စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရွှေဘိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်၊ မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့နယ်၊ မြင်ချင်ကျေးရွာ၊ အဆင့်မြင့်လယ်ယာဖော်ဆောင်ခြင်း စီမံကိန်းအတွင်းရှိ တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် မြေသြဇာကြဲပတ်နေမှု၊ သမန်းနိုးနေမှုနှင့် ဓာတ်မြေသြဇာများ လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် အပင်မှအဟာရ ပြည့်ဝစွာစားသုံးနိုင်စေရန်၊ ဓာတ်မြေသြဇာနှင့် သဘာ၀မြေသြဇာတို့ကို တောင်သူများအကျိုးရှိရှိ တွဲဖက်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဓာတ်မြေသြဇာရောစပ်နေမှု သရုပ်ပြသခြင်းအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝက်လက်မြို့၊ ဟံလင်းကျေးရွာရှိ ကမ္ဘာ့အမွေအနှစ် ဟံလင်းပျူမြို့ဟောင်းသို့ရောက်ရှိရာ မြို့ဟောင်းအုတ်ရိုး၊ ပျူလူမျိုးများအသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းများထားသည့် ပြတိုက်နှင့် ပျူလူမျိုးများ အရိုးစု သင်္ချိုင်းနေရာ၊ ကျောက်စာရုံတို့အား ကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးချုပ်က ရှေးဟောင်းအမွေအနှစ်များ မပျက်စီးစေရန်နှင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝက်လက်မြို့၊ မာဃိန္ဒာ ရာမ ပရိယတ္တိစာသင်တိုက်၊ သာသနာ့ဓဇဓမ္မာစရိယ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမာဃ၀ ဆရာတော် ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိများသည် ဝက်လက် မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော အောက်ဆီဂျင် Concentrator များ၊ ၄၀ လီတာ အောက်ဆီဂျင်အိုးများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တာဝန်ရှိသူ များနှင့်အတူ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်း များ၊ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူများနှင့် လူမူရေးအသင်းအဖွဲ့ဝင်များမှ တာဝန်ရှိသူများထံ အောက်ဆီဂျင် Concentrator များ၊ အောက်ဆီဂျင် ၄၀ လီတာအိုးများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝက်လက်မြို့၊ ပြည်သူဆေးရုံသို့ ရောက်ရှိရာ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်၊ နံနက်ပိုင်းတွင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ရေလှောင်တမံ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က သဖန်းဆိပ်ရေလှောင်တမံ အတွင်းသို့ ရေဝင် ရောက်မှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သဖန်းဆိပ်ရေလှောင်တမံအတွင်းသို့ ရေဝင်ရောက်မှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်စည်းပေါင်းစပ် ဆောင်ရွက်ပေးကာ သဖန်းဆိပ် ရေအားလျှပ်စစ်စက်ရုံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးပြီး သဖန်း ဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ရေပိုလွှဲတို့အားကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ သဖန်းဆိပ်ရေလှောင်တမံသည် မြေသားတမံဖြစ်ပြီး ကန်ရေပြည့်ရေသိုလှောင်နိုုင်မှု ပမာဏမှာ -၂၇၉၄၀၀၀ ဧကဖြစ်ရာ လက်ရှိအချိန်တွင် ဝင်ရောက်နေသည့်ရေပမာဏမှာ- ၁၈ သိန်း၊ ၉ သောင်း ဧက ဖြစ်ကာ အဆိုပါ ရေဖြင့် မိုးစပါး- ၄၈၄၀၀၀ ဧကစိုက်ပျိုးလျက်ရှိပြီး နွေစပါးနှင့်အခြားသီးနှံ - ၃၂၀၀၀၀ ဧကကျော် စိုက်ပျိုးသွားမည်ကြောင်း သိရပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့ သီတဂူဗုဒ္ဓ တက္ကသိုလ် သံဃာ့ဆေးရုံ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများ၊ ဆွမ်းဆန်စိမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မြို့နယ်ဆိုင်ရာဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်တင်းစိုးနှင့် သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း တို့က ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာများနှင့် လူမှုရေးအသင်းအဖွဲ့များအား အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် စားသောက် ဖွယ်ရာများအား တာဝန်ရှိသူများထံပေးအပ်ခဲ့ပါသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ မဟာရွှေစည်ကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပြီး ကန့်ဘလူမြို့၊ ကုတင် - ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့မှပေးအပ်သည့် တစ်ရက်လျှင် ၄၀ လီတာဆံ့အိုး - ၁၀၀ ထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံ တည် ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးကာ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကြပါသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မြို့နယ်ဆိုင်ရာဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူးက နယ်မြေအေးချမ်းသာ ယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများနှင့် လူမှုရေးအသင်းအဖွဲ့များအား အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်များသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် စက်တင်ဘာလ(၄)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ထူပါရုံရွှေကျောင်းတိုက်၊ ဓမ္မာရုံတော်ကြီးတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆွမ်းကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ စစ်ကိုင်းမြို့၊ ဇိနောဒယပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိုင်းဒေသကြီး သံဃာ နာယကအဖွဲ့(ရွှေကျင်) အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကာရုဥိက ဆရာတော်ကြီး နှင့်သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆွမ်းကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်း - ၅၂ ကျောင်းနှင့် သီလရှင်ကျောင်း - ၇ ကျောင်းရှိ ရဟန်း၊သံဃာ/သီလရှင် ၁ ပါးလျှင် ဆန် - ၈ ပြီ၊ ဆီ - ၅၀ ကျပ်သားနှင့် ပဲကြာဇံ - ၅၀ ကျပ်သား လှူဒါန်းခဲ့ပြီး စုစုပေါင်း ကာလ တန်ဘိုးငွေကျပ် - ၄၈၂၅၀၀၀ သိန်း (လေးဆယ်ရှစ်သိန်းနှစ်သောင်းငါးထောင်)တိတိ လှူဒါန်းခဲ့ကြောင်း သိရပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း စက်မှုဇုန် ရှိ မြတ်နိုးသူကုမ္ပဏီလီမိတက် သစ်အခြေခံစက်မှုလုပ်ငန်းစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ သစ်ပါးလွှာထုတ်လုပ်ခြင်း၊ အထပ်သားထုတ်လုပ်ခြင်း၊ သစ်ခွဲသားထုတ်လုပ်ခြင်း၊ Finger Jointed Board ထုတ်လုပ်နေမှုလုပ်ငန်းများအား စက်ရုံအတွင်း လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇာမဏီကွန်ပေါင်း ဓာတ်မြေသြဇာစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကွန်ပေါင်းဓာတ်မြေသြဇာ ထုတ်လုပ်နေမှုအား စက်ရုံအတွင်းလိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါစက်ရုံမှ တစ်နှစ်လျှင် ဓာတ်မြေသြဇာမျိုးစုံ တန်ချိန် ၈၀၀၀၀ (ရှစ်သောင်း) ထုတ်လုပ်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သည့် တစ်ရက်လျှက် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး - ၁၀၀ ခန့်ထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံ တည် ဆောက်နေမှုနှင့် အောက်ဆီဂျင်စက်ရုံအဟောင်းတို့အား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခေတ်သစ်ထွန်း ကုမ္ပလီမိတက် မျိုးကြက်ခြံနှင့်သားဖောက်လုပ်ငန်းသို့ ရောက်ရှိရာ တာဝန်ခံမန်နေဂျာမှ မျိုးကြက်နှင့် သားဖောက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညိနိုင်းပေါင်းစပ်ဆောင်ရွက် ပေးကာ မျိုးကြက်ပေါက်များ ကာကွယ်ဆေးထိုးပေးနေမှုနှင့် နယ်များသို့တင်ပို့ရန် ထုတ်ပိုးနေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါ သားဖောက်လုပ်ငန်းမှ တစ်လလျှင် ကြက်ကောင်ပေါက် ၉ သိန်း ကျော် ထုတ်လုပ်ပေးနိုင်ကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ (၅/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မုံရွာမြို့ ပြည်သူ့အားကစားကွင်းများအား ကြည့်ရှုစစ်ဆေး စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ (၅/၂၀၂၁)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၃)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မေမျိုးဇော်က ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေးကာလ တိုးမြှင့်ပေးရန်၊ ရင်းနှီးမြုပ်နှံ မှုဆိုင်ရာလုပ်ငန်းများနှင့် ဥပဒေများအား ရှင်းလင်းတင်ပြကာ အစည်းအဝေးသို့ တက်ရောက် လာကြသော ကော်မတီဝင်များက ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေး တင်ပြခဲ့ကြပါသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေးကာလ တိုးမြှင့်ပေးရန်၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြချက်များအပါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြိး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းသို့ ရောက်ရှိရာ မိုးလုံလေလုံအားကစားခန်းမ၊ ကိုယ်ကာယကြံ့ခိုင်ရေး Gym အား ကစားခန်း၊ ဖူဆယ်အားကစားရုံနှင့် ပြည်သူ့ဘောလုံးကွင်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)သို့ရောက်ရှိရာ ခရာတေး၊ ဂျုဒို