၁၅၀၀၀ (သုံးသိန်းတစ်သောင်းငါးထောင်)ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ ရွှေရောင်ဆည်းဆာ ဘိုးဘွားရိပ်သာအတွက် တစ်နေ့တာအဟာရ အလှူငွေကျပ် - ၁၇၅၀၀၀ (တစ်သိန်းခုနှစ်သောင်းငါးထောင်)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရာသူကြီးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အခမ်းအနားသို့ တက်ရောက်လာကြသော အဘိုး၊အဘွား ၉၉ ဦးထံ ထောက်ပံ့ငွေနှင့် တိုင်းရင်းဆေးများအား အသီးသီးလက်ရောက်ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများမှ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ မင်္ဂလာဆုတောင်း ” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်ပြီး အဘိုး၊အဘွားများကိုယ်စား မုံရွာဘိုးဘွားရိပ်သာမှ အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသော အဘိုး၊အဘွားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

viber_image_2023-10-02_16-22-14-365.jpg

viber_image_2023-10-02_16-22-14-463.jpg

viber_image_2023-10-02_16-22-14-555.jpg

viber_image_2023-10-02_16-22-14-655.jpg

viber_image_2023-10-02_16-22-14-745.jpg

viber_image_2023-10-02_16-22-14-851.jpg

viber_image_2023-10-02_16-22-15-036.jpg

မုံရွာ ၊ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်း‌ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ဇနီးများ၊ ဆုရရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် (၅၉)နှစ်တာကာလအတွင်း ရဲတပ်ဖွဲ့အားအရည်အသွေးမြင့်မားပြီး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့သလို မျက်မှောက်ခေတ်တွင်လည်း ဒီမိုကရေစီစနစ်ဖြင့်လျော်ညီသည့် ရဲတပ်ဖွဲ့လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် ဖြတ်သန်းလာခဲ့ရသည့် ကာလတစ်လျှောက်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများအပေါ် အောင်မြင်စွာ ကျော်လွှားဖြတ်သန်းပြီး ရရှိခဲ့ရသည့် အတွေ့ ကြုံ များကို သင်ခန်းစာအဖြစ်ရယူပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုသယ်ပိုးကာ တာဝန်များထမ်းဆောင်သွားကြရန် ပြောကြားလိုပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရှိရပြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူလူထု၏ လိုအပ် ချက်များအား ဥပဒေနှင့်အညီ အကူအညီပေးပြီး ပြည်သူလူထုပူးပေါင်းပါဝင်လာသည့် ရဲလုပ်ငန်းစနစ်အားအလေးထား အကောင်အထည်ဖော်ရန်လိုအပ်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ ထိုက်သင့်သောအောင်မြင်မှုတစ်ရပ်ကို ရရှိနိုင်မှာဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ယုံကြည်၊ လေးစား၊ အားကိုးမှု ခံယူရရှိနိုင်ရန်အတွက် “သစ္စာ၊ သမာဓိ၊ သတ္တိ ” ဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦးထိပ်ဆောင်ပုဒ်နှင့်အညီ ကိုက်ညီသူများအဖြစ် ကျင့်ကြံနေထိုင်ကြရန်လည်း လိုအပ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အမိနိုင်ငံတော်နှင့် ရဲတပ်ဖွဲ့အတွက် ပေးအပ်သည့်တာဝန်များအား   ဦးလည်မသုန် ထမ်းရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း၊ တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းရင်း နိုင်ငံတော်အကျိုး၊ ပြည်သူ့ အကျိုးများကို ထမ်းရွက်သည့် စံပြနိုင်ငံ့သားကောင်း ရတနာများအဖြစ် မိသားစုနှင့်အတူ ချမ်းမြေ့ပျော်ရွှင်နိုင်ကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။    

ယင်းနောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏သဝဏ်လွှာအား ဖတ်ကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရဲဗလဘွဲ့ရရှိသူတစ်ဦးနှင့် နယ်မြေလုံခြုံရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့၍ တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းခံရသူ  ၂ တို့အား ဆုများပေး အပ်ချီးမြှင့်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က လုံခြုံရေးဆောင်ရွက်ခဲ့ရာတွင် အထူးကိစ္စရပ်တစ်ရပ်အနေဖြင့် တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းခံရသူ ၂ ဦးအား ရာထူးတပ်ဆင်ခြင်းနှင့် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ ၁ ဦးတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရဲတပ်ဖွဲ့နေ့ Video Click အားကြည့်ရှုအားပေးပြီး ဆုရရဲတပ်ဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ပထမပိုင်းအခမ်းအနား ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၌ ကောက်ကွက် ၂ ကွက်အား အဖွဲ့ ၅ ဖွဲ့ခွဲကာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက်နေပြည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

စမ်းသပ်သန်းခေါင် စာရင်းကောက်ယူမှုအား ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ ၁ ရက် နေ့မှ ၁၅ ရက်နေ့အထိ မုံရွာမြို့နယ်အတွင်းရှိ ရုံးကြီးရပ်ကွက်တွင် ကောက်ကွက် ၂ ကွက်၊ သပြေတော ကျေးရွာတွင် ကောက်ကွက် ၁ ကွက်၊ ကော်လပြကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(တ) ကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(မ)ကျေးရွာတွင် ကောက်ကွက် ၃ ကွက် စုစုပေါင်း ကောက်ကွက် ၁၀ ကွက်ဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

viber_image_2023-10-01_18-17-55-407.jpg

viber_image_2023-10-01_18-17-55-731.jpg

viber_image_2023-10-01_18-17-55-954.jpg

viber_image_2023-10-01_18-17-56-189.jpg

viber_image_2023-10-01_18-17-56-454.jpg

viber_image_2023-10-01_18-17-56-673.jpg

 

မုံရွာ ၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုဈေးကြီးတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းနှင့် အသား၊ငါး၊ကြက်ဥမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအပ်ချုပ်ရေးဦးစီးဌာနရုံးမှ အရာထမ်း၊အမှုထမ်း ဝန်ထမ်းများနှင့် မိသားစုဝင်များအား ဝန်ထမ်းသက်သာချောင်ချီရေးအတွက် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်း သာရပ်ကွက်ရှိ တိပိဋကာလင်္ကာရသာမဏေကျော် ကျောင်းတိုက်ကြီးတွင် ဌာနဆိုင်ရာဝန်ထမ်း များအား တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းတိုက်ကြီးအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ စုပေါင်း၍  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၆ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၃၂၀၀ ဦးကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိပိဋကာလင်္ကာရ သာမဏေကျော် ကျောင်းတိုက်ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ရွှေရတုပညာပါရမီ RC ၂ ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ဘိလပ် မြေအိတ် - ၃၀၀၀ အားဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြပြီး အလျား - ၁၃၀ ပေ၊ အနံ - ၃၀ ပေရှိ ကျောင်းဆောင်သစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး ကာလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

viber_image_2023-09-30_16-49-50-622.jpg

viber_image_2023-09-30_16-49-50-721.jpg

viber_image_2023-09-30_16-49-50-830.jpg

viber_image_2023-09-30_16-49-50-936.jpg

viber_image_2023-09-30_16-49-51-033.jpg

viber_image_2023-09-30_16-49-51-129.jpg

 