ကျောင်းသား၊ကျောင်းသူများလေ့ကျင့်နေမှုအား ကြည့်ရှု့အားပေးပြီး အားကာသိပ္ပံ(မုံရွာ)ဘောလုံးကွင်းနှင့် ကျောင်းသားကျောင်းသူများ စားရိပ်သာ ဆောင်နှင့် အိပ်ဆောင်များအားလှည့်လည်ကြည့်ရှု့စစ်ဆေးပြီး ၁၂၀ ပေ ၄၀ ပေ RC (၁)ထပ် ထမင်းစားခန်းမဆောင်တည်ဆောက်နေမှုအားကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်စိမ်းများဆက်ကပ်လှူဒါန်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၇/၂၀၂၁) တက်ရောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ ရန်ကင်းကျောင်းတိုက်သို့ ရောက်ရှိရာ အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘုန်းစိုးရပ်ကွက်၊ ဇောတိကာရာမကျောင်းတ်ိုက်သို့ ရောက်ရှိရာ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝံသ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှူဘွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းပြီး နန္ဒဝန်ရပ်ကွက်ရှိ၊ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက် ဒွါဒသမတိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တအဘိဇာတာဘိဝံသ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၇/၂၀၂၁)သို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် စစ်ဆေးမှုများ များများပြုလုပ်ပြီး ရောဂါပိုးတွေ့ရှိပါက ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် ကုသဆဲလူနာများအတွက် ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးမှုအနေဖြင့် ကာကွယ်ဆေးများ အမြန် ဖြန့်ဖြူးရန်နှင့် ပြည်သူများအား အမြန်ဆုံးထိုးနှံပေးနိုင်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ထားသော အောက်စီဂျင်စက်ရုံတွင် ဆောင်ရွက်နေသည့်ဝန်ထမ်းများအား လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများအား စေတနာပါပါဖြင့် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။ ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်စွာဝင်းက ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းများတွင် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အောက်ဆီဂျင်များ ပြည့်မီစွာ ရရှိစေနိုင်ရေး လုပ်ငန်းများအား တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းမျာဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်းနှင့် မြင်းမူမြို့၊ ကမ်းနားလမ်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ (၃၁)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပသော အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်ခြင်းသရုပ်ပြသပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက Truntable Ladder လှေကားတင်မီးငြှ်ိမ်းသတ်ယာဉ်နှင့် Luf 60 အဝေးထိန်းစနစ်သုံး မီးငြှိမ်းသတ်စက်များဖြင့် မီးငြှိမ်းသတ်နေမှုသရုပ်ပြသခြင်း၊ သဘာ၀ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ် ရေပြင်/မြေပြင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများအသုံးပြုခြင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မီးလောင်မှုများဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးယာဉ်များတွင် တပ်ဆင်ထားသော Camera များမှတဆင့် ညွှန်ကြားကွပ်ကဲနိုင်သည့် Command & Control Center တို့အား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဠ်ဦး က လိုက်လံရှင်းလင်းပြသပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်း မြစ်အတွင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက Speed Boat များဖြင့် ရေပြင် မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသနေမှုတို့အား ကြည့်ရှုအားပေးကာ ရေကြီးရေလျံမှုများ ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးအတွက် ပြင်ဆင်ထားရှိသော Speed Boat များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ်ရိုးတာဘောင် - ၁၀ ပေါက်တွဲ ရေထိန်းတံခါးကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းပြီး မြင်းမူမြို့ ဧရာဝတီမြစ်ကမ်းနားလမ်း ရေတိုက်စားခံရမှုကြောင့် အောက်ခြေမြေသား အရှည်ပေ - ၁၀၀ ခန့်၊ အကျယ် - ၈ -ပေခန့်၊ ဧရာဝတီမြစ်အတွင်းသို့ ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ အရေးပေါ်ကမ်းထိန်းကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ပြိုကျပျက်စီးခဲ့သည့်ရေထိန်းတာရိုးအား အချိန်မီပြုပြင် ပြီးစီးရေး လုပ်ငန်းများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။