မုံရွာ ၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့် အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီး ခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဘဏ္ဍာနှစ်အလိုက်ဝင်ငွေနှင့် အသုံးစရိတ်မျှတမှုရှိအောင်ဝင်ငွေဖြစ်သည့် ရသင့်ရထိုက်သော အခွန်အခများကို ဥပဒေနှင့်အညီ သတ်မှတ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေးအတွက် စီမံဆောင်ရွက်ကြရ မှာဖြစ်ပါကြောင်း၊ လျာထားချက်ပြည့်မီကျော်လွန်သည့် ဌာနအဖွဲ့အစည်းများအနေဖြင့် အရှိန် အဟုန်မပျက် ရသင့်ရထိုက်သည့် အခွန်အခများရရှိရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ် သကဲ့သို့ ပြည့်မီခြင်းမရှိသေးသည့် ဌာနအဖွဲ့အစည်းများအနေဖြင့် လည်းလျာထားချက်ပြည့်မီရေး အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊လျာထားချက်များပြည့်မီစွာ ကောက်ခံရရှိနိုင်ရန်အတွက် ဆောင်ရွက်ရာတွင်  အခွန်ပညာပေးဆောင်ရွက်ခြင်း၊ မိတ်ဘက်ဌာန ဆိုင်ရာအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အခွန်ပေးဆောင်မှု လွယ်ကူအဆင်ပြေအောင် စီမံ ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးမှသာ ပြည်သူအများစုမှ ဥပဒေနှင့်အညီ အခွန်ပေး ဆောင်လာကြမှာ ဖြစ်ပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊စည်းမျဉ်းများအရ ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ် နှိပ်ရောင်းချ၍ ကျသင့်အခွန်ကောက်ခံ၍ ပေးသွင်းခြင်းနှင့် ပုဂ္ဂလိကကျန်းမာရေးစောင့် ရှောက်မှု ပေးသူများ၏ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှရရှိသော ဝင်ငွေများအပေါ် ပင်ရင်းမှနှုတ်ယူပေးသွင်းသည့် အခွန်ကောက်ခံသည့်စနစ် (Withholding Tax System)ဖြင့် ဝင်ငွေခွန်၂%ကို နုတ်ယူပေးသွင်းခြင်းဖြင့် ဥပဒေနှင့်အညီရသင့်ရထိုက်သည့် အခွန်အခများရရှိ ရေးကြိုးစားဆောင်ရွက်သွားရန်မှာ ကြားလိုပါကြောင်း၊ ဌာနများအနေဖြင့် ကောက်ခံရန်သတ် မှတ်ပေးထားသည့် လျာထားချက်များကို ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး၊ အခွန်ငွေ များအားတိမ်းရှောင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုရယူသူများထံမှ အခွန်အခ လွတ်ကင်းလျော့နည်းမှုမရှိစေဘဲ ပြည့်ပြည့်ဝဝကောက်ခံရရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှ အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မိမိတို့ဌာနများအလိုက် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ Power Point ဖြင့် လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်များ၏ ရသင့်ရထိုက်သည့်အခွန်အခများနှင့် ချေးငွေများအပြည့် အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

viber_image_2023-09-29_15-12-36-715.jpg

viber_image_2023-09-29_15-12-37-108.jpg

 

မုံရွာ ၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားအုန်းဆီရောင်းချမှု စနစ်တကျရှိစေရေးနှင့် ဓာတုကုန် ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီအတုပြုလုပ်ရောင်းချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို စက်တင် ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ကုန်ုဈေးနှုန်း တည်ငြိမ်ရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့်  ဆီကုန်သည်အသင်းမှတာဝန်ရှိများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ဆန်၊ဆီဖူလုံမှုရှိပြီး အခြားတိုင်းဒေသကြီးများသို့ ပို့ဆောင်ပေးနေသော တိုင်းဒေသကြီးတစ်ခုဖြစ် သော်လည်း မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားအများစုအတွက် လိုအပ်သည့်စားအုန်း ဆီများအား ပြည်သူလူထုစားသုံးရန်စိစစ်ပြီး မှာယူဆောင်ရွက်လျက်ရှိကာ ရရှိလာသည့်စားအုန်း ဆီများအား ပြည်မြသူများထံသို့ သက်မှတ်ဈေးနှုန်းထက်မကျော်လွန်စေဘဲ မှန်ကန်စွာရောင်းချ ပေးနိင်ရေး စားအုန်းဆီကိုယ်စားလှယ်များ နှင့်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စားအုန်းဆီများအား ခွဲဝေလျာထားပေးသည့်အတိုင်း မှန်မှန်ကန်ကန်နှင့် စားသုံးသူပြည်သူများလက်ဝယ်အရောက် အမြန်ဆုံးအပြည့်အ၀ ရောင်းချပေးသွားကြရန် လိုအပ်ပါကြောင်း၊ စားအုန်းဆီများအား မသမာသူလုပ်ငန်းရှင်များအချို့မှ ဓာတုကုန် ကြမ်းများရောစပ်၍ ပဲဆီ၊နှမ်းဆီ အတုပြုလုပ်ရောင်းချနေမှုများ မရှိစေရေးအတွက် အမျိုးသား ရေးတာဝန်တစ်ရပ်ကဲ့သို့ အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် အခြေခံလူတန်းစားများအတွက် အထောက်အကူပြုစေမည့် တန်ဘိုးသင့်အခြေခံစားသောက်ကုန်များအား အပတ်စဉ်ရောင်းချပေးလျက်ရှိပါကြောင်းနှင့် တာဝန်ရှိသူများမှလည်း လုပ်ငန်းများအပေါ် စေတနာထားပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီလင်းထွဋ်က တိုင်းဒေသကြီးအတွင်းစားအုန်းဆီရောက်ရှိမှုနှင့် ဖြန့်ခွဲခြင်းလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိန်က တိုင်းဒေသကြီးအတွင်း စားအုန်းဆီရောင်းချမှုနှင့် ကြီးကြပ်ဆောင်ရွက်နေမှု လုပ်ငန်းများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များမှ မိမိတို့ဆောင်ရွက်နေသည့် စားအုန်းဆီဝယ်ယူရရှိမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်းအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက စားအုန်းဆီများကို အမှန်တကယ်စားသုံးမည့် ပြည်သူများလက်ဝယ်ရောက်ရှိအောင် ရောင်းချမှု စနစ်တကျရှိရေး၊ ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီ အတုပြုလုပ်ရောင်းချမှုမရှိစေရန် ကြီးကြပ်စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်တင်ပြကြသည်။    

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတုကုန်ကြမ်း ရောစပ်၍ စားအုန်းဆီ၊ ပဲဆီ၊နှမ်းဆီအတုပြုများနှင့် ဓာတုကင်းလွတ် စားအုန်းဆီများ ခင်းကျင်း ပြသထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီးဦးစီးမှူး ကဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ရာများအတွင်း သန့်ရှင်း သပ်ရပ်မှု ရှိစေရေး၊ အိမ်ခန်းများစနစ်တကျခွဲဝေချထားရေးနှင့် အဆောက်အဦများကြံ့ ခိုင်မှုရှိစေရေး၊ အိမ်ရာဝန်းလုံခြုံမှုရှိစေရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှုထမ်း အိမ်ရာ ၄ ခန်းတွဲ ၄ ထပ်နှင့် အရာထမ်းအိမ်ရာ ၄ ခန်းတွဲ ၂ ထပ်နှင့် အရာထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် တည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

viber_image_2023-09-28_19-02-01-926.jpg

viber_image_2023-09-28_19-02-02-224.jpg

 

viber_image_2023-09-28_19-02-02-511.jpg

viber_image_2023-09-28_19-02-02-825.jpg

 

မုံရွာ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားအုန်းဆီရောင်းချမှု စနစ်တကျရှိစေရေးနှင့် ဓာတုကုန် ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီအတုပြုလုပ်ရောင်းချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို စက်တင် ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ကုန်ုဈေးနှုန်း တည်ငြိမ်ရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့်  ဆီကုန်သည်အသင်းမှတာဝန်ရှိများ တက်ရောက်ကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ဆန်၊ဆီဖူလုံမှုရှိပြီး အခြားတိုင်းဒေသကြီးများသို့ ပို့ဆောင်ပေးနေသော တိုင်းဒေ သကြီးတစ်ခုဖြစ် သော်လည်း မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားအများစုအတွက် လိုအပ်သည့်စားအုန်း ဆီများအား ပြည်သူလူထုစားသုံးရန်စိစစ်ပြီး မှာယူဆောင်ရွက်လျက်ရှိကာ ရရှိလာသည့်စားအုန်း ဆီများအား ပြည်သူများထံသို့ သက်မှတ်ဈေးနှုန်းထက်မကျော်လွန်စေဘဲ မှန်ကန်စွာရောင်းချ ပေးနိင်ရေး စားအုန်းဆီကိုယ်စားလှယ်များ နှင့်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြီးကြပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊

တာဝန်ရှိသူများအနေဖြင့် စားအုန်းဆီများအား ခွဲဝေလျာထားပေးသည့်အတိုင်း မှန်မှန် ကန်ကန်နှင့် စားသုံးသူပြည်သူများလက်ဝယ်အရောက် အမြန်ဆုံးအပြည့်အ၀ ရောင်းချပေး သွားကြရန် လိုအပ်ပါကြောင်း၊ စားအုန်းဆီများအား မသမာသူလုပ်ငန်းရှင်များအချို့မှ ဓာတုကုန် ကြမ်းများရောစပ်၍ ပဲဆီ၊နှမ်းဆီ အတုပြုလုပ်ရောင်းချနေမှုများ မရှိစေရေးအတွက် အမျိုးသား ရေးတာဝန်တစ်ရပ်ကဲ့သို့ အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် အခြေခံလူတန်းစားများအတွက် အထောက်အကူပြု စေမည့် တန်ဘိုးသင့်အခြေခံစားသောက်ကုန်များအား အပတ်စဉ်ရောင်းချပေးလျက် ရှိပါကြောင်း နှင့်တာဝန်ရှိသူများမှလည်း လုပ်ငန်းများအပေါ် စေတနာထားပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီလင်းထွဠ်က တိုင်းဒေသကြီးအတွင်း စားအုန်းဆီရောက်ရှိမှုနှင့် ဖြန့်ခွဲခြင်းလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိန်က တိုင်းဒေသကြီးအတွင်း စားအုန်းဆီရောင်းချမှုနှင့် ကြီးကြပ်ဆောင်ရွက်နေမှု လုပ်ငန်းများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဆီကုန်သည်များနှင့် ဆီလုပ် ငန်းရှင်များမှ မိမိတို့ဆောင်ရွက်နေသည့် စားအုန်းဆီဝယ်ယူရရှိမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်း အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စားအုန်းဆီများကို အမှန်တကယ်စားသုံးမည့် ပြည်သူများလက်ဝယ်ရောက်ရှိအောင် ရောင်းချမှု စနစ်တကျရှိရေး၊ ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီ အတုပြုလုပ်ရောင်းချမှုမရှိစေရန် ကြီးကြပ်စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်တင်ပြကြသည်။    

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတုကုန်ကြမ်း ရောစပ်၍ စားအုန်းဆီ၊ ပဲဆီ၊နှမ်းဆီအတုပြုများနှင့် ဓာတုကင်းလွတ် စားအုန်းဆီများ ခင်းကျင်း ပြသထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီးဦးစီးမှူး ကဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ရာများအတွင်း သန့်ရှင်း သပ်ရပ်မှု ရှိစေရေး၊ အိမ်ခန်းများစနစ်တကျခွဲဝေချထားရေးနှင့် အဆောက်အဦများကြံ့ ခိုင်မှုရှိစေရေး၊ အိမ်ရာဝန်းလုံခြုံမှုရှိစေရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။ 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှုထမ်း အိမ်ရာ ၄ ခန်းတွဲ ၄ ထပ်နှင့် အရာထမ်းအိမ်ရာ ၄ ခန်းတွဲ ၂ ထပ်နှင့် အရာထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် တည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။   

သတင်း အချက်အလက